ရော်နယ်လ် အန်တိုနီယို အို ဆူလစ်ဗန် (အင်္ဂလိပ်: Ronald Antonio O'Sullivan; ၅ ဒီဇင်ဘာ ၁၉၇၅ မွေးဖွား[၁][၂]) သည် အင်္ဂလိပ်လူမျိုး ကမ္ဘာ့ထိပ်တန်းစနူကာအားကစားသမားတစ်ယောက်ဖြစ်ကာ စနူကာလောကတွင် အအောင်မြင်ဆုံးကစားသမားများအနက်တစ်ဦးဖြစ်လေသည်။ ၁၉၉၂ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကိုကူးပြောင်းခဲ့သည်မှစ၍ ကမ္ဘာ့ချန်ပီယံ ၆ ကြိမ်(World Championship)၊ မာစတာချန်ပီယံ ၇ ကြိမ် (Masