မြေဓာတ်

ရှေးအယူ ရေ၊ လေ၊ မြေ၊ မီး ဟူသော ဓါတ်ကြီးလေးပါးအစုတွင် ပါဝင်သော အခြေခံဓါတ်တစ်ပါး

မြေဓာတ် သည် ရှေးဟောင်းအယူအဆဖြစ်သည့် အခြေခံကျသော ဓာတ်ကြီးလေးပါးအနက်မှ တစ်ခုဖြစ်သည်။ မြေဓာတ်ကို ပထဝီဓာတ်ဟု ခေါ်ဆို၍ ကျန်သုံးခုမှာ တေဇောဓာတ် (မီး)၊ အာပေါဓာတ် (ရေ)၊ ဝါယောဓာတ် (လေ) တို့ဖြစ်ကြသည်။

မြန်မာ အယူဝါဒ ပြင်ဆင်ရန်

မြန်မာတို့၏ ရှေးဟောင်းရိုးရာ အယူအဆတစ်ရပ်မှာ လူသားများမပေါ်မီကပင် ကမ္ဘာမြေကြီးတည်ရှိနေသည်။ မြေသင်းနံ့ကြောင့် ဗြဟ္မာကြီးများဆင်းလာပြီး ၄ဦးမှာ မြေဆီလွှာကို တပ်မက်စားသုံးမိသဖြင့် ဗြဟ္မာဘုံသို့ ပျံသန်းမတက်နိုင်တော့ပဲ အခြေချနေထိုင်ကြရာမှ လူသားများ ပေါက်ဖွားလာသည် ဆိုကြသည်။ မြေကမ္ဘာကို နတ်မင်းကြီးလေးဦး ထမ်းပိုးစောင့်ရှောက်ထားပြီး ၎င်းတို့ ပခုံးပြောင်းသည့် အခိုက်အတန့်များတွင် မြေငလျင်လှုပ်ခြင်း ဖြစ်ပေါ်သည်ဟုလည်း ယူဆတတ်ကြသည်။ မြေကြီးသည် အခြားသောအရာဝတ္တုများနှင့် နှိုင်းစာသော် တည်တံ့ခိုင်မြဲသည့် သဘောကိုလည်း အလေးထားတတ်ကြသည်။ မြေကြီးသည် ကောင်းမွန်သန့်ရှင်းအောင် ပြုပြင်ခြင်း၊ တူးဆွဖြိုဖျက်ခြင်း၊ ညစ်ညမ်းရှုပ်ထွေးစေခြင်းတို့အပေါ် မတုန်မလှုပ် သည်းခံနိုင်ပေသည်ဟု စံနမူနာပြုတတ်ကြသည်။ အရာရာကိုသည်းခံနိုင်ပြီးအများအကျိုးသယ်ပိုးသူများကို မြေသားဆန်သည်ဟု အမွှန်းတင် ပြောဆိုရလောက်အောင် မြေကြီးသည် အရေးပါခဲ့သည်။ မြေကို အမှီပြုနေထိုင်ကြရပြီး ပတ်ဝန်းကျင်အပေါ်၊ လောကအပေါ် ကျေးဇူးပြန်လည် မတုံ့ပြန်နိုင် သိတတ်မှု မရှိသူများအား အလကား ဆန်ကုန်မြေလေးတွေ ဟု ကဲ့ရဲ့ရှုံ့ချသောအမြင် ရှိတတ်ကြပြီး ရေမြေတောတောင် သဘာဝအရင်းအမြစ်များအပေါ် တန်ဖိုးထားတတ်၊ ကျေးဇူးပြုတတ်သူများကို ချီးမွမ်းကြသည်။ မြေဓာတ်ကို မြန်မာတို့က လောကရှိ အခြေခံအကျဆုံးဓာတ်သဘာဝ လေးခုအနက် တစ်ခုအဖြစ်မှတ်ယူတတ်ကြပြီး စိန့်တိုင်းသားပေါက်ဖော်များကမူ အခြေခံအကျဆုံး ဓာတ်ကြီး ငါးခုအနက်မှ တစ်ခုအဖြစ် သတ်မှတ်ကြသည်။ (ယင်းဓာတ်ကြီးလေးပါး တို့မှာ ရေဓာတ်၊ မြေဓာတ်၊ လေဓာတ်မီးဓာတ် တို့ဖြစ်ပြီး ငါးပါးယူဆသူတို့မှာ သတ္တုဓာတ်ကို မြေဓာတ်မှ သီးခြားခွဲ၍ ရှုမြင်ကြခြင်းဖြစ်သည်။)

ဂရိ နှင့် ရောမ အယူဝါဒ ပြင်ဆင်ရန်

ဂရိ ရှေး ဖီလိုဆိုဖီ နှင့် သိပ္ပံ အယူအဆ အရ မြေ သည် ဓာတ်ကြီး လေးပါး ၌တစ်ပါး အပါအဝင် ဖြစ်သည်။ ၎င်းသည် လက်တွေ့ကြခြင်း၊ ခုခံခြင်းနှင့် ဒြပ်ဝတ္တု သဘောကို ဆောင်သည်။ ထို့အပြင် သတ္တဝါ တို့ ခံစားရေး ရုပ်ကမ္ဘာလည်း ဖြစ်သည်။

အိန္ဒိယ အယူဝါဒ ပြင်ဆင်ရန်

ဟိန္ဒူဘာသာဖြင့် Prithvi (Sanskrit: pṛthvī, also pṛthivī) သည် ကမ္ဘာမြေ သို့ အမိ ဘုရား (mother goddess) ဟု အဓိပ္ပါ ယ်ရသည်။