သန္တောသ [၁] ဟူသော ပါဠိစာလုံးကို

(က) (မိမိပိုင် ပစ္စည်း-ထင်ရှားရှိဆဲ ပစ္စည်း-ဖြင့်-သင့်တော်-ညီမျှ-စွာ) ကျေနပ်-နှစ်သက်-ဝမ်းမြောက်-တင်းတိမ်-ရောင့်ရဲ-တတ်သော (တရား)။

(ခ) (မိမိပိုင် ပစ္စည်း-ထင်ရှားရှိဆဲ ပစ္စည်း-ဖြင့်-သင့်တော်-ညီမျှ-စွာ) ကျေနပ်-နှစ်သက်-ဝမ်း မြောက်-တင်းတိမ်-ရောင့်ရဲ-ကြောင်းဖြစ်သော (တရား)။

(ဂ) (မိမိပိုင် ပစ္စည်း-ထင်ရှားရှိဆဲ ပစ္စည်း-ဖြင့်-သင့်တော်-ညီမျှ-စွာ) ကျေနပ်-နှစ်သက်-ဝမ်းမြောက်-တင်းတိမ်-ရောင့်ရဲ-ခြင်း။ (အလောဘနှင့် အလောဘပြဓာန်းသော စိတ္တုပ္ပါဒ် ရသည်)။ [၂]

ရောင့်ရဲတင်းတိမ်ခြင်း ၁၂ မျိုး ပြင်ဆင်ရန်

  • ၁။ သင်္ကန်း၌ မိမိရလာသည်နှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊ မိမိ စွမ်းအားနှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊ မိမိနှင့် လျောက်ပတ်သည်နှင့် လျော်ညီစွာ ရောင်ရဲခြင်း ၃ ပါး၊
  • ၂။ ဆွမ်း၌လည်း မိမိရရှိလာသည်နှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊ မိမိစွမ်းအားနှင့် လျော်ညီစွာ ရောင့်ရဲ့ခြင်း၊ မိမိနှင့် လျောက်ပတ်သည်နှင့် လျော်ညီစွာ ရောင့်ရဲခြင်း ၃ ပါး၊
  • ၃။ ကျောင်းအိပ်ရာ နေရာ၌လည်း မိမိရရှိလာသည်နှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊ မိမိစွမ်းအားနှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊ မိမိနှင့် လျောက်ပတ်သည်နှင့် လျော်ညီစွာ ရောင့်ရဲခြင်း ၃ ပါး၊
  • ၄။ ဆေးပစ္စည်း၌လည်း မိမိရရှိလာသည်နှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊ မိမိစွမ်းအားနှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊ မိမိနှင့် လျောက်ပတ်သည်နှင့် လျော်ညီစွာ ရောင့်ရဲခြင်း ၃ ပါး၊ ပေါင်း ၁၂ ပါး။ [၃]

ဆွမ်း၌ ရောင့်ရဲခြင်း ပြင်ဆင်ရန်

[၄] ဆွမ်း ခဲဖွယ်ဘောဇဉ်စသည်၌-ရောင့်ရဲခြင်း-ရတတ်သမျှဖြင့်ကျေနပ်ခြင်း။ ပိဏ္ဍပါတ-ကြည့်။

