ယိုဟန်း ခရပ်ဖ်

ဘောလုံးလောကတွင် အကြီးကျယ်ဆုံးသော ကစားသမားများထဲက တစ်ဦး

ဟန်းဒရစ် ယိုဟန်းနာ့စ် ခရပ်ဖ်[မှတ်စု ၁] (ဒတ်ချ်: Hendrik Johannes Cruijff; ၁၉၄၇ ဧပြီ ၂၅ - ၂၀၁၆ မတ် ၂၄ မွေးဖွား ) သည် ဒတ်ချ်လူမျိုး ဘောလုံးသမား၊ နည်းပြဟောင်း တစ်ဦးဖြစ်သည်။ ကစားသမားအဖြစ် ဘောလောန် ဒေါရ် ဟုခေါ်ဆိုသော ရွှေဘောလုံးဆု သုံးကြိမ်ရရှိခဲ့ကာ နှစ်များမှာ ၁၉၇၁၊ ၁၉၇၃ နှင့် ၁၉၇၄ တို့ဖြစ်ကြသည်။[၂] ခရပ်ဖ်သည် 'ရီးနပ်စ် မိခယ်စ်' (Rinus Michels) ဖော်ထုတ်ခဲ့သော 'နေရာဖြည့် ကစားကွက်နည်း' (Total Football) ဟူသော ဘောလုံးဒဿနစနစ်၏ ကျွမ်းကျင်သည့်သူ တစ်ဦးဖြစ်ကာ ဘောလုံးလောကတွင် အကြီးကျယ်ဆုံးသော ကစားသမားများထဲက တစ်ဦးဟူ၍ ကျယ်ကျယ်ပြန့်ပြန့် ယူဆသတ်မှတ်ကြသည်။[၃][၄][၅][၆] ၁၉၆၀ နှောင်းပိုင်းနှင့် ၁၉၇၀ အစောပိုင်းနှစ်များတွင် ဒတ်ချ်ဘောလုံးအားကစားသည် မှေးမှေးမှိန်မှိန် အခြေနေမှ စွမ်းအားများစုဝေးလာသည့် အခြေနေတစ်ရပ်သို့ ပြောင်းလဲခဲ့သည်။[၇][၈] ခရပ်ဖ်သည် နယ်သာလန် အမျိုးသား ဘောလုံးအသင်းကို ဦးဆောင်ကာ ၁၉၇၄ ကမဘာြဖလား ဗိုလ်လုပွဲအထိ ခေါ်ဆောင်ပေးနိုင်ခဲ့ကာ ပြိုင်ပွဲ၏ ကစားသမားအဖြစ် ဖီဖာရွှေဘောလုံးကို ရရှိခဲ့သည်။[၉] ၁၉၇၄ ဗိုလ်လုပွဲ(များ)တွင် (တစ်ဖက်လူကို လှည့်စားရန်) အယောင်ပြ ကန်ချက်တစ်ခုကို ပြု၍ ၁၈၀ လှည့်ကာ လိမ်ခေါက်ခြင်းတစ်ခုကို ပြုလုပ်ခဲ့သည်။ ထိုသို့သော ဘောလုံး လိမ်ခေါက်သည့် အကွက်ကို ခရက်ဖ် အလှည့်(အကွက်)' (Cruyff Turn) ဟု ၎င်းကိုအစွဲပြု၍ အမည်ခေါ်ဝေါ်သည်။ ယင်းအကွက်ကို ခေတ်သစ်ကာလ၌ များစွာအသုံးပြုကြသည်။[၁၀] ကျောနံပါတ် (၁၄) ကိုဝတ်ဆင်၍ ပုံမှန်ဝတ်ဆင်သော (၁) မှ (၁၁) နံပါတ်များပြင်ပ ဝတ်ဆင်မှုပုံစံကို ဖြစ်စေခဲ့သည်။[၉] ၁၉၇၆ တွင် ဥရောပဖလားပြိုင်ပွဲ၌ တတိယချိတ်ခဲ့ပြီး ၁၉၇၈ အာဂျင်တီးနား၌ ကျင်းပသော ကမ္ဘာ့ဖလား၌ အာဂျင်တီးနား အာဏာရှင် ဟောရ်ဟဲ ဘီဒဲလား (Jorge Videla) ကြောင့် အသင်း၌ပါဝင်ရန် ငြင်းဆိုခဲ့လေသည်။[၁၁]

