ယန်ယုံဝေ

ထိုင်ဝမ် ဂျူဒိုခ

ယန်ယုံဝေတမ်းပလိတ်:Lang-pwnအင်္ဂလိပ်: Yang Yung-wei(1997-09-28)စက်တင်ဘာ ၂၈၊ ၁၉၉၇)သည် ဖိုင်ဝမ်းလူမျိုး၊ ထိုင်ဝမ် ဂျူဒိုအားကစားသမား ဖြစ်သည်။ ၂၀၂၁ တွင် ၂၀၂၀ နွေအိုလံပစ် ဂျူဒို ကျား ၆၀ ကီလိုတန်းဝယ် ငွေတံဆိပ်ဆု ရရှိကာ၊ ထိုင်ဝမ်၌ ပထမဆုံးသော နွေအိုလံပစ် ဆုတံဆိပ် ရရှိသူ ဂျူဒိုသမား ဖြစ်လာသည်။ အိုလံပစ်သမိုင်းတွင် ၆၀ ကီလိုတန်း ဂျူဒိုကဏ္ဍ၌ ငွေတံဆိပ်ကို ပထမဆုံး ရရှိသော လက်ရွေးစင်လည်း ဖြစ်လာသည်။

楊勇緯
Drangadrang
Yang Yung-wei
ကိုယ်ရေးအချက်အလက်
အမည်ပြောင်(များ)ဂျူဒိုနတ်
柔道男神
နိုင်ငံသားထိုင်ဝမ်
လူမျိုးဖိုင်ဝမ်းလူမျိုး
မွေးဖွား (1997-09-28) ၂၈ စက်တင်ဘာ၊ ၁၉၉၇ (အသက် ၂၆)
ထိုင်ဝမ်၊ ဖင်တုံးခရိုင်၊ ရှီးဇီရှန်းမြို့၊ နန်ရှိရွာ
မိခင်ကျောင်းထိုင်ကျုံးခရိုင် ဟို့လီရှန်း ဟို့လီမူလတန်းကျောင်း
ထိုင်ကျုံး ဟို့လီ အစိုးရအလယ်တန်းကျောင်း
ထိုင်ကျုံး ရှင်းမင် ပုဂ္ဂလိကအထက်တန်းကျောင်း
ထိုင်ဝမ် နိုင်ငံပိုင် အားကာ တက္ကသိုလ် တိုက်ခိုက်ရေးဘာသာရပ်
ထိုင်ဝမ် နိုင်ငံပိုင် အားကာတက္ကသိုလ် ယှဉ်ပြိုင် တိုက်ခိုက်ရေး ဌာန
အရပ်၁.၆၇ m (၅ ft   in)
ကိုယ်အလေးချိန်၆၀ ကီလိုဂရမ် (၁၃၂ ပေါင်)
အားကစား
နိုင်ငံထိုင်ဝမ်
အားကစားဂျူဒို
ပြိုင်ပွဲစဉ်(များ)ကျား ၆၀ ကီလိုတန်း

ဘဝ ပြင်ဆင်ရန်

၁၉၉၇ တွင် ဖင်တုံးခရိုင်၊ ရှီးဇီရှန်း၊ နန်ရှိရွာ၌ မွေးဖွားသော ဖိုင်ဝမ်းလူမျိုး ဖြစ်သည်။[၁] မိခင်က ဂျူဒိုလက်ရွေးစင်၊ ငယ်ကတည်းက အစ်ကိုဖြစ်သူ ယန်ကျွင်းထင်(杨俊霆)ဂျူဒိုလေ့ကျင့်သည်ကို ကြည့်ရင်း စိတ်ပါဝင်စားလာသော ယန်ယုံဝေသည် မူလတန်း တတိယတန်း၌ ဂျူဒိုနှင့် စတင် ထိတွေ့သည်။[၂] နောက် မိဘများနှင့်အတူ ထိုင်ကျုံး၊ ဟို့လီ(后里)ရပ်ကွက်သို့ ပြောင်းရွှေ့လာသည်။[၃][၄] ယန်ယုံဝေသည် အစ်ကိုနှင့် ငယ်စဉ်ကတည်းက အတူ လေ့ကျင့်ပြီး၊ ထိုစဉ်က ဟို့လီအလယ်တန်း တက်နေစဉ် ဂျူဒိုနည်းပြမှာ ၁၉၉၆ မသန်စွမ်အိုလံပစ် ဂျူဒိုရွှေတံဆိပ်ရ လီချင်းကျုံး (李青忠)ဖြစ်ပြီး၊ ယန်ယုံဝေကိုပါ ခေါ်သွားလေ့ ရှိသည်။[၅]