ပိဏ္ဍပါတသန္တောသသည် ပိဏ္ဍပါတေ ဝိတက္ကသန္တောသစသည်ဖြင့် (၁၅)ပါးရှိ၏။

  1. အတိရေကဘတ်=ပိုလျှံသောဘောဇဉ်ကို သာယာသောရဟန်းသည် မျက်နှာသစ်ပြီးနောက် ဤသို့ကြံစည်၏။ ရဟန်းအပေါင်း နှင့်အတူ ဆွမ်းခံလှည့်လည်သော ပိဏ္ဍပတ်ဓုတင်ဆောင်ရဟန်းသည် ညနေချမ်း မထေရ်ကြီးကို ဆည်းကပ်သောအခါ “ငါတို့ မနက်ဖြန် အဘယ်အရပ်၌ ဆွမ်းခံလှည့်လည်မည်နည်း”ဟု မေးလျှင် “မနက်ဖန် ဤမည်သော ရွာ၌ဆွမ်းခံလှည့်လည်ပါမည်”ဟု ပြောအံ့၊ ဤမျှလောက်သာကြံ စည်၍ အခြားကိုမကြံစည်။ တစ်ပါးတည်း ဆွမ်းခံကြွသောရဟန်းသည် ကြံစည်ရာ တန်ဆောင်းဝန်း၌ (ဇရပ်ဆောင်၌) ထို့အတူ ကြံ၏၊ ထို့ထက် ကြံစည်သော ရဟန်းသည် အရိယဝံသမှ ရွေ့ လျောသူ ဖြစ်၏၊ ဤကား ဝိတက္ကသန္တောသတည်း။
  2. ဆွမ်းခံကြွသောရဟန်းသည် အဘယ် အရပ်၌ ဆွမ်းရမည်နည်း မကြံစည်ဘဲ ကမ္မဋ္ဌာန်းကို ပဓာနပြုလျက်ကြွ၏၊ ဤကား ဂမနသန္တောသတည်း။
  3. ဆွမ်းခံကြွသော ရဟန်းသည် မြင်မြင်ရာရာအဖော်ရဟန်း ကိုမခေါ်ဘဲ လဇ္ဇီရဟန်းကိုသာ အဖော်ခေါ်၍ ဆွမ်းခံကြွ၏၊ ဤကား ပရိယေသနသန္တောသတည်း။
  4. တကာတစ်ဦးကို အဝေး မှ ဆွမ်းယူလာသည်ကိုမြင်လျှင် ထိုဆွမ်းကို ကောင်း၏ မကောင်း-ဟု စိတ်ကူးမဖြစ်၊ ဤကား ပဋိလာဘသန္တောသတည်း။
  5. ကောင်းလျှင် ခံယူမည် မကောင်းလျှင် မခံယူဟု မကြံစည်ဘဲ မည်သည့်ဆွမ်းပင်ဖြစ်စေ မျှတရုံ ခံယူခြင်းသည် ပဋိဂ္ဂဏသန္တောသတည်း။