ယိုဟန်း ခရပ်ဖ်
၁၉၇၄ တွင် နယ်သာလန်အသင်းနှင့်အတူ တွေ့ရပုံ
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ဟန်းဒရစ် ယိုဟန်းနာ့စ် ခရပ်ဖ်
မွေးသက္ကရာဇ် (1947-04-25)၂၅ ဧပြီ၊ ၁၉၄၇
မွေးရပ်ဇာတိ အမ်စတာဒမ်မြို့, နယ်သာလန်နိုင်ငံ
ကွယ်လွန်သည့်ရက် ၂၄ မတ်၊ ၂၀၁၆(2016-03-24) (အသက် ၆၈)
ကွယ်လွန်ရာအရပ် ဘာစီလိုနာမြို့, စပိန်
အရပ်အမြင့် ၁.၇၈ m (၅ ft ၁၀ in)[၁]
ကစားသည့်နေရာ
  • ရှေ့တန်း
  • အလယ်တန်း တိုက်စစ်မှူး
လူငယ်ဘဝကလပ်များ
၁၉၅၇–၁၉၆၄ အားယာ့ခ်စ်
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၁၉၆၄–၁၉၇၃ အားယာ့ခ်စ် ၂၄၀ (၁၉၀)
၁၉၇၃–၁၉၇၈ ဘာစီလိုနာ ဘောလုံးအသင်း ၁၄၃ (၄၈)
၁၉၇၈–၁၉၇၉ Los Angeles Aztecs ၂၃ (၁၃)
၁၉၇၉–၁၉၈၁ Washington Diplomats ၃၀ (၁၂)
၁၉၈၁ Levante UD ၁၀ (၂)
၁၉၈၁–၁၉၈၃ အားယာ့ခ်စ် ၃၆ (၁၄)
၁၉၈၃–၁၉၈၄ Feyenoord ၃၃ (၁၁)
စုစုပေါင်း ၅၁၄ (၂၉၀)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၆၆–၁၉၇၇ နယ်သာလန် အမျိုးသား ဘောလုံးအသင်း ၄၈ (၃၃)
အုပ်ချုပ်ခဲ့သော အသင်းများ
၁၉၈၅–၁၉၈၈ အားယာ့ခ်စ်
၁၉၈၈–၁၉၉၆ ဘာစီလိုနာ ဘောလုံးအသင်း
၂၀၀၉–၂၀၁၃ Catalonia

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ကလပ်အသင်းအနေဖြင့် ခရပ်ဖ်သည် 'အားယာ့ခ်စ်' (Ajax) [မှတ်စု ၂] တွင် စတင်ခဲ့ကာ 'အေးရဒီဗီဇီး' (နယ်သာလန်ပြည်တွင်း လိဂ်) ချန်ပီယံဆု ရှစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား သုံးကြိမ်၊ တိုက်ကြီးများဖလား တစ်ကြိမ်ရရှိခဲ့သည်။[၁၃] ၁၉၇၃တွင် ဘာစီလိုနာသို့ စံချိန်တင် ဈေးဖြင့် ပြောင်းရွှေ့ခဲ့ကာ ပထမရာသီတွင်ပင် လာ လီဂါဖလားရခဲ့ပြီး တစ်နှစ်တာ ဥရောပ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်။ ၁၉၈၄ ကစားသမားဘဝမှ အနားယူ၍ အားယာ့ခ်စ်၊ ဘာစီလိုနာ အသင်းများ၏ အောင်မြင်ခဲ့သော မန်နေဂျာတစ်ဦးဖြစ်လာခဲ့သည်။ ယင်းနောက် ထိုအသင်းများ၏ အကြံပေးသူအဖြစ် ဆက်လက်ဆောသ်ရွက်ခဲ့သည်။ သားဖြစ်သူ ယောဒီ ခရပ်ဖ် သည်လည်း ဘောလုံးအားကစားသမား တစ်ဦးဖြစ်သည်။

