ဗဟိုဥရောပဒေသ စံတော်ချိန်
ဗဟိုဥရောပ စံတော်ချိန်(အင်္ဂလိပ်: Central European Time) (CET) သည် Coordinated Universal Time (UTC) ထက် ၁ နာရီမျှ ရှေ့ရောက်နေသော စံတော်ချိန်ဖြစ်သည်။ UTC မှ Time offset ကို UTC+01:00 ဟု ရေးသားသည်။ ဤစံတော်ချိန်ကို ဥရောပရှိ ဒေသအများအပြားနှင့် မြောက်အာဖရိကမှ နိုင်ငံအနည်းငယ်တို့မှ အသုံးပြုသည်။ ဗဟိုဥရောပစံတော်ချိန်ကို အလယ်ဥရောပ စံတော်ချိန် (Middle European Time, MET, German: MEZ) နှင့် အရပ်သုံးအမည်များဖြစ်သော ဘာလင် စံတော်ချိန်(Berlin Time)၊ ဘရပ်ဆဲလ် စံတော်ချိန်(Brussels Time)၊ မက်ဒရစ် စံတော်ချိန်(Madrid Time)၊ ပဲရစ် စံတော်ချိန်(Paris Time)၊ ရောမ စံတော်ချိန်(Rome Time) နှင့် ဝါဆော စံတော်ချိန်(Warsaw Time) ဟူ၍ သိရှိထားကြသည်။
ခရမ်းရောင်ဖျော့ဖျေ | အနောက်ဥရောပ စံတော်ချိန် / ဂရင်းနစ်စံတော်ချိန် (UTC) |
ခရမ်းရောင် | အနောက်ဥရောပဒေသ စံတော်ချိန် / ဂရင်းနစ်စံတော်ချိန် (UTC) |
အနောက်ဥရောပဒေသ နွေရာသီစံတော်ချိန် / ဗြိတိသျှ နွေရာသီစံတော်ချိန် / အိုင်းရစ် စံတော်ချိန် (UTC+1) | |
အနီရောင် | ဗဟိုဥရောပဒေသ စံတော်ချိန် (UTC+1) |
ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန် (UTC+2) | |
အဝါရောင် | အရှေ့ဥရောပဒေသ စံတော်ချိန် / ကာလင်နင်ဂရတ်ဒေသ စံတော်ချိန် (UTC+2) |
ရွှေ | အရှေ့ဥရောပဒေသ စံတော်ချိန် (UTC+2) |
အရှေ့ဥရောပဒေသ နွေရာသီစံတော်ချိန် (UTC+3) | |
အစိမ်းရောင်ဖျော့ဖျော့ | မော်စကို စံတော်ချိန် / တူရကီ စံတော်ချိန် (UTC+3) |
၁၅ ဒီဂရီ အရှေ့လောင်ဂျီတွဒ်မျဉ်းသည် အချိန်ဇုန်၏ ကမ္ဘာသုံးစနစ်တွင် UTC+01:00 အတွက် ဗဟိုဝင်ရိုးမျဉ်းဖြစ်သည်။[၁]
၂၀၁၁ တွင် ဥရောပသမဂ္ဂမှ အဖွဲ့ဝင်နိုင်ငံများအားလုံးသည် မတ်လ နောက်ဆုံး တနင်္ဂနွေနေ့မှ အောက်တိုဘာလ နောက်ဆုံးတနင်္ဂနွေနေ့အထိ နွေရာသီစံတော်ချိန် (နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်)အား အသုံးပြုကြသည်။ ထို့ကြောင့် CET ဧရိယာအတွင်းရှိ နိုင်ငံများသည် နွေရာသီအတွက် ဗဟိုဥရောပ နွေရာသီစံတော်ချိန် (Central European Summer Time၊ CEST -- UTC+02:00)အား ပြောင်းလဲအသုံးပြုကြသည်။
အာဖရိကတိုက်တွင် UTC+01:00 အား အနောက်အာဖရိက စံတော်ချိန်(West Africa Time၊ WAT)ဟု ခေါ်ဆိုကြပြီး နိုင်ငံပေါင်းများစွာမှ တစ်နှစ်ပတ်လုံးအသုံးပြုကြသည်။[၂] အယ်လ်ဂျီးရီးယားနိုင်ငံ၊ မော်ရိုကိုနိုင်ငံနှင့် တူနီးရှားနိုင်ငံတို့သည်လည်း အသုံးပြုကြပြီး ဗဟိုဥရောပ စံတော်ချိန်အဖြစ် ညွှန်းဆိုသုံးနှုန်းကြသည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ Europe Starts Daylight Saving on March 27, 2011 (in en)။ ၂၅ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ WAT – West Africa Time (Time Zone Abbreviation) (in en)။ ၂၅ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ "Central European Time Zone - CET" (in en-US)၊ WorldTimeServer.com၊ 2015-11-19။