  6. (လှူဖွယ်ကား များ၏၊ တကာသည် အနည်းငယ်ကိုသာ လှူလိုလျှင် အနည်းငယ်ကိုသာ ခံယူရမည်၊ တကာသည် များစွာလှူလိုလျှင် ပမာဏဖြင့်သာ(မျှတရုံလောက်သာ) ခံယူရမည်။ လှူဖွယ်သည် မများ၊ တကာသည် အနည်းငယ်ကိုသာ လှူလိုလျှင် အနည်းငယ်ကိုသာ ခံယူရမည်။ လှူဖွယ်သည် မများ၊ တကာသည် များစွာလှူလိုလျှင် ပမာဏဖြင့် သာခံယူရမည်။ ခံယူရာ၌ ပမာဏကို မသိလျှင် လူတို့၏ ကြည်ညိုခြင်းကို ပျက်စီးစေ၏၊ သဒ္ဓါ၍လှူအပ်သော ဆွမ်းကို ပျက်စီး စေ၏၊ မြတ်ဘုရား၏အဆုံးအမ သာသနာတော်ကို မလိုက်နာ။ မိခင်ရင်း၏စိတ်ကို သော်မှလည်း မယူနိုင်၊ မကြည်ညိုစေနိုင်၊ ဤသို့ပမာဏကို သိ၍ ခံယူရမည်။ ဤကား မတ္တပဋိဂ္ဂဟဏသန္တောသတည်း။
  7. သဒ္ဓါ တရား ကောင်းသောအိမ်သို့သာ မကြွဘဲ အိမ်စဉ်ဆွမ်းခံကြွရမည်၊ ဤကား လောလုပ္ပဝဇ္ဇနသန္တောသ တည်း။
  8. ရတတ်သမျှသော ဆွမ်းဖြင့်ရောင့်ရဲခြင်းသည် ယထာလာဘသန္တောသတည်း။
  9. မိမိစွမ်းအားရှိသလောက် (မိမိအတွက် လုံလောက်ရုံ)သာခံယူခြင်းသည် ယထာဗလသန္တောသတည်း။
  10. မိမိအား သင့်လျော်သော ဘောဇဉ်ကိုသာ ခံယူခြင်းသည် ယထာသာရုပ္ပသန္တောသတည်း။
  11. ဆွမ်းဘုဉ်းပေး၍ ရဟန်းတရားကို စောင့်ရှောက်အံ့ဟု ဆွမ်း၏ကျေးဇူးစသည်ကို သိ၍ သုံးဆောင်ခြင်းသည် ဥပကာရသန္တောသတည်း။
  12. သပိတ်အပြည့်ယူဆောင် လာလျှင် မခံယူအပ်၊ ရှင်လူရှိသော် သူ့ကို လက်ခံစေအပ်၏၊ မရှိသော် အပိုကို ပယ်ရှားစေ၍ ခံယူခြင်းသည် ပရိမာဏသန္တောသတည်း။
  13. ဆာလောင်ခြင်းသည် အာဟာရ တဏှာမှ ထွက်မြောက်ခြင်းတည်းဟု သိ၍ သုံးဆောင်ခြင်းသည် ပရိဘောဂသန္တောသတည်း။
  14. သိုမီး၍ မသုံးဆောင်ခြင်းသည် သန္နိဓိပရိဝဇ္ဇနသန္တောသတည်း။
  15. မျက်နှာ မလိုက်ဘဲ သာရဏီယတရား၌တည်လျက် ဆွမ်းကို စွန့်ခြင်းသည် ဝိဿဇ္ဇနသန္တောသတည်း။ ပိဏ္ဍပါတ-လည်းကြည့်။ [၅] [၆]

