ရဟောသညက
အရှင်ရဟောသညကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
ပြင်ဆင်ရန်ဟိမဝန္တာတောင်အနီးတွင် “ဝသဘ” အမည်ရှိသည့်တောင်တွင် အရှင်ရဟောသညကထေရ် သည် နေသည့် ပုဏ္ဏားဖြစ်၏။ ထိုပုဏ္ဏားတွင် တပည့်သုံးထောင်ရှိ၏။ နောင်သောအခါ ထိုတပည့်တို့ကို စွန့်ကာ သင့်တင့်ရာသို့ဝင်၏။ ထို့နောက် ထိုင်နေ၍ ဗုဒ္ဓဗေဒင်ကို ရှာမှီးကာ စိတ်ကို ကြည်လင်အောင် ပြုလုပ်အောင်ပြုလုပ်၏။ ထိုသို့ သစ်ရွက်အခင်းတွင် ထက်ဝယ်ဖွဲ့ခွေနေလျက်ပင် ပုဏ္ဏားသည် သေခဲ့၏။[၁]
အကျိုးခံစားရခြင်း
ပြင်ဆင်ရန်ထိုသို့ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်တွင် ဉာဏ်တော်၌ အမှတ်သညာရခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ နှစ်ဆယ့်ခုနစ်ကမ္ဘာထက်တွင် “သိရိဓရ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
ပြင်ဆင်ရန်နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ရဟောသညကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]