ရော်ဂျာ ဘေကန်
ရော်ဂျာ ဘေကန် (အင်္ဂလိပ်: Roger Bacon, /ˈbeɪkən/;[၆] လက်တင်: Rogerus (သို့) Rogerius Baconus, Baconis, Frater Rogerus ဟုလည်းသိရှိ; c. 1219/20 – c. 1292) သည် အလယ်ခေတ် အင်္ဂလိပ် ဒဿနပညာရှင်၊ စိန့်ဖရန်စစ်ဂိုဏ်းဝင် ရဟန်းတစ်ပါးဖြစ်၍ အခြေစိုက်ဒဿန (ကိုယ်တွေ့မျက်မြင်)မှတစ်ဆင့် သဘာဝတရားကို လေးနက်စွာလေ့လာခဲ့သူ ဖြစ်သည်။ ၎င်းကို ခရစ်ယာန်ဝါဒကို အကျိုးပြုသဖြင့် ဂုဏ်ပြုချီးမြှောက်ခံရသော ဒေါက်တာ မစ်ရာဘစ်လစ် (Doctor Mirabilis) အဖြစ်လည်း သိရှိကြသည်။ ခေတ်သစ်အစပိုင်းတွင် ၎င်းကို စုန်း (မှော်/စုန်းပညာတတ်သူ) ဟု ယူဆခဲ့ကြပြီး စက်ယန္တရား (သို့) အောက်လမ်းပညာဖြင့် လုပ်ဆောင်ထားသည့် ကြေးစက်ရုပ် (brazen head) ဇာတ်လမ်းဖြင့် အဓိက ထင်ပေါ်ခဲ့သူဖြစ်လေသည်။ ရံခါတွင် ဘေကန်ကို (အဓိကအားဖြင့် ၁၉ ရာစုမှစတင်ကာ) ခေတ်သစ် သိပ္ပံနည်းကျ နည်းလမ်းကို ဥရောပသားများ၌ အစောဆုံးထောက်ခံအားပေးသူများထဲကတစ်ဦးဟူ၍ ဂုဏ်ပြုကြသည်။ ဘေကန်သည် အီဘင်း အယ်လ်ဟေးသမ် (Ibn al-Haytham) ၏ အခြေစိုက်ဒဿနအား အရစ္စတိုတယ်ရေးသည်ဟုဆိုနိုင်သော စာပေများကို စူးစမ်းရာ၌ အသုံးချခဲ့ပြီး အရစ္စတိုတယ် ခန့်မှန်းခဲ့မည့် ရလဒ်များနှင့် ၎င်းတွေ့ရှိရသော ရလဒ်များသည် မတူညီသောအခါ ထိုသို့ ကိုယ်တွေ့မျက်မြင် စစ်ဆေးစမ်းသပ်မှု၏ အရေးပါမှုကို ရှာဖွေတွေ့ရှိခဲ့သည်။[၇][၈]
Roger Bacon OFM | |
---|---|
မွေးဖွား | c. 1219/20[n ၁] အင်္ဂလန်၊ ဆန်းမာဆက်ကောင်တီ၊ အီလ်ချက်စတာအနီး |
ကွယ်လွန် | c. 1292[၂][၃] (အသက် ၇၂/၇၂ ခန့်) အင်္ဂလန်၊ အောက်စဖို့ဒ်ရှီးယား၊ အောက်စဖို့ဒ်မြို့ |
နိုင်ငံလူမျိုး | အင်္ဂလိပ် |
အခြား အမည်များ | Doctor Mirabilis |
မိခင်ကျောင်း | အောက်စဖို့ဒ်တက္ကသိုလ် |
ခေတ် | အလယ်ခေတ် ဒဿန |
ဒေသ | အနောက်တိုင်း ဒဿနအဝန်းအဝိုင်း |
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school) | Scholasticism |
အဓိက စိတ်ဝင်စားရာ | Theology Natural philosophy |
မှတ်သားလောက်သည့် အတွေးအကြံ | Experimental science |
သူ့အပေါ်ဩဇာလွှမ်းမိုးမှုများ
| |
၎င်း၏ ဘာသာစကားဆိုင်ရာ လက်ရာများသည် ဘုံသဒ္ဒါ (universal grammar) ကို ရှင်းလင်းဖော်ပြမှု အစောပိုင်းကျခြင်းကြောင့် အရေးပါ၍ ကောင်းမွန်သည်ဟု သတ်မှတ်ကြ၏ ။ ခရစ်ယာန်ရိုးရာစဉ်လာကျမ်းစာများမှ ရရှိသော စမ်းသပ်မှုဆိုင်ရာ အသိပညာ ဗဟုသုတများစွာဖြင့် ဘေကန်သည် အမှန်စင်စစ် အလယ်ခေတ်၏ အတွေးခေါ်သမားဖြစ်သည်ဟု ၂၁ ရာစု ပြန်လည်အကဲခတ်ဆန်းစစ်ခြင်းများက ဆိုသည်။[၉] အလယ်ခေတ် တက္ကသိုလ်များ၏ သင်ရိုးကို ပြန်လည်ဖော်ထုတ်ခဲ့ကာ ထိုခေတ်၏ တက္ကသိုလ် ရိုးရာသင်ရိုးများထဲသို့ 'အလင်းနှင့်အမြင်ဆိုင်ရာပညာရပ်' (optics) ကို ထည့်သွင်းသည့် အချိန်ဖြစ်လာခဲ့သည်။[၁၀]
ဘေကန်၏ ပဓာနလက်ရာ အိုပပ်စ် မာဂျပ်စ် (Opus Majus) ကို ပုပ်ရဟန်းမင်း၏ တောင်းဆိုမှုဖြင့် ၁၂၆၇ တွင် ရောမရှိ ပုပ်ရဟန်းမင်း ကလဲမန့်ဆီသို့ ပို့ပေးခဲ့ရသည်။ ယမ်းမှုန့်သည် တရုတ်ပြည်တွင် စတင်တည်ထွင်ခဲ့သော်လည်း ဥရောပ၌ ထိုဖော်မြူလာကို ပထမဆုံး မှတ်တမ်းပြုခဲ့သူမှာ ဘေကန်ပင်ဖြစ်လေသည်။
မှတ်စု
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ Complete Dictionary of Scientific Biography။ Charles Scribner's Sons။ 2008။
- ↑ EB (1878), p. 220.
- ↑ ODNB (2004).
- ↑ Jeremiah Hackett (ed.), Roger Bacon and the Sciences: Commemorative Essays 1996, BRILL, 1997, p. 277 n. 1.
- ↑ Tom Sorell (ed.), The Cambridge Companion to Hobbes, Cambridge University Press, 1996, p. 155 n. 93.
- ↑ "Bacon" entry in Collins English Dictionary.
- ↑ Ackerman (1978), p. 119.
- ↑ Who is Roger Bacon?။ 7 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 September 2021 တွင် ပြန်စစ်ပြီး။
- ↑ MSTM (2005).
- ↑ SEP (2013), §1.
ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |