ည်သူဦးတင် (၁၉၀၃-၁၉၆၄) သည် ကျော်ကြားသော မြန်မာ ဗိသုကာပညာရှင် အင်ဂျင်နီယာတစ်ယောက် ဖြစ်သည်။ ရန်ကုန်မြို့တော်ခန်းမရန်ကုန် ဘူတာကြီးအထက (၂)၊ ဒဂုံ (ယခင် မြို့မ အထက်တန်းကျောင်း)အစရှိသော အဆောက်အဦတို့မှာ သူ၏ နာမည်ကျော် လက်ရာများ ဖြစ်သည်။[] သူသည် မြန်မာမှုလက်ရာများဖြစ်သော ပြာသာဒ်အဆင့်ဆင့်၊ အင်္ဂတေကနုတ်ပန်း အစရှိသည်တို့ကို အနောက်တိုင်းလက်ရာဟန်များနှင့် ပေါင်းစပ်၍ မတူညီသောဟန်များကို အသုံးပြု၍ တည်ဆောက်ရာတွင် လူသိများ ထင်ရှားလှသည်။[]

စည်သူ
ဦးတင်
ဇာတိ အမည်စည်သူဦးတင်
မွေးဖွား၂-၁-၁၉၀၃
ကွယ်လွန်၂၃-၂-၁၉၆၄
ရန်ကုန်မြို့
နိုင်ငံလူမျိုးမြန်မာလူမျိုး
အလုပ်အကိုင်ဗိသုကာပညာ
အိမ်ထောင်ဖက်(များ)ဒေါ်ခင်သက်တင်


စည်သူဦးတင်သည်မန္တလေးနန်းတွင်းအဆက်အနွယ်များမှဆင်းသက်လာသူဖြစ်ပြီး ၁၈၉၀ပြည့်နှစ်တွင်မန္တလေးမြို့ ပုလဲငွေရောင်ရပ်တွင်ဖွားမြင်ခဲ့သည်။ မိဘများမှာ အင်စပက်တော်ဦးတိုးနှင့်ဒေါ်မြကြီးတို့ဖြစ်ကြကာဖခင်ဦးတိုးဘက်မှမိဘများမှာမန္တလေးနန်းတွင်းမှ မင်းမှုထမ်းများဖြစ်ကြသည်။ဦးတိုး၏ဖခင်ဖြစ်သူဦးကြင်သည်မင်းတုန်းမင်းလက်ထက်နိုင်ငံခြားပညာတော်သင်တစ်ဦးဖြစ်ပြီးအိမ်ရှေ့စံကနောင်မင်းသားကြီး၏လက်ရုံးတစ်ဆူဖြစ်ကာမန္တလေးတွင်ဒင်္ဂါးစက်ရုံ အမြောက်စက်ရုံများကိုဦးစီးခဲ့သည့်မြန်မာအင်ဂျင်နီယာကြီးတစ်ဦးဖြစ်သည်။ ပန်းချီဆရာဗိသုကာပညာရှင် ဆရာ ခင်မောင်ရင်သည် ဦးတင်၏တူတော်စပ်ပါသည်။[]


ယင်းကဲ့သို့အင်ဂျင်နီယာမျိုးရိုးမှဆင်းသက်လာသောဦးတင်အဖို့လက်တွေ့လုပ်ဆောင်ရသောအင်ဂျင်နီယာလုပ်ငန်းများကိုဝါသနာပါသူဖြစ်သည်။ ကိုယ်တိုင်ကိုယ်ကျလက်တွေ့လုပ်ရမှကျေနပ်သူဦးတင်သည်မိမိပုံစံထုတ်ရေးဆွဲခဲ့သောအဆောက်အဦးများတည်ဆောက်ရာတွင်ကိုယ်တိုင်ကိုယ်ကျကြီးကြပ်ပေးခဲ့သည်။ စည်သူဦးတင်သည် ယခုအခါနှစ်ပေါင်းတစ်ရာကျော်သက်တမ်းကြာမြင့်ပြီဖြစ်သော ဂျီတီအိုင်ကျောင်း(Government Technical Institute,G.T.I) အင်းစိန်မှာတက်ရောက်ခဲ့သူတစ်ဦးဖြစ်သည်။ အင်းစိန်ဂျီတီအိုင်ကျောင်းကြီးသည် တစ်ချိန်ကအရှေ့တောင်အာရှတိုင်းပြည်များ၏ ပိုလီတက္ကနစ်ကျောင်းတော်ကြီးဖြစ်ခဲ့သည်။


