ရန်ကုန်ဘူတာကြီး
ရန်ကုန် ဘူတာကြီးသည် ရန်ကုန်မြို့လယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးဘူတာရုံကြီးလည်း ဖြစ်သည်။ မြန်မာ့ မီးရထား၏ အဓိကမီးရထားကွန်ယက်ဖြစ်ကာ ၃,၁၂၆ မိုင် (၅.၀၃၁ ကီလိုမီတာ)ထိ[၂] ရှိကာ အထက်မြန်မာပြည်တွင် နေပြည်တော်၊ မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနား၊ ရှမ်းပြည်နယ်တွင် တောင်ကြီး၊ကလော၊ တနင်္သာရီကမ်းရိုးတန်းတွင် မော်လမြိုင်၊ ရေးတို့နှင့် ဆက်သွယ်ထားသည်။
ရန်ကုန် ဘူတာကြီး | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
၂၀၁၁ ဇူလိုင်လတွင် ရိုက်ကူးခဲ့သော ရန်ကုန်ဘူတာကြီးပုံ | |||||||||||||
တည်နေရာ | မင်္ဂလာတောင်ညွန့် 11222၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ မြန်မာ | ||||||||||||
ကိုဩဒိနိတ် | 16°46′54″N 96°9′40″E / 16.78167°N 96.16111°Eကိုဩဒိနိတ်: 16°46′54″N 96°9′40″E / 16.78167°N 96.16111°E | ||||||||||||
စီမံခန့်ခွဲသူ | မြန်မာ့မီးရထား | ||||||||||||
ရထားလိုင်း(များ) | |||||||||||||
ပလက်ဖောင်းများ | ၇ (3 island platforms, 1 side platform) | ||||||||||||
တည်ဆောက်မှု | |||||||||||||
ဖွဲ့စည်းပုံ အမျိုးအစား | At-grade | ||||||||||||
အခြား အချက်အလက်များ | |||||||||||||
အခြေအနေ | Staffed | ||||||||||||
ဝဘ်ဆိုဒ် | တရားဝင် ဝက်ဘ်ဆိုဒ် | ||||||||||||
သမိုင်းကြောင်း | |||||||||||||
ဖွင့်ခဲ့ | ၁၈၇၇[၁] | ||||||||||||
ပြန်လည်တည်ဆောက် | ပထမအကြိမ် တည်ဆောက်ခြင်း: ၁၉၁၁[၁] ဒုတိယအကြိမ် ပြန်လည်တည်ဆောက်ခြင်း: ၁၉၄၇ - ၅ ဇွန်လ ၁၉၅၄[၁] | ||||||||||||
Electrified | မဟုတ် | ||||||||||||
| |||||||||||||
တည်နေရာ | |||||||||||||
၁၈၇၇ ခုနှစ်တွင် ဗြိတိသျှတို့မှ ပထမဆုံးတည်ဆောက်ခဲ့ပြီး ၁၉၄၃ ခုနှစ်တွင် ဂျပန်တပ်များဝင်လာစဉ်တွင် ဗြိတိသျှတို့က ဖျက်ဆီးခဲ့သည်။ လက်ရှိဘူတာကို ၁၉၅၄ ခုနှစ်တွင် မြန်မာရိုးရာ လက်မှုအနုပညာနှင့်အညီ ပြာသာဒ်အဆင့်ဆင့်ဖြင့် မြန်မာဗိသုကာပညာရှင် စည်သူဦးတင်မှ ပြန်လည်ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့သည်။[၃] ရန်ကုန်ဘူတာကြီးကို ရှေးဟောင်းအမွေအနှစ်အဆောက်အအုံအဖြစ် ၁၉၉၆ ခုနှစ်ကတည်းက သတ်မှတ်ခဲ့၍ ထားခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ခေတ်မှီမြို့တော် တည်ဆောက်ရန်အတွက် ရန်ကုန်ဘူတာကြီးကို မြို့လယ်မှ ၂၀ မိုင်(၃၂ ကီလိုမီတာ) ကွာဝေးသည့် ဒဂုံမြို့သစ်အရှေ့ပိုင်းသို့ ပြောင်းရွေ့တည်ဆောက်ရန်[၂] စီစဉ်နေသည်ဟု ဆိုသည်။
မီးရထားလမ်းများ
ပြင်ဆင်ရန်အောက်ပါတို့သည် ရန်ကုန်ဘူတာကြီးနှင့် ဆက်သွယ်ထားသော မီးရထားလမ်းများ ဖြစ်သည်။
- ရန်ကုန်မြို့ပတ် ရထား
- ရန်ကုန် - မန္တလေး မီးရထားလမ်း
- ရန်ကုန် - မော်လမြိုင် မီးရထားလမ်း
- ရန်ကုန် - ပုဂံ မီးရထားလမ်း
- ရန်ကုန် - အောင်လံ - ပုဂံ မီးရထားလမ်း
- ရန်ကုန် - ပြည် မီးရထားလမ်း