၁၉၉၉တွင် ခရပ်ဖ်ကို ဘောလုံးသမိုင်းနှင့် စာရင်းအင်း နိုင်ငံတကာအဖွဲ့ချုပ်ကကျင်းပခဲ့သော ရွေးကောက်မှုတစ်ခုတွင် ရာစုနှစ်၏ အကောင်းဆုံးကစားသမားအဖြစ် မဲပေးရွေးချယ်ခဲ့သည်။ ဖီဖာ၏ ရာစုနှစ်အတွင်း အကောင်းဆုံးကစားသမားနေရာ မဲပေးရွေးချယ်မှုတွင် ပီလီပြီးနောက် ဒုတိယလိုက်သည်။[၁၄] ပြင်သစ် မဂ္ဂဇင်းတစ်ဆောင် စီစဉ်သော မဲရွေးချယ်မှုတွင် ရာစုနှစ်အတွင်း အကောင်းဆုံးကစားသမား မဲ၌ တတိယအဆင့်ရရှိခဲ့၏။ ထိုမဲပေးရွေးချယ်မှုကို ယခင် ဘောလောန် ဒေါရ် (ရွှေဘောလုံး) ဆုရ ကစားသမားဟောင်းများနှင့် တိုင်ပင်ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။[၁၅] ၁၉၉၈ တွင် ၂၀ရာစု ကမ္ဘာ့အသင်း၌ ပါဝင်ရွေးချယ်ခံခဲ့ရ၍ ၂၀၀၂၏ ဖီဖာ ကမ္ဘာ့ဖလား အိပ်မက်အသင်း တွင်လည်း ပါဝသ်ခဲ့သည်။ ထို့နောက် ၂၀၀၄၌ သက်ရှိထင်ရှား အကြီးကျယ်ဆုံး 'ဖီဖာ(၁၀၀)' စာရင်းတွင်လည်း ရွေးချယ်ခံရပြန်သည်။[၁၆]

ဘောလုံးသမိုင်းတစ်လျှောက် လွှမ်းမိုးနိုင်ဆုံးသူများအနက် တစ်ဦးအဖြစ် ယူဆခြင်းခံရပြီး[၁၇][၁၈] ခရပ်၏ ကစားဟန်နှင့် ဘောလုံးဒဿနတို့သည် Arrigo Sacchi ၊ Sir Alex Ferguson ၊ Arsène Wenger ၊ Quique Setién ၊ Carlo Ancelotti ၊ Lucien Favre ၊ Luis Enrique ၊ Roberto Martínez ၊ Pep Guardiola ၊ Frank Rijkaard ၊ Michael Laudrup ၊ Eric Cantona ၊ Peter Bosz ၊ Mauricio Pochettino ၊ Judan Ali ၊ Xavi ကဲ့သို့သော မန်နေဂျာများ၊ ကစားသမားများအပေါ် လွှမ်းမိုးခဲ့လေသည်။ [၁၉] အားယာ့ခ်စ် နှင့် ဘာစီတို့သည် ခရပ်ဖ်၏ နည်းစနစ်များကို အခြေခံ၍ လူငယ် အကယ်ဒမီများကို ဖွံ့ဖြို့းအောင် လုပ်ခဲ့သော ကလပ်များအနက်ကဖြစ်သည်။[၂၀] ၎င်း၏ နည်းပြခြင်းဆိုင်ရာ အတွေးအခေါ်သဘောတရားများသည် အားယာ့ခ်စ်အသင်း နိုင်ငံတကာသို့ ၁၉၉၀ နှစ်များ၌ တကျော့ပြန် အောင်မြင်စေရန် အကူအညီဖြစ်စေသည့် အခြေခံအုတ်မြစ်များ ဖြစ်သည်။[၂၁] ၂၀၀၈မှ ၂၀၁၂ အတွင်း စပိန်ဘောလုံးလောက၏ အောင်မြင်မှု (ကလပ်များသာမက နိုင်ငံအသင်းပါ ပါဝင်) ကို ခေတ်ပြိုင်ဘောလုံးအားကစားအပေါ် ခရပ်ဖ်၏ အကျိုးသက်ရောက်မှု သက်သေအဖြစ် များစွာသောသူများက ရည်ညွှန်းကိုးကား ပြောဆိုကြသည်။[၂၂]

မှတ်စု ပြင်ဆင်ရန်

  1. နိုင်ငံတကာတွင် Cruyff ဟူသော စာလုံးဖြင့် ရေးလေ့ရှိသည်။
  2. မြန်မာ အားကစားသတင်းများ၌ အေဂျက် (သို့) 'အိုင်းယက်' ဟု ခေါ်ဆိုရေးသားကြသည်။ တူညီသော စာလုံးပေါင်းဖြင့် Ajax (အေးဂျက်ခ်စ်) (သို့) Aias (အိုင်းယ(စ်)) မှာ ဂရိဒဏ္ဍာရီလာ ထရိုးဂျန်စစ်ပွဲ သူရဲကောင်းတစ်ဦးဖြစ်သည်။[၁၂]

