ရော်တာဒမ်မြို့
ရော်တာဒမ်မြို့(အင်္ဂလိပ်: Rotterdam, /ˈrɒtərdæm/ rot-ƏR-dam,[၇][၈] ဒက်ချ်: [ˌrɔtərˈdɑm] ( ); အနက်. "ရော့မြစ်ထက်မှ ဆည်")သည် နယ်သာလန်နိုင်ငံတွင် ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဥရောပတွင် အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်သည်။ ရော်တီ မြစ်ထက်မှ ဆည်တစ်ခုအဖြစ် စတင်ခဲ့သော ရော်တာဒမ်မြို့သည် ယခုအခါတွင် ဥရောပ၏ စီးပွားရေး အချက်အချာ ဌာန တစ်ခုအဖြစ် တည်ရှိသည်။ မြောက်ပင်လယ် မြစ်ဝကျွန်းပေါ်ဒေသ မဟာဗျူဟာ ကျသော ဒေသတွင် တည်ရှိသည့်အပြင် ကားလမ်း၊ ရထားလမ်း၊ လေကြောင်းလမ်း၊ ကုန်တွင်းရေကြောင်းလမ်းများ အများအပြား ဆုံရာ ဒေသတွင် ရှိသဖြင့် ရော်တာဒမ်မြို့ကို ဥရောပ၏ တံခါးပေါက်ဟုပင် တင်စားခေါ်ဝေါ်ကြသည်။
ရော်တာဒမ် Rotterdam (ဒတ်ချ်) | |||||
---|---|---|---|---|---|
City and municipality | |||||
| |||||
နာမည်ပြောင်(များ): Rotown, Roffa, Rotjeknor, Nultien, 010 | |||||
ဆောင်ပုဒ်: Sterker door strijd (Stronger through effort) | |||||
Location in South Holland | |||||
Location in South Holland | |||||
ကိုဩဒိနိတ်: 51°55′N 4°29′E / 51.92°N 4.48°Eကိုဩဒိနိတ်: 51°55′N 4°29′E / 51.92°N 4.48°E | |||||
နိုင်ငံ | နယ်သာလန် | ||||
ပြည်နယ် | တောင်ပိုင်းဟော်လန်ပြည်နယ် | ||||
ခရိုင်များ | |||||
အစိုးရ[၁] | |||||
• အစိုးရအဖွဲ့ | စည်ပင်သာယာရေးကောင်စီ | ||||
• မြို့တော်ဝန် | Ahmed Aboutaleb (PvdA) | ||||
• အဖွဲ့ဝင်များ | |||||
ဧရိယာ[၂][၃] | |||||
• စည်ပင်နယ်နိမိတ် | ၃၂၄.၁၄ စတုရန်းကီလိုမီတာ (၁၂၅.၁၅ စတုရန်းမိုင်) | ||||
• ကုန်းမြေ | ၂၁၇.၅၅ စတုရန်းကီလိုမီတာ (၈၄�၀၀ စတုရန်းမိုင်) | ||||
• ရေထု | ၁၀၆.၅၉ စတုရန်းကီလိုမီတာ (၄၁.၁၅ စတုရန်းမိုင်) | ||||
• Randstad | ၃၀၄၃ စတုရန်းကီလိုမီတာ (၁၁၇၅ စတုရန်းမိုင်) | ||||
လူဦးရေ (1 January 2023)[၃][၅][၆] | |||||
• စည်ပင်နယ်နိမိတ် | ၆၆၄,၃၁၁ | ||||
• သိပ်သည်းမှု | ၂,၉၉၅/km၂ (၇၇၆၀/sq mi) | ||||
• မြို့ပေါ် | ၁,၂၇၃,၃၈၅ | ||||
• မြို့ပြကြီး | ၂,၃၉၀,၁၀၁ [မှတ်စု ၁] | ||||
• Randstad | ၈,၃၆၆,၀၇၈ | ||||
Demonym(s) | Rotterdammer | ||||
အချိန်ဇုန် | CET (UTC+1) | ||||
• နွေရာသီ (DST) | CEST (UTC+2) | ||||
စာပို့သင်္ကေတ | 3000–3099 | ||||
တယ်လီဖုန်းဧရိယာကုတ်နံပါတ် | 010 | ||||
ဝက်ဘ်ဆိုဒ် | rotterdam.nl (in ဒတ်ချ်) | ||||
မျက်နှာပြင်အပြည့်ကြည့်ရှုရန် မြေပုံပေါ်တွင် ကလစ်နှိပ်ပါ။ |