ယန်သည် ၆၀ ကီလိုအတွက် အထူး လေ့ကျင့်ရာ၊ ၂၀၁၇ အာရှလူငယ် ဂျူဒိုတံခွန်စိုက်ပြိုင်ပွဲ ၆၀ ကီလို၌ ထိုင်ဝမ်အတွက် ပထမဆုံးသော အာရှလူငယ် ရွှေတံဆိပ်ကို ရရှိသည်။ ထိုနှစ်မှာပင် ထိုင်ပေ အားကစားပြိုင်ပွဲကြီး(台北世大運)တွင် အစ်ကို ကျွင်းထင်ကို အနိုင်ချပြီး နိုင်ငံလက်ရွေးစင် ဖြစ်သွားသော်လည်း၊ ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့သည်။[၆]

၂၀၁၈ အာရှလူငယ်အားကစားပြိုင်ပွဲတွင် ကျား ၆၀ ကီလို၌ ငွေရသည်။ ၂၀၁၉ အာရှဂျူဒိုတံခွန်စိုက်ပွဲတွင် ကျား ၆၀ ကီလို၌ ရွှေရသည်။ ၂၀၂၀ တွင် ဂျာမနီ၊ ဒူဆက်ဒေါ့ဖ် ဂျူဒိုပြိုင်ပွဲ၌ ငွေတံဆိပ်ရကာ၊ အားကစားသမိုင်းတွင် အကောင်းဆုံး ရလဒ် ချိုးပြနိုင်ခဲ့သည်။ ထိုနှစ်ပင် ကျွင်းထင်သည် ယုံဝေ၏ အထူးလေ့ကျင့်ဖော် ဖြစ်လာသည်။[၇]

၂၀၂၁ ဧပြီတွင် ယန်သည် အစ်ကိုနှင့်အတူ ဂျူဒို အာရှတံခွန်စိုက် ၆၀ ကီလိုပြိုင်ပွဲသို့ ဝင်ပြိုင်ရာ၊ ယန်က တောက်လျှောက် ပြိုင်ပွဲတက်သွားပြီး၊ အစ်ကိုမှာ ဒုတိယအဆင့်မှာပင် ရှုံးထွက်သွားသည်။ ထိုစဉ်က ပြိုင်ဖက်မှာ တာကတိုး နအိုဟိဆ (髙藤 直寿) ဖြစ်သည်။[၈] နောက်ဆုံးတွင်၊ ဗိုလ်လုပွဲ၌ တာကတိုး နအိုဟိဆ (Takatō Naohisa)ကို ရှုံးနိမ့်ကာ ငွေတံဆိပ်ရသည်။[၉]

၂၀၂၁ ဇွန် ၂၃ တွင် နိုင်ငံတကာ ဂျူဒိုအဖွဲ့ချုပ်က အိုလံပစ် ဝင်ပြိုင်ခွင့်ရ အမည်စာရင်း ထုတ်ပြန်ရာ ယန်သည် စုပေါင်းအမှတ်အရ အဆင့် ၁၁ ချိတ်ပြီး ကျား ၆၀ ကီလိုတန်းကို ဝင်ပြိုင်ရန် အရည်အချင်း မီသွားသည်။[၁၀] အိုလံပစ်မတိုင်မီ၊ အစ်ကို ခြေထောက် ဒဏ်ရာရကာ မလိုက်ပါနိုင်သဖြင့် ချိုက်မင်ယင်က လေ့ကျင့်ဖော် လုပ်ပေးသည်။[၁၁]