ကိုးကား ပြင်ဆင်ရန်

  1. Johan CruyffGoal။ 25 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 February 2019 တွင် ပြန်စစ်ပြီး။
  2. European Footballer of the Year ("Ballon d'Or") (21 January 2011)။ 13 January 2015 တွင် ပြန်စစ်ပြီး။
  3. 'FIFA Classic Player: The Netherlands' Grand Master Archived 27 January 2018 at the Wayback Machine.. FIFA.com. Retrieved 14 July 2014
  4. Ossie Ardiles: Perfect XIFourFourTwo (1 October 2006)။ 1 July 2016 တွင် ပြန်စစ်ပြီး။ “Osvaldo Ardiles: "I sometimes wonder if Argentina would have won the World Cup in 1978 if Cruyff had been playing but he chose not to be there. In 1974, he scored two goals against Argentina in the quarter-final but without him in 1978 we just had the edge. He was a great player at a time when Dutch football was going through a great period and deserves to be considered as one of the all-time greats."”
  5. Classic Players – Johan Cruyff – I was there Archived 27 January 2018 at the Wayback Machine.. FIFA.com; retrieved 14 July 2014.
  6. The Best x Players of the Century/All-Time Archived 31 December 2015 at the Wayback Machine.. Rsssf.com (5 February 2001); retrieved 18 January 2013.
    "MENOTTI: ""Pelé fue el más grande"။ 3 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 September 2012 တွင် ပြန်စစ်ပြီး။. Elgrancampeon.com.ar; retrieved 28 October 2013.
    "Interview: Alex Ferguson". New Statesman. Retrieved on 18 January 2013.
  7. Chaplin၊ Mark (27 August 2014)။ European football in the 1970s။ UEFA.org။ 8 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 August 2015 တွင် ပြန်စစ်ပြီး။ “Dutch flamboyance, German power and English spirit dominated the European Champion Clubs' Cup in the 1970s, with clubs from those three countries winning the trophy every single year in that decade.
    The 1970s saw the flowering of some brilliant talent in the Netherlands, a hitherto relatively unheralded football country. Amsterdam-based side Ajax put the Dutch on the map by reaching the final of the European Cup in 1969, but it was their Rotterdam-based rivals Feyenoord that ushered in a new European order the following year by taking home the trophy.
    The stage was then set for Ajax to galvanise the game. Masterminded by the dazzling attacking skills of local boy Johan Cruyff, Ajax swept all before them with their swashbuckling 'total football', in which defenders and attackers exchanged positions, leaving opponents bewildered and beaten.
    Ajax lifted the Champion Clubs' Cup in 1971, 1972 and 1973, as well as winning the hearts of football enthusiasts. "Dutch football was very much emerging at that time", said Cruyff. "It was a really different development for football itself... and it had an enormous impact on the whole world, which eventually led to a lot of respect for Dutch football."”
  8. The Netherlands made their first appearance at the World Cup final tournament in 1934. After a second appearance in 1938, they did not appear in another World Cup until 1974. As Simon Kuper (in "Holland, a Country of Clubs") noted, "The mere fact that almost everyone in Holland plays football cannot itself explain the country's success. Until the 1970s Dutch football was mediocre. Holland would occasionally lose to Luxembourg, and considered their main rivals to be Belgium."
  9. ၉.၀ ၉.၁ "The Netherlands' Grand Master" Archived 27 January 2018 at the Wayback Machine.. FIFA.com. Retrieved 15 May 2014
  10. "World Cup: 25 stunning moments … No.25: the Cruyff Turn is born in 1974". The Guardian. Retrieved 11 June 2014
  11. https://www.marca.com/en/football/international-football/2016/03/26/56f6bb85268e3ef17c8b4598.html
  12. အိုင်းယက်တို့ သုံးနှစ်ဆက်တိုက် ချန်ပီယံဆုဆွတ်ခူး
