မြွေသန္တာ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Squamata
မျိုးစဉ်သေး: Serpentes
မျိုးရင်း: Elapidae
မျိုးရင်းသေး: Elapinae
မျိုးစု: Sinomicrurus
မျိုးစိတ်:
S. macclellandi
ဒွိနာမ
Sinomicrurus macclellandi
Synonyms[၂]
  • Elaps macclellandi
    J.T. Reinhardt, 1844
  • Calliophis macclellandii [sic]
    Stejneger, 1907
  • Callophis maclellandii [sic]
    Wall, 1908
  • Hemibungarus macclellandi
    — Golay et al., 1993
  • Micrurus macclellandi
    — Welch, 1994
  • Sinomicrurus macclellandi
    Slowinski et al., 2001

မြွေသန္တာ ဟု အများသိကြသော Sinomicrurus macclellandi သည် Elapidae မျိုးရင်းတွင် ပါဝင်သည့် အဆိပ်ရှိသော မြွေမျိုးစိတ်ဖြစ်သည်။ မျိုးစိတ်သည် အာရှတိုက် တောင်ပိုင်းနှင့် အရှေ့ပိုင်း ဒေသတို့၏ ဒေသရင်း မျိုးစိတ်ဖြစ်သည်။

တွေ့ရိရသော ဒေသများ ပြင်ဆင်ရန်

မြွေသန္တာများအား အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်ဘူတန်နီပေါမြန်မာနိုင်ငံ မြောက်ပိုင်း၊ ထိုင်းဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့် တရုတ်ပြည် တောင်ပိုင်း (ဟောင်ကောင်၊ ဟိုင်နန်၊ မြောက်ဘက် Gansu နှင့် Shaanxi)၊ ထိုင်ဝမ် နှင့် Ryukyu ကျွန်းများ(ဂျပန်) အပါအဝင် လာအိုနိုင်ငံတွင်လည်း တွေ့ရှိရသည်။[၁]

အဆိပ် ပြင်ဆင်ရန်

အခြားမျိုးရင်းဝင် မြွေများကဲ့သို့ပင် မြွေသန္တာတွင် လူတစ်ဦးကို သတ်နိုင်သည့် ပြင်းထန်သော အာရုံကြော အဆိပ်သင့်သည့် အဆိပ်ရှိသည်။ ကိုက်ခံရခြင်း၏ လက္ခဏာများမှာ နှုတ်ခမ်းထုံခြင်း၊ စကားပြောရခက်ခြင်းနှင့် အသက်ရှုရခက်ခဲခြင်းတို့ဖြစ်ပြီး နောက်ဆုံးတွင် အမြင်အာရုံမှုန်ဝါးလာသည်။ ပြင်းထန်စွာ အကိုက်ခံရသူများ၏ မှတ်တမ်းများအနေဖြင့် ထိုင်းနိုင်ငံတွင် လူအနည်းငယ်သာ သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်ထားသော်လည်း နှလုံးခုန်ရပ်ကာ ချက်ချင်း သေဆုံးနိုင်သည်။

ကိုးကား ပြင်ဆင်ရန်