၂၀၂၁ ဇူလိုင် ၂၄ တွင် ယန်ယုံဝေသည် ၂၀၂၀ တိုကျိုအိုလံပစ်၊ ဂျူဒို ကျား ၆၀ ကီလိုတန်းတွင် ရွှေတံဆိပ်ရရန် ယှဉ်ပြိုင်ရာ၌ အဝါကတ် သုံးခါ ပြခံရ၍ တာကတိုး နအိုဟိဆကို ရှုံးကာ၊ ငွေတံဆိပ်နှင့် ကျေနပ်ရသည်။ ထိုင်ဝမ်အတွက်မူ ပထမဆုံးရရှိသော ဂျူဒို အိုလံပစ်ဆုတံဆိပ် ဖြစ်သည်။[၁၂]

၂၀၂၁ ဇူလိုင် ၂၆ တွင် ယန်ယုံဝေ အိုလံပစ် ငွေတံဆိပ်ဆု ရကတည်းကနေပြီး သူ၏ IG ပရိသတ် တိုးပွားလာရာ၊ ဇူလိုင် ၂၆ ၁၂ နာရီအထိ ဖန် ၂.၈၉ သိန်း ရရှိလာသည်။

နိုင်ငံတကာ ဆုတံဆိပ်များ ပြင်ဆင်ရန်

  • ၂၀၁၆ အာရှလူငယ် ဂျူဒိုတံခွန်စိုက်ပြိုင်ပွဲ ၆၀ ကီလို ကြေးတံဆိပ်
  • ၂၀၁၆ ချင်းတောင် ဂျူဒိုဂရင်းပရစ် ၆၀ ကီလို ကြေးတံဆိပ်
  • ၂၀၁၇ အာရှလူငယ် ဂျူဒိုတံခွန်စိုက်ပြိုင်ပွဲ ၆၀ ကီလို ရွှေတံဆိပ်
  • ၂၀၁၈ အာရှထိုင်ပေ ဂျူဒိုအိုးပင်း ၆၀ ကီလို ရွှေတံဆိပ်
  • ၂၀၁၈ အာရှအားကစားပြိုင်ပွဲ ၆၀ ကီလို ကြေးတံဆိပ်
  • ၂၀၁၈ တက်ရှ်ကန့် ဂရင်းပရစ် ၆၀ ကီလို ကြေးတံဆိပ်
  • ၂၀၁၈ အာရှ ဟောင်ကောင်ဂျူဒိုအိုးပင်း ၆၀ ကီလို ရွှေတံဆိပ်
  • ၂၀၁၉ အာရှပစိဖိတ် ဂျူဒိုတံခွန်စိုက် ၆၀ ကီလို ငွေတံဆိပ်
  • ၂၀၁၉ ဟို့ဟော့ ဂျူဒိုဂရင်းပရစ် ၆၀ ကီလို ငွေတံဆိပ်
  • ၂၀၁၉ ဘူဒါပတ်စ် ဂျူဒိုဂရင်းပရစ် ၆၀ ကီလို ကြေးတံဆိပ်
  • ၂၀၁၉ အာရှထိုင်ပေ ဂျူဒိုဂရင်းပရစ် ၆၀ ကီလို ကြေးတံဆိပ်
  • ၂၀၁၉ တက်ရှ်ကန့် ဂျူဒိုဂရင်းပရစ် ၆၀ ကီလို ကြေးတံဆိပ်
  • ၂၀၁၉ အိုဆာကာ ဂျူဒိုပြိုင်ပွဲ ၆၀ ကီလို ကြေးတံဆိပ်
  • ၂၀၂၀ ဂျာမနီ ဒူဆက်ဒေါ့ဖ် ဂျူဒိုပြိုင်ပွဲ ၆၀ ကီလို ငွေတံဆိပ်
  • ၂၀၂၁ ကာတာတူဟာ ဂျူဒိုဆရာပြိုင်ပွဲ ၆၀ ကီလို ငွေတံဆိပ်
  • ၂၀၂၁ အန်တယ်လျာ ဂျူဒိုပြိုင်ပွဲ ၆၀ ကီလို ကြေးတံဆိပ်
  • ၂၀၂၁ အာရှပစိဖိတ် ဂျူဒိုတံခွန်စိုက်ပြိုင်ပွဲ ၆၀ ကီလို ငွေတံဆိပ်
  • ၂၀၂၁ နွေအိုလံပစ်အားကစားဂျူဒိုပြိုင်ပွဲ ၆၀ ကီလို ငွေတံဆိပ်