သမိုင်း
ပြင်ဆင်ရန်ရန်ကုန် ဘူတာကြီးကို ၁၈၇၇ ခုနှစ်တွင် အင်္ဂလိပ်တို့က ပထမဆုံး တည်ဆောက်ခဲ့ပြီး အုပ်ချုပ်မှုနှင့် လမ်းပန်းဆက်သွယ်မှု လွယ်ကူစေရန်အတွက် ရန်ကုန်မှ ပြည်မြို့သို့ ပထမဆုံး မီးရထားလမ်း တည်ဆောက်ခဲ့စဉ်က ဖြစ်သည်။ ဘူတာကြီးသည် မီးရထားဝန်း၏ တောင်ဘက်ခြမ်း Phayre Street (ယခုအခါ ပန်းဆိုးတန်းလမ်း) ရန်ကုန်မြို့လယ်တွင် တည်ရှိသည်။ ဘူတာကြီးကို ဗြိတိသျှ ဗစ်တိုးရီးယား ခေတ်ပုံစံအတိုင်း တည်ဆောက်ထားကာ လှပတင့်တယ်၍ ဂုဏ်မြင့်ဖွယ်ရာ အဆောက်အဦ ဖြစ်သည်။[၃]
ဒုတိယကမ္ဘာစစ်အတွင်းတွင် ရန်ကုန်ဘူတာကြီးသည် ဂျပန်တို့၏ စိတ်ကြိုက်ပစ်မှတ်သဖွယ် ဖြစ်လာခဲ့ပြီး ၁၉၄၃ ခုနှစ် အင်္ဂလိပ်တို့ ဆုတ်ခွာစဉ်တွင် ဖျက်ဆီးပစ်ခဲ့ကြသည်။[၃]
ရန်ကုန် ဘူတာကြီးအား ပြန်လည် တည်ဆောက်ရန်အတွက် မြန်မာရိုးရာ လက်မှုပညာများတွင် အခြေခံ၍ အင်ဂျင်နီယာ ဦးလှသွင်မှ ဒီဇိုင်းရေးဆွဲခဲ့သည်။ အဆောက်အဦသစ်သည် ၅၁၁၀ စတုရန်း မီတာ(၅၅၀၀ စတုရန်း ပေ) ကျယ်ဝန်းသည်။ အဆောက်အဦသစ် မြောက်ဘက်တွင် မြတ်ခင်းပြင်နှင့် ပန်းခြံများ၊ ကွင်းပြင်များ တည်ရှိသည်။ ၇ မေလ ၁၉၄၆ ခုနှစ် မြန်မာ့ မီးရထား အခွင့်အာဏာဖြင့် အတည်ပြုခဲ့သည်။ တည်ဆောက်ခြင်းကို ၁၉၄၇ ခုနှစ်တွင် စည်သူ ဦးတင်မှ ဆောင်ရွက်ခဲ့ပြီး ၁၉၅၄ ခုနှစ် မေလတွင် ပြီးစီးခဲ့ကာ မြန်မာကျပ်ငွေ ၄.၇၅ သန်း ကုန်ကျခဲ့သည်။ ရန်ကုန်ဘူတာကြီး ဖွင့်ပွဲကို ဇွန်လ ၅ ရက် ၁၉၅၄ ခုနှစ်တွင် ကျင်းပခဲ့သည်။[၃]
ယခုအခါ ရန်ကုန် ဘူတာကြီးကို ရန်ကုန်မြို့ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ စာရင်းတွင် ထည့်သွင်းခဲ့သည်။
ဓာတ်ပုံများ
ပြင်ဆင်ရန်-
ရန်ကုန်ဘူတာကြီး ပလက်ဖောင်စင်္ကြန်အမှတ်(၁)
-
ပလက်ဖောင်းစင်္ကြန်အမှတ်(၁)ရှိ ခရီးသည်များ စောင့်ဆိုင်းနေရာ
-
ပြည်တွင်းထုတ် လေအိတ်ဘိုဂီပါ ရိုးရိုးတန်းတွဲဆိုင်း(အတွင်းပိုင်း)
-
ပြည်တွင်းထုတ် လေအိတ်ဘိုဂီပါ ရိုးရိုးတန်းတွဲဆိုင်း(အတွင်းပိုင်း)
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ On This Day | The Day Yangon Central Railway Station Opened for Service for the Third Time (in en)။ The Irrawaddy (5 June 2020)။ 21 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 August 2021 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Xinhua News။ "Myanmar Yangon Central Railway Station to Move to New Satellite Town"၊ 2007-12-11။
- ↑ ၃.၀ ၃.၁ ၃.၂ ၃.၃ Maung Myat Mon (Sule) (2006-11-20). "Heritage structure still serves railway system". The Myanmar Times. မော်ကွန်းတင်ပြီးမိတ္တူ။ 15 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 February 2016 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်များ
ပြင်ဆင်ရန်- တရားဝင် ဝက်ဘ်ဆိုက် Archived 18 June 2015 at the Wayback Machine.