စည်သူဦးတင်သည်မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၆လမ်းနှင့် ၂၄လမ်းထောင့်ရှိနာမည်ကျော်စိန့်ပီတာအထက်တန်းကျောင်း(ယခုအခါ မန္တလေးအမှတ်(၉)အစိုးရအထက်တန်းကျောင်း)မှ ဆယ်တန်းအောင်မြင်ခဲ့ပြီးရန်ကုန်သို့ ရောက်ရှိလာကာရန်ကုန်ကောလိပ်တက်ရောက်ခဲ့သည်။ ထိုစဉ်ကရန်ကုန်ကောလိပ်မှာကာလကတ္တားတက္ကသိုလ်လက်အောက်ခံအဖြစ်ထားရှိချိန်ဖြစ်သည်။ စည်သူဦးတင်သည် ၁၉၀၉တွင်ရန်ကုန်ကောလိပ်မှပညာဆုံးခန်းတိုင်အောင်ပြီးစီးခဲ့သည်။ဦးတင်သည်အခြားသူများကဲ့သို့ ကာလကတ္တားသို့လည်းဆက်လက်ပညာသွားရောက်မသင်ကြားလို၊ မြို့အုပ်မြို့ပိုင်၊နယ်ပိုင်ဝန်ထောက်များလည်းမလုပ်လိုဘဲလက်တွေ့လုပ်ငန်းများကိုသာဝါသနာပါသူတစ်ဦးဖြစ်ပေရာကိုတင်အဖို့ပညာဆက်လက်ဆည်းပူးရန်လမ်းဆုံးသွားသကဲ့သို့ဖြစ်နေသည်။


သို့သော်ကိုတင်အတွက်အားကိုးအားထားပြုစရာအစိုးရအင်ဂျင်နီယာကျောင်းတစ်ကျောင်းရှိနေပါသေးသည်။ ထိုကျောင်းကားမြန်မာအင်ဂျင်နီယာများကိုမွေးထုတ်ပေးနေရာအင်းစိန်ဂျီတီအိုင်ကျောင်းပင်ဖြစ်သည်။ ကိုတင်တို့အင်းစိန်ဂျီတီအိုင်တွင်အဆောက်အဦးနှင့်လမ်းတံတားဘာသာရပ်များကိုသင်ယူနေချိန်တွင်မြန်မာပြည်၌အင်ဂျင်နီယာပညာရပ်ဆိုင်ရာကျောင်းဟူ၍မရှိသေးပေ။ ထို့ကြောင့်အင်းစိန်ဂျီတီအိုင်မှကျောင်းဆင်းလာလျှင်ပြည်သူ့လုပ်ငန်းဌာန(Public Works Department)ကဲ့သို့သောဗြိတိသျှအစိုးရဌာနများကအလုပ်သင်အင်ဂျင်နီယာများအဖြစ်ကြိုဆိုနေကြလေသည်။ ကိုတင်သည် ၁၉၁၂-၁၃ခုနှစ်တွင်အင်းစိန်ဂျီတီအိုင်မှကျောင်းပြီးခဲ့ပြီးပြည်သူ့လုပ်ငန်းဌာနတွင်တံတားကလေးစိတ္တဇဆေးရုံစီမံကိန်းလုပ်ငန်းခွင်သို့ဝင်ရောက်ခဲ့သည်။


