ရခိုင်ပြည်နယ် တရားလွှတ်တော်

ရခိုင်ပြည်နယ်တရားလွှတ်တော် သည် ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၅)ရုံး၊ မြို့နယ်တရားရုံး (၁၇)ရုံးရှိသည်။

ရခိုင်ပြည်နယ်တရားလွှတ်တော်
High Court of the Rakhine State
နိုင်ငံမြန်မာနိုင်ငံ
တည်နေရာစစ်တွေမြို့
လုပ်ပိုင်ခွင့်ပြုခြင်းဖွဲ့စည်းပုံအခြေခံဥပဒေ
ရာထူးနေရာ
ဝက်ဘ်ဆိုဒ်rakhine.hc.gov.mm
တရားသူကြီးချုပ်
လက်ရှိဒေါ် မြအေး
စတင်တာဝန်ထမ်းဆောင်၂၈ နိုဝင်ဘာ ၂၀၁၉

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ရခိုင်ပြည်နယ်တရားရုံးကို ရခိုင်ပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

တည်နေရာ ပြင်ဆင်ရန်

ရခိုင်ပြည်နယ်တရားလွှတ်တော်သည် စစ်တွေမြို့တွင် တည်ရှိသည်။

တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁ မှ လက်ရှိ) ပြင်ဆင်ရန်

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ရခိုင်ပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၅)ရုံး၊ မြို့နယ်တရားရုံး (၁၇)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၂]

ခရိုင်တရားရုံးများ ပြင်ဆင်ရန်

  • စစ်တွေခရိုင်တရားရုံး
  • ကျောက်ဖြူခရိုင်တရားရုံး
  • သံတွဲခရိုင်တရားရုံး
  • မောင်တောခရိုင်တရားရုံး
  • မြောက်ဦးခရိုင်တရားရုံး

မြို့နယ်တရားရုံးများ ပြင်ဆင်ရန်

  • စစ်တွေမြို့နယ်တရားရုံး
  • ပုဏ္ဏားကျွန်းမြို့နယ်တရားရုံး
  • ပေါက်တောမြို့နယ်တရားရုံး
  • ရသေ့တောင်မြို့နယ်တရားရုံး
  • ကျောက်ဖြူမြို့နယ်တရားရုံး
  • ရမ်းဗြဲမြို့နယ်တရားရုံး
  • မာန်အောင်မြို့နယ်တရားရုံး
  • အမ်းမြို့နယ်တရားရုံး
  • သံတွဲမြို့နယ်တရားရုံး
  • တောင်ကုတ်မြို့နယ်တရားရုံး
  • ဂွမြို့နယ်တရားရုံး
  • မောင်တောမြို့နယ်တရားရုံး
  • ဘူးသီးတောင်မြို့နယ်တရားရုံး
  • မြောက်ဦးမြို့နယ်တရားရုံး
  • ကျောက်တော်မြို့နယ်တရားရုံး
  • မင်းပြားမြို့နယ်တရားရုံး
  • မြေပုံမြို့နယ်တရားရုံး

တရားသူကြီးများ ပြင်ဆင်ရန်

၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. တရားရုံးနှစ်စဉ်အစီရင်ခံစာများရခိုင်ပြည်နယ်တရားလွှတ်တော်။ ၈ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ရခိုင်ပြည်နယ်တရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