သင်္ကန်း၌ ရောင့်ရဲခြင်း ၂၀ မျိုး ပြင်ဆင်ရန်

  • ၁။ စီဝရေ ဝိတက္ကသန္တောသော- သင်္ကန်းရရန် ကြံစည်မှု၌ ရောင့်ရဲခြင်း၊
  • ၂။ ဂမနသန္တောသော- သင်္ကန်းရရန် သွားခြင်း၌ ရောင့်ရဲခြင်း (ကမ္မဋ္ဌာန်းဖြင့် သွားခြင်း။)၊
  • ၃။ ပရိယေသနသန္တောသော- သင်္ကန်းအတွက် ရှာမှီးခြင်း၌ ရောင့်ရဲခြင်း၊
  • ၄။ ပဋိလာဘသန္တောသော- ရရှိသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၊
  • ၅။ မတ္တပဋိဂ္ဂဟဏ သန္တောသော- ပမာဏဖြင့် ခံယူခြင်း၌ ရောင့်ရဲခြင်း၊
  • ၆။ လောလုပ္ပဝိဝဇ္ဇနသန္တောသော- လောလုပ္ပတဏှာကို ပယ်၍ အိမ်စဉ်အတိုင်း လှည့်လည်ခြင်း၌ ရောင့်ရဲခြင်း၊
  • ၇။ ယထာ လာဘသန္တောသော- ကောင်းကောင်း, မကောင်းကောင်း ရသမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၊
  • ၈။ ယထာဗလသန္တောသော- မိမိ၏ အားအစွမ်းကို သိ၍ စွမ်းနိုင်သမျှဖြင့် ရောင့်ရဲခြင်း၊
  • ၉။ ယထာ သာရုပ္ပသန္တောသော- မိမိနှင့် သင့်လျော်သမျှဖြင့် ရောင့်ရဲခြင်း၊
  • ၁၀။ ဥဒက သန္တောသော- ကောင်းကောင်း, မကောင်းကောင်း ဖွပ်လျော်လောက်သော ရေဖြင့်သာ ဖွပ်လျော်၍ ရောင့်ရဲခြင်း၊
  • ၁၁။ ဓောဝနသန္တောသော- လက်ရိုက်တုတ် စသည်ဖြင့် မလျော်ဖွပ်ဘဲ လက်ဖြင့်သာ လျော်ဖွပ်၍ ရောင့်ရဲခြင်း၊
  • ၁၂။ ကရဏသန္တောသော- သင်္ကန်းချုပ်လောက်သော အဝတ်ကို ဆောင်ယူ၍ သင်းပိုင် ဧကသီ စသည် ပြုလုပ်ခြင်းဖြင့် ရောင့်ရဲခြင်း၊
  • ၁၃။ ပရိမာဏ သန္တောသော- အဝန်းသုံးပါး ဖုံးလွှမ်းရုံမျှ ပြုလုပ်ခြင်းဖြင့် ရောင့်ရဲခြင်း၊
  • ၁၄။ သုတ္တသန္တောသော- ရသော ချည်ကို ယူ၍ သင်္ကန်းပြုလုပ်ခြင်းဖြင့် ရောင့်ရဲခြင်း၊
  • ၁၅။ သိဗ္ဗနသန္တောသော- ချုပ်ခြင်းအမှု၌ ရောင့်ရဲခြင်း၊
  • ၁၆။ ရဇနသန္တောသော- ရသော ဆိုးရည်ဖြင့် ရောင့်ရဲခြင်း၊
  • ၁၇။ ကပ္ပသန္တောသော- ကပ္ပဗိန္ဓုထိုးခြင်း၌ ရောင့်ရဲခြင်း၊
  • ၁၈။ ပရိဘောဂသန္တောသော- သင်္ကန်းကို သုံးစွဲခြင်း၌ ရောင့်ရဲခြင်း၊
  • ၁၉။ သန္နိဓိပရိဝဇ္ဇနသန္တောသော- အဓိဋ္ဌာန်တင်၍ သုံးစွဲသောအားဖြင့် ရောင့်ရဲခြင်း၊
  • ၂၀။ ဝိဿဇ္ဇနသန္တောသော- သာရဏီယအကျင့်၌ တည်၍ စွန့်အပ်သည်ကို ရောင့်ရဲခြင်းဖြင့် ရောင့်ရဲခြင်း။ [၇]

ကျောင်း၌ ရောင့်ရဲခြင်း ၁၅ မျိုး ပြင်ဆင်ရန်

  • ၁။ ကြံစည်ခြင်း၌ ရောင့်ရဲခြင်း၊
  • ၂။ သွားခြင်း၌ ရောင့်ရဲခြင်း၊
  • ၃။ ရှာမှီးခြင်း၌ ရောင့်ရဲခြင်း၊
  • ၄။ ရရှိခြင်း၌ ရောင့်ရဲခြင်း၊
  • ၅။ ခံယူခြင်း၌ ရောင့်ရဲခြင်း၊
  • ၆။ အတိုင်းအရှည်အားဖြင့် ခံယူခြင်း၌ ရောင့်ရဲခြင်း၊
  • ၇။ လျှပ်ပေါ်ခြင်းကို ရှောင်ကြဉ်ရာ၌ ရောင့်ရဲခြင်း၊
  • ၈။ အကြင်အကြင် ရအပ်သော ကျောင်း၌ ရောင့်ရဲခြင်း၊
  • ၉။ မိမိအားအစွမ်းနှင့် လျော်ညီစွာ ရောင့်ရဲခြင်း၊
  • ၁၀။ မိမိအား လျောက်ပတ်သည်အားလျော်စွာ ရောင့်ရဲခြင်း၊
  • ၁၁။ ကျေးဇူးပြုခြင်း၌ ရောင့်ရဲခြင်း၊
  • ၁၂။ အတိုင်းအရှည်၌ ရောင့်ရဲခြင်း၊
  • ၁၃။ သုံးဆောင် ရာ၌ ရောင့်ရဲခြင်း၊
  • ၁၄။ သိုမှီးခြင်းကို ရှောင်ကြဉ်ရာ၌ ရောင့်ရဲခြင်း၊
  • ၁၅။ စွန့်ကြဲရာ၌ ရောင့်ရဲခြင်း။ [၈]

