မြိတ်လူမျိုး

မြန်မာနိုင်ငံ၏ တရားဝင် ဗမာတိုင်းရင်းသားမျိုးနွယ်စု

မြိတ်လူမျိုးများသည် မြန်မာနိုင်ငံ အောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၏ တောင်ဘက်အစွန်ဆုံးဖြစ်သော ပင်လယ်ကမ်းခြေဒေသ (မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်)တွင် နေထိုင်ကြသည်။ မြိတ်ခရိုင်အတွင်းတွင် ကမ်းရိုးတန်းတစ်လျှောက် စုလျက်ရှိသော မြိတ်ကျွန်းစုခေါ် ကျွန်းငယ်ကလေးပေါင်း ရှစ်ရာကျော် ပါဝင်သည်။ မြိတ်လူမျိုးများသည် မြန်မာဘာသာကို အဓိကထား၍ သုံးစွဲကြသော်လည်း အသံထွက်ပုံမှာ ရိုးရိုးမြန်မာတို့ နားမလည်နိုင်အောင်ပင် ကွဲပြားခြားနားလေသည်။မြိတ်လူမျိုးများသည် ပြည်မနေ မြန်မာလူမျိုးများကဆင်းသက်လာကြသည်။

မြိတ်လူမျိုးများသည် ကြက်ပေါင်စေးလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်ကြသည်။ သတ္တုတွင်းတူးခြင်း၊ ငါးပိငါးခြောက်လုပ်ခြင်း၊ ကွမ်းသီးပင်စိုက်ခြင်း၊ ပင်လယ်ငှက်သိုက် ရှာဖွေခြင်းနှင့် ပုလဲငုပ်ခြင်းများ ကိုလည်း လုပ်ကိုင်ကြသည်။ မြို့ပေါ်တွင် ပိုးထည်ယက်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်ကြသည်။ မြိတ်လုံချည် ခေါ် ထူထဲခိုင်မာသော ပိုးစစ်လုံချည်များမှာ အကောင်းဆုံး ပိုးထည်အမျိုးအစားတွင် ပါဝင်သည်။ ငါးပိတွင်လည်း မြိတ်သားတို့ပြုလုပ်သော စိမ်းစားငါးပိသည် မြိတ်မြို့၏ နာမည်ကျော် ထွက်ကုန်တစ်ခု ဖြစ်ပေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မောင်ပုဆိုးကြမ်း ရေးသည့် တိုင်းရင်းသား လူမျိုးများ အဘိဓာန် စာအုပ်မှ