ဦးတင်ကအင်းစိန်ဂျီတီအိုင်မှသင်ယူခဲ့သည့်အင်ဂျင်နီယာပညာရပ်များကိုလုပ်ငန်းခွင်တွင်လက်တွေ့အသုံးချသည်။ ပရိုဖိုင်း(Profile)များရိုက်သည်မှစ၍မြေကြီးလုပ်ငန်း၊အောက်ခံကွန်ကရစ်လုပ်ငန်း၊အုတ်စီလုပ်ငန်းများကိုကိုယ်တိုင်ကြီးကြပ်ကာစနစ်တကျလုပ်ဆောင်ခဲ့သည်။ အရည်အချင်းထက်မြက်သောဦးတင်ကိုအိန္ဒိယသို့ပညာတော်သင်အဖြစ်ရွေးချယ်ခဲ့ပြီး ဘုံဘေမြို့ရှိ Sir JamstedJiJee Bho ကျောင်းတွင်တစ်နှစ်ကြာဗိသုကာပညာရပ်များကိုသင်ယူခဲ့သည်။ ကျောင်းတက်နေစဉ်တစ်ဖက်မှလည်းလက်တွေ့လုပ်ငန်းခွင်အဖြစ် MessersEreeson, Brathy & Kihib ဗိသုကာကုမ္ပဏီတွင်ဝင်ရောက်လုပ်ကိုင်ကာတည်ဆောက်ဆဲဖြစ်သောအတွင်းဝန်ရုံးတည်ဆောက်ရေးလုပ်ငန်းများကိုလေ့လာသင်ယူခဲ့သည်။

ဦးတင်သည်အိန္ဒိယနိုင်ငံမှ ၁၉၂၄တွင်ပြန်လာခဲ့ပြီးနောက်ရန်ကုန်မြို့တော်မြူနီစီပယ်ရုံးကြီးတွင်အဆောက်အဦးအင်ဂျင်နီယာ (Building Engineer) အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတာဝန်ထမ်းဆောင်နေစဉ်တစ်ဖက်မှလည်းဗိသုကာပညာရှင်အဖြစ်အထင်ကရအဆောက်အဦးအချို့ကိုပုံစံထုတ်ခြင်း၊ကိုယ်တိုင်ကြီးကြပ်တည်ဆောက်ခြင်းတို့ကိုလုပ်ဆောင်ခဲ့သည်။

ကြီးမားကျယ်ပြန့်လှသော၊မြန်မာဆန်လှသော၊ဗိသုကာလက်ရာမြောက်လှသော မြို့တော်ခန်းမကြီး၊ ခြူးပန်းခြူးနွယ်များဖြင့် မြန်မာဆန်ဆန်အလှဆင်ထားသော၊မြန်မာတစ်မျိုးသားလုံးဂုဏ်ယူရမည့် အဆောက်အဦးကြီးကိုတည်ဆောက်ခဲ့သည်။ စည်သူဦးတင်ကားရန်ကုန်မြို့တော်ခန်းမအဆောက်အဦးကြီးကိုသာမကရန်ကုန်မြို့မှ အခြားအထင်ကရ အဆောက်အဦးအချို့ကိုလည်းပုံစံထုတ်ကာတည်ဆောက်ခဲ့သည်။ စည်သူဦးတင် တည်ဆောက်ခဲ့ရသည့်အထင်ကရအဆောက်အဦးများနှင့် အကြံပြုခဲ့ရသည့်လုပ်ငန်းရပ်များမှာအောက်ပါအတိုင်းဖြစ်သည်။

  1. ရန်ကုန်မြို့တော်ခန်းမ
  2. ရွှေတိဂုံစေတီတော်အနောက်မုခ်(နှစ်ပြားတန်ဆောင်း)
  3. ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ရသည့် ဆူးလေစေတီတော် အားမူလပုံစံအတိုင်းပြန်လည်တည်ဆောက်ခြင်း
  4. ရန်ကုန်ဗဟိုမီးသတ်အဆောက်အဦး
  5. စမ်းချောင်းမြို့နယ်မီးသတ်ရုံ
  6. ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ
  7. မြို့မအထက်တန်းကျောင်း(ယခင်)၊ (ယခု) အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
  8. ရန်ကုန်ဘူတာကြီး
  9. မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (ရန်ကုန်) (MFTB)
  10. ကော်မာရှယ်ဘဏ်(မန္တလေး)
  11. ကောလိပ်ကျောင်းများ(မန္တလေး၊မော်လမြိုင်၊ပုသိမ်၊တောင်ကြီး)

တို့ဖြစ်ကြသည်။

  1. ၁.၀ ၁.၁ Falconer၊ John; Luca Invernizzi Tettoni (2000)။ Burmese design and architecture။ Tuttle Publishing။ pp. 78ISBN 9789625938820
  2. [2] ကိုးကား-ဆရာတင်နိုင်တိုး ၏မြန်မာ့ဂုဏ်ဆောင် ဗိသုကာပညာရှင် စည်သူဦးတင်စာအုပ်