[၁၃]

ကိုးကား ပြင်ဆင်ရန်

  1. 潘欣中။ 楊勇緯闖金牌戰 屏東老家鄉親歡呼排灣勇士 (in zh-TW)။ 聯合新聞網။ 2021-07-25 တွင် ပြန်စစ်ပြီး။
  2. 英雄起源 柔道 楊勇緯2021-07-26 တွင် ပြန်စစ်ပြီး
  3. 聯合新聞網။ 柔道/楊勇緯闖金牌戰 屏東老家鄉親歡呼排灣勇士 (in zh-TW)။ 東京奧運2020။ 2021-07-25 တွင် ပြန်စစ်ပြီး။
  4. 陳彥廷 (2021-07-24)။ 正港「獅子王」! 排灣勇士楊勇緯拚金牌 屏東鄉親振奮 - 自由體育自由時報電子報။ 2021-07-25 တွင် ပြန်စစ်ပြီး။
  5. 【2021東奧】帥到敵營也為他加油! 柔道黑馬楊勇緯靠自律為台灣創紀錄 (in zh-Hant)။ 鏡週刊 Mirror Media (2021-07-24)။ 2021-07-26 တွင် ပြန်စစ်ပြီး။
  6. 柔道 楊勇緯 | 2018亞運點將錄國家運動訓練中心။ 2021-07-26 တွင် ပြန်စစ်ပြီး။
  7. 自由時報電子報 (2021-07-24)။ 東奧柔道》楊勇緯奪銀牌寫台灣新頁 哥哥楊俊霆有話對他說 - 2020東京奧運 - 自由體育自由時報電子報။ 2021-07-26 တွင် ပြန်စစ်ပြီး။
  8. 遠見天下文化出版股份有限公司။ 東奧一戰成名!來自台中的排灣勇士楊勇緯,會練柔道全因為他城市學။ 2021-07-26 တွင် ပြန်စစ်ပြီး။
  9. 柔道/亞大錦標賽 楊勇緯摘銀 (in zh-tw)။ 聯合報 (2021-04-07)။
  10. 曾思儒 (2021-06-23)။ 柔道/連珍羚領軍 3台將獲東奧資格 (in zh-tw)။ 聯合報။
  11. 楊勇緯奪牌幕後英雄!奧運國手成左右手「敵人變親人」 | ETtoday運動雲 | ETtoday新聞雲 (in zh-Hant)။ sports.ettoday.net။ 2021-07-26 တွင် ပြန်စစ်ပြီး။
  12. 柔道/楊勇緯惜敗日本名將 拿銀牌仍創我國新紀錄.聯合報.2021-07-24
  13. 劉肇育 (2021-07-24)။ 柔道/楊勇緯不敵日本名將 拿銀牌仍創我國新紀錄 (in zh-tw)။ 聯合報။

ပြင်ပလင့် ပြင်ဆင်ရန်