ရော်တာဒမ်ဟူသော အမည်မှာ ရော့မြစ်၏ ရေကာတာဟု အဓိပ္ပာယ်ရသည်။ ရော်တာဒမ်မြို့သည် မားစမြစ်ကမ်းနှစ်ဘက်ပေါ်တွင် တည်ရှိ၍ အမ်စတာဒမ်မြို့မှ အနောက်တောင်ဘက် ၄၄ မိုင်ခန့် ကွာဝေး သည်။ နယ်သာလန်နိုင်ငံတွင် အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်၏။ ပင်လယ်မှ ၁၅ မိုင်ခန့် ကွာဝေးသော်လည်း မြစ်ရေ နက်၍ ဒီရေမြင့်သဖြင့် ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်သည်။ ရော်တာဒမ်မြို့သည် မြောက်ပင်လယ်နှင့် ၁၇ မိုင်ခန့် ရှည်သော တူးမြောင်းဖြင့် ဆက်လျက်ရှိသည်။ ရော်တာဒမ်မြို့တွင် သင်္ဘောတည်ဆောက်သည့်လုပ်ငန်းမှာ အရေးအကြီးဆုံး စက်မှုလုပ်ငန်းဖြစ်သည်။ ဆေးလိပ်၊ သုတ်ဆေး၊ အရက်၊ သကြားနှင့် ဓာတုဗေဒပစ္စည်း ထုတ်လုပ်သော စက်ရုံ များလည်း ရှိသည်။
မြို့တွင်း၌ ဒပ်ချ်အမျိုးသားပန်းချီကျော်တို့၏ လက်ရာ များကို ပြသထားသည့် ပြတိုက်မှာ ထင်ရှားသည်။ တိရစ္ဆာန် ဥယျာဉ်နှင့် ရုက္ခဗေဒဥယာဉ်များလည်း ရှိသည်။ ၁၄ ရာစုနှစ် အတွင်းက ဆောက်လုပ်ပြီးစီးခဲ့သော ဂေါ့သပုံစံ စိန်လောရင့် ဘုရားရှိခိုးကျောင်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့ ဗုံးကြဲတိုက်ခိုက်သည့် ဒဏ်ကို ခံခဲ့ရသည်။
၁၉၄ဝ ပြည့်နှစ် မေလ ၁၄ ရက်နေ့တွင် ဂျာမန်လေတပ် သည် ရော်တာဒမ်မြို့လယ်ကို ပြင်းပြင်းထန်ထန် ဗုံးကြဲဖျက်ဆီးခဲ့ကြ၏။ ထိုနေ့ညနေတွင် နယ်သာလန်တပ်များသည် ဂျာမန်တို့ ထံ လက်နက်ချ အညံ့ခံကြသည်။ ၁၉၄၅ ခုနှစ်တွင် ရော်တာဒမ် မြို့သည် ဂျာမန်တို့လက်အောက်မှ လွတ်မြောက်ခဲ့လေသည်။ လူဦးရေ ၇၃၁၅၆၄ ယောက်(၁၉၆၅)ရှိသည်။[၉]
ကိုးကား
ပြင်ဆင်ရန်အောက်ခြေမှတ်စု
ပြင်ဆင်ရန်မှတ်စုများ
ပြင်ဆင်ရန်- ↑ College van b en w (in nl)။ Gemeente Rotterdam။ 1 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 December 2014 တွင် ပြန်စစ်ပြီး။
- ↑ တမ်းပလိတ်:Dutch municipality total area
- ↑ ၃.၀ ၃.၁ တမ်းပလိတ်:Cite tech report
- ↑ "Over de Metropoolregio Rotterdam Den Haag"၊ MRDH.nl၊ 2014။ "De Metropoolregio Rotterdam Den Haag is het gebied dat nu de huidige stadregio’s Rotterdam en Haaglanden omvat. Binnen dat gebied gaan de 24 gemeenten hun krachten bundelen in het samenwerkingsverband Metropoolregio Rotterdam Den Haag om de internationale concurrentiepositie van de regio te versterken. De Metropoolregio regio heeft 2,2 miljoen inwoners."
- ↑ တမ်းပလိတ်:Dutch municipality population
- ↑ တမ်းပလိတ်:Dutch municipality population urbanmetro
- ↑ Wells၊ John C. (2008)၊ Longman Pronunciation Dictionary (3rd ed.)၊ Longman၊ ISBN 9781405881180
- ↑ Roach၊ Peter (2011)၊ Cambridge English Pronouncing Dictionary (18th ed.)၊ Cambridge: Cambridge University Press၊ ISBN 9780521152532
- ↑ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၉)။ "ရော်တာဒမ်မြို့"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း။ ၁၁ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: စာပေဗိမာန်။