    အေဂျက်ကို အနိုင်ရခဲ့တဲ့အတွက် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် အင်မတန်ဂုဏ်ယူနေတဲ့ လမ်းပတ်
    Ajax the Greater
    Definition of Ajex at Oxford English Dictionary
  13. "We are the champions"၊ FIFA.com၊ 11 December 2005။ 24 March 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 14 April 2020။ 
  14. IFFHS' Century Electionsrsssf.com။ 22 March 2007 တွင် ပြန်စစ်ပြီး။
  15. The Best x Players of the Century/All-Time။ 31 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 March 2007 တွင် ပြန်စစ်ပြီး။
  16. "Pele's list of the greatest"၊ BBC Sport၊ 4 March 2004။ 16 November 2013 တွင် ပြန်စစ်ပြီး 
  17. "Football philosopher". Sky Sports.
    "Johan Cruyff remains one of football's romantics, says Miguel Delaney". ESPN.
    "Pass Master". Sky Sports.
    "I try to instill what I learned from Cruyff". MARCA.
    "Without Him There Would Be No Lionel Messi, Xavi, Andres Iniesta Or Pep Guardiola' – Why Barcelona's Modern Success Is Thanks To Dutch Legend Johan Cruyff" Archived 14 September 2020 at the Wayback Machine.. Goal.com.
    "Swansea manager Michael Laudrup dismisses talk about future". Sky Sports; accessed 24 October 2016
  18. Marcotti, Gabriele (24 March 2016)။ Johan Cruyff was one of football's greatest trailblazers on and off pitchESPN FC။ 2 July 2016 တွင် ပြန်စစ်ပြီး။
  19. "Johan Cruyff: father of modern game who also shaped Dutch culture" The Guardian, 24 March 2016; accessed 24 October 2017.
    "Cruyff helped Manchester United and Sir Alex Ferguson win the Champions League" Manchester Evening News, 24 October 2016; accessed 24 October 2017.
    "How influence of Johan Cruyff has helped Michael Laudrup to success" Archived 2 November 2017 at the Wayback Machine.. The Independent; accessed 24 October 2015.
    "Arsenal are the sole true heirs to Cruyff's glorious vision". The Guardian.
    "Eric Cantona: Perfect XI" Archived 4 March 2016 at the Wayback Machine., FourFourTwo.com, 7 March 2007.
    "Xavi: I'm a footballing romantic" Archived 16 July 2014 at the Wayback Machine.. FIFA.com.
    "Dennis Bergkamp defends Arsène Wenger's beautiful vision", The Daily Telegraph; accessed 24 October 2015.
    "I'm a romantic, says Xavi, heartbeat of Barcelona and Spain". The Guardian, 11 February 2011.
  20. "'Wenger won't change his way. Sky Sports. Retrieved 30 May 2014
    Dutch seeds of Barcelona success[လင့်ခ်သေ]. Fox Sports. Retrieved 30 May 2014
  21. 'Johan Cruyff: The Total Voetballer. Back Page Football (14 September 2011); retrieved 30 May 2014.
    'Johan Cruyff's legacy lives at both rivals Ajax and Barcelona
    , TheNational.ae, 17 September 2013; retrieved 30 May 2014.
  22. "Dutch heroes on the sidelines will be an inspiration, not intimidation", The Independent; accessed 24 October 2015.
    "A Dutch Great Helped Transform Spain's Game", nytimes.com, 11 July 2010.
    "World Cup final: Johan Cruyff sowed seeds for revolution in Spain's fortunes", The Daily Telegraph; accessed 24 October 2015.
    "Recognition of the man who created a style" Archived 14 July 2014 at the Wayback Machine., fcbarcelona.cat; accessed 24 October 2015.
    "Transcript of Jürgen Klinsmann, Sunil Gulati teleconferenc", nypost.com, 1 August 2011; accessed 24 October 2015.
    "Barcelona and the gospel of Guardiola", The Guardian, 29 April 2012; accessed 24 October 2014.
    "Reinventing the wheel: How Guardiola revolutionized football", CNN.com, 28 May 2012.
    "Football culture: Who are you? Warrior or tika taka technician?", CNN.com, 27 June 2012.
    "Klinsmann assesses early U.S. camp, updates on Donovan, more". Si.com, 17 January 2013.
    "The hunt for Bayern's old fox Jupp Heynckes", dw.de; accessed 24 October 2015.
    "Cruyff the man behind Barcelona's success, says Guardiola", Goal.com, 1 May 2013.