ကိုးကား ပြင်ဆင်ရန်

  1. (ပု) သံ+ တုသ+ နီတိ၊ ဓာတု။ ၂၄၀။ သံတောပ-သံ။ သံတောသ-ပြာ၊ အဒ္ဓမာဂဓီ။]
  2. သန္တောသ ၁၂-ပါး ရှိသည်။ ယင်း သန္တောသ ၁၂-ပါး၏ အကျယ်ကို ဒီ၊ဋ္ဌ၊၁၊၁၈၂-၈။ မ၊ဋ္ဌ၊၂၊၄၇-၉။ သံ၊ဋ္ဌ၊၂၊၁၅၀-၂။ အံ၊ဋ္ဌ၊၁၊၆၀-၁။ ခုဒ္ဒက၊ဋ္ဌ၊၁၂၂-၃။ ဥဒါန၊ဋ္ဌ၊၂၀၈-၉။ သုတ္တနိ၊ဋ္ဌ၊၂၊၂၇-၉။ မဟာနိ၊ဋ္ဌ၊၂၈၇-၉။ တို့ကြည့်။ သော ပနေသ သန္တောသော ဒွါဒသဝိဓော ဟောတိ။ ဒီ၊ဋ္ဌ၊၁၊၁၈၂။ မဟာနိ၊ဋ္ဌ၊၂၈၇။ သန္တုဿတိ န လုဒ္ဓေါ ဘဝတီတိ... သန္တုဿတိ တေန, သန္တုဿနမတ္တန္တိ ဝါ သန္တောသော၊ တထာ ပဝတ္တော အလောဘော၊ အလောဘပဓာနာ ဝါ စတ္တာရော ခန္ဓာ။ သီ၊ဋီ၊သစ်၊၂၊၁၁၁။ စတူသု ပန ပစ္စယေသု တယော တယော သန္တောသာတိ ဒွါဒသဝိဓော ဟောတိ သန္တောသော။ သာရတ္ထ၊၂၊၂၆။
  3. (ဒီ၊ဋ္ဌ၊၁၊၁၈၂။) (မ၊ဋ္ဌ၊၂၊၄၇။) (အံ၊ဋ္ဌ၊၁၊၆၀။) (ခုဒ္ဒက၊ဋ္ဌ၊၁၂၂။) (ဥဒါန၊ဋ္ဌ၊၂၀၈။) (သုတ္တနိ၊ဋ္ဌ၊၂၊၂၇။) (မဟာနိ၊ဋ္ဌ၊၂၈၇။) (သာရတ္ထ၊ဋီ၊၂၊၂၆။) (ဒီ၊ဋ္ဌ၊မြန်၊၁။၃၅၇။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  4. ပိဏ္ဍပါတသန္တောသ (ပု) [ပိဏ္ဍပါတ+သန္တောသ]
  5. သာရိပုတ္တတ္ထေရော... ဒုတိယံ ပိဏ္ဍပါတသန္တောသံ ကထေတွာ။ ဒီ၊ဋ္ဌ၊၃၊၁၉၉။ ဧတ္တာဝတာ စ သတ္ထာ ပိဏ္ဍပါတသန္တောသေန အသန္တုဋ္ဌောတိ န ဝတ္တဗ္ဗာ။ မ၊ဋ္ဌ၊၃၊၁၆၆။
  6. တိပိဋကအဘိဓာန် အတွဲ-၁၄ အပိုင်း(ဂ)
  7. (ဒီ၊ဋ္ဌ၊၃၊၁၉၂။) (အံ၊ဋ္ဌ၊၂၊၂၈၀။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်
  8. (ဒီ၊ဋ္ဌ၊၃၊၁၉၉။) (စူဠနိ၊ဋ္ဌ၊၁၁၅။)♦ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန်