အာရက္ခတပ်တော်

ရက္ခိုင့်အမျိုးသားတပ်
(ရခိုင့်တပ်မတော် မှ ပြန်ညွှန်းထားသည်)
ရခိုင်ပြည်တပ်မတော် နှင့် မရောထွေးပါနှင့်။

အာရက္ခတပ်တော် (အင်္ဂလိပ်: Arakha Army; အတိုကောက် AA) သည်[] ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။[] ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှ ဦးစီးသည်။ အာရက္ခတပ်တော် ၏ အဓိက ခေါင်းဆောင်လေးဦးမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၊ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် ၊ ဗိုလ်မှူးကြီး ကျော်ဟန် နှင့် အာရက္ခတပ်တော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ တို့ ဖြစ်သည်။

Arakha Army
အာရက္ခတပ်တော်
ပြည်တွင်းပဋိပက္ခသမိုင်းတွင် ပါဝင်
အာရက္ခတပ်တော်၏အလံ
အာရက္ခတပ်တော်၏အလံ
လှုပ်ရှား၁၀ ဧပြီ ၂၀၀၉ (၂၀၀၉-၀၄-၁၀)–လက်ရှိ
ခံယူချက်
ဦးဆောင်သူများထွန်းမြတ်နိုင်[]
ညိုထွန်းအောင်[]
ကျော်ဟန်
ခိုင်သုခ
ဌာနချုပ်မြောက်ဦးမြို့ ကချင်ပြည်နယ်
လှုပ်ရှားသည့် ဧရိယာ
အင်အား၃၈၀၀၀+ []
တစ်စိတ်တစ်ပိုင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်
မဟာမိတ် ကချင်လွတ်မြောက်ရေးတပ်မတော်

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်
တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်

အခြား:

ထိုင်းနိုင်ငံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (အိန္ဒိယ၏စွပ်စွဲချက်)[]
ပြိုင်ဘက်မြန်မာနိုင်ငံ မြန်မာနိုင်ငံ အစိုးရ

အိန္ဒိယ

ဘင်္ဂလားဒေ့ရှ်

နိုင်ငံမဟုတ်ပြိုင်ဘက်များ

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်
တိုက်ပွဲနှင့် စစ်ပွဲများပြည်တွင်းပဋိပက္ခများ
  • ကချင်ပဋိပက္ခ
  • ၂၀၁၅ ကိုးကန့်တိုက်ပွဲ
  • ၂၀၁၅ ရခိုင်-ဘင်္ဂလားနယ်စပ်တိုက်ပွဲ
  • ၂၀၁၆ မူဆယ်တိုက်ပွဲ
  • ၂၀၁၈–၂၀ ရခိုင်မြောက်ပိုင်းတိုက်ပွဲ
  • ၁၀၂၇ စစ်ဆင်ရေး

၂၀၁၉ ဇန်နဝါရီ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်းလေးခုကို အာရက္ခတပ်တော် AA က တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာနိုင်ငံတော်အစိုးရက အာရက္ခတပ်တော် ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၁ မတ်လ ၁၁ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီ မှ အာရက္ခတပ်တော် AA အား အကြမ်းဖက်အုပ်စုမှ ကြေညာထားခြင်းမှ ပြန်လည် ရုပ်သိမ်းလိုက်သည်။[]

သမိုင်းကြောင်း

ပြင်ဆင်ရန်

၁၉၉၇ ခုနှစ်က ရခိုင်တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် လူလတ်ပိုင်းများ၏ စုစည်းလှုပ်ရှားမှုမှ ရက္ခိုင့် တပ်တော် ပေါ်ပေါက်လာရန် အစပြုခဲ့သည်။[]၂၀၀၆ ခုနှစ်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် KIA ဗိုလ်ချုပ်ဂွမ်မော်တို့ လိုင်ဇာတွင် တွေ့ဆုံခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ရခိုင်လူငယ်များကို KIA မှ စစ်သင်တန်းများ ပေးခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်တွင် ကချင်ပြည်နယ် KIO/ KIA ဌာနချုပ် ရှိရာ လိုင်ဇာတွင် ရခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။[] စတင်ဖွဲ့စည်းစဉ် အခါက တပ်တော် အမည် အား ရက္ခိုင့်တပ်မတော် ဟု အမည်ပေးခဲ့သည်။ဖွဲ့စည်းပြီး ၁၀နှစ်ပြည့်မြောက်သည့် ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ရက္ခိုင့်တပ်တော် ဟူ၍လည်းကောင်း၊တပ်တော် ၁၅နှစ်ပြည့်မြောက်နေ့ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ရက်တွင် အာရက္ခတပ်တော်ဟူ၍လည်းကောင်း အမည်များ အသီးသီးပြောင်းလဲခဲ့သည်။ [၁၀]

တိုက်ပွဲများ

ပြင်ဆင်ရန်

အာရက္ခတပ်တော် သည် ၂၀၁၅ ခုနှစ်မှ စတင်ကာ ပလက်ဝမြို့နယ်ဘက်မှ တဆင့် ရခိုင်ပြည်နယ်သို့ ထိုးဖောက် ဝင်ရောက်ရန် ကြိုးစားလာခဲ့ပြီးနောက် တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။[]

၂၀၁၈ ခုနှစ်တွင် ရသေ့တောင်ကျောက်တော်မြောက်ဦးဘူးသီးတောင် စသောမြို့နယ်များအထိ နယ်မြေချဲ့ထွင်လာခဲ့ပြီးနောက် တပ်မတော်နှင့် AA တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပေါ်လာခဲ့ပြီး ၂၀၁၅ မှစတင်ကာ တပ်မတော်နှင့်အကြိမ် ၁၀၀ ကျော် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။[]

၂၀၁၈ ဒီဇင်ဘာလအတွင်း တပ်မတော်မှ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့ကို ၄ လ စစ်ကြောင်း ရပ်နားလိုက်သော်လည်း ရခိုင်ပြည်နယ် မပါဝင်ခဲ့ပေ။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် AA တပ်ဖွဲ့ဝင်များက ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ နယ်ခြားစောင့်စခန်း (၄) ကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများလည်း ရှိခဲ့သည်။

၂၀၂၀ ခုနှစ်အတွင်းတွင် အစိုးရတပ်မတော်နှင့် AA တပ်ဖွဲ့တို့အကြား ရင်ဆိုင်တိုက်ပွဲများသည် ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းနှင့် ရမ်းဗြဲမြို့နယ်များထိ ကူးစပ် ကျယ်ပြန့်လာခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှုနှင့် လူဦးရေသိန်းနှင့်ချီကာ နေရပ်စွန့်ခွာ စစ်ဘေးသင့်ပြည်သူများ ဖြစ်လာခဲ့ရသည်။

မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရပြီး ၂နှစ်ကျော်အကြာ ရှမ်းပြည်မြောက်ပိုင်း တွင်  အာရက္ခတပ်တော် ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် ပြည်သူ့စစ်အဖွဲ့ များအား တိုက်ခိုက်သည့် ၁၀၂၇ စစ်ဆင်ရေးအား စတင်သည်။[၁၁] အာရက္ခတပ်တော် သည် ယင်းစစ်ဆင်ရေးအပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရခိုင်ဒေသစစ်ဆင်ရေးအား ရခိုင်ပြည်နယ် တွင်  စတင်ခဲ့သည်။ ရခိုင်ဒေသ စစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ  ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ် များအပါအဝင် ချင်းပြည်နယ်အတွင်းရှိ  ပလက်ဝမြို့နယ် များ အား ထိန်းချုပ်နိုင်ခဲ့သည်။

ရည်ရွယ်ချက်

ပြင်ဆင်ရန်
  • ရခိုင်ပြည်သူ/သား ကာကွယ်ရေး ငြိမ်းချမ်ရေး တရားဥပဒေစိုးမိုးရေး စီးပွားရေး တိုးတက်မှု။
  • ရခိုင်လူမျိုး အနွယ် နှင့် သယံဇာတ ထိန်းသိမ်း စောင့်ရှောက်ရေး။
  • ရခိုင်ပြည်နယ် လွတ်လပ်ရေး နှင့် နိုင်ငံရေး ဆောင်ရွက်သွားရေး။
  • ရခိုင်ပြည်နယ် မှ မတရားမှု ရှင်းလင်းရေး။
  • ရခိုင်ပြည် ကို ကိုယ်ပိုင်အုပ်ချုပ်သော ကွန်ဖက်ဒရယ်ပြည်နယ်အဖြစ် သတ်မှတ်ရေး

ရက္ခိုင့် အိပ်မက် ၂၀၂၀

ပြင်ဆင်ရန်

ရက္ခိုင့်အိပ်မက် ၂၀၂၀ သည် ရခိုင်လူထုတစ်ရပ်လုံး ချိတ်ဆက်ပြီး ရခိုင်လူထုလှုပ်ရှားမှုတစ်ရပ်ကို ၂၀၂၀ တွင် စတင်ရန် ရည်မှန်းချက်ဖြစ်သည်။[]

အရပ်သား ထိခိုက်ဒဏ်ရာ ရရှိမှုများ

ပြင်ဆင်ရန်

(၂၁) ရက်၊ ဧပြီ လ၊ ၂၀၂၀ ခုနှစ် - အမ်း မြို့နယ်မှ စစ်တွေ မြို့နယ်သို့ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုပိုင် ပိုးသတ်ဆေး ပစ္စည်းများ တင်ဆောင် မောင်းနှင်လာသည့် ယာဉ်ကို မင်းပြား မြို့နယ်၊ ဖားပြို ကျေးရွာ အနီးတွင် AA က လက်နက်ငယ်များနှင့် ပစ်ခတ်သဖြင့် ထိုယာဉ်မောင်း သေဆုံးခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။[၁၂]

(၂၂) ရက်၊ ဧပြီ လ၊ ၂၀၂၀ ခုနှစ် - AAနှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသဖြင့် ပလက်ဝ မြို့နယ်၊ မြန်မာ့ စီးပွားရေးဘဏ် အနီးသို့ လက်နက်ကြီး ကျည် ကျရောက် ပေါက်ကွဲသဖြင့် ထိုဘဏ် အနောက်ဘက်ရှိ သရက်ပင်တွင် သရက်သီး ခူးစားနေသည့် ထိုဘဏ်ဝန်ထမ်းတစ်ယောက်၏ မိသားစုဝင် အမျိုးသမီး တစ်ဦး၊ လေးနှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် ကိုးနှစ်အရွယ် ယောက်ျားလေး တစ်ဦးတို့ သေဆုံးကြောင်း ရခိုင် တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (R. E. C)က ထုတ်ပြန်သည်။ [၁၂]

(၅)ရက်၊ ဩဂုတ်လ၊ ၂၀၂၄ ခုနစ် AAအဖွဲ့မှ နတ်မြစ်အနီး ထွက်ပြေးလာတဲ့ ရိုဟင်ဂျာများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် ၂ဝဝ ကျော် သေဆုံးခဲ့ရသည်[၁၃]

  1. ၁.၀ ၁.၁ About AAArakan Army။ 3 November 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 January 2020 တွင် ပြန်စစ်ပြီး။
  2. About AAArakan Army။ ၁၉ အောက်တိုဘာ ၂၀၁၉ တွင် ပြန်စစ်ပြီး။
  3. ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ဘီဘီစီသီးသန့်မေးမြန်းခန်း (in my)။ 25 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  4. "Shadowy rebels extend Myanmar's wars"၊ Asia Times၊ 11 June 2017။ 
  5. India Accuses China of Helping Rebel Groups on Myanmar BorderBloomberg။ December 7, 2020 တွင် ပြန်စစ်ပြီး။
  6. အာရက္ခပြည်သူတွေရဲ့ ကံကြမ္မာကို တခြားလူမျိုးတမျိုးက ဆုံးဖြတ်တာ လုံးဝလက်မခံဘူးThe Irrawaddy (၁၄ ဧပြီ ၂၀၂၄)။ ၁၈ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. Myanmar Junta removes rakhine rebels terrorist list/2021-03-11။ 6 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 September 2021 တွင် ပြန်စစ်ပြီး။
  8. AA ရဲ့လာရာလမ်း
  9. ၉.၀ ၉.၁ ၉.၂ ၉.၃ ထွန်းထွန်းနိုင် (၇ ဖေဖော်ဝါရီ ၂၀၁၉)။ ရခိုင်တွေ AA ကို ဘာလို့ ထောက်ခံကြသလဲဧရာဝတီသတင်းဌာန။ ၂ ဇန်နဝါရီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  10. “ရက္ခိုင့်တပ်တော်”ကို “အာရက္ခတပ်တော်” သို့ နာမည်ပြောင်းလဲခြင်းမှာ ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသူများအားလုံးကို ကိုယ်စားပြုလို၍ ဖြစ်ကြောင်း တပ်တော်တာဝန်ရှိသူပြောကြားNarinjara (၁၁ ဧပြီ ၂၀၂၄)။ ၁၈ ဧပြီ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. ၁၀၂၇ စစ်ဆင်ရေးစတင်ကြေညာVOA Burmese (၂၇ အောက်တိုဘာ၊ ၂၀၂၃)။ ၁၈ ဧပြီ၂၀၂၄ တွင် ပြန်စစ်ပြီး။
  12. ၁၂.၀ ၁၂.၁ Page 1,2,4, 7 Days Daily Newspaper, 23.4.2020
  13. https://www.rfa.org/burmese/program_2/rohingya-fleeing-killed-08062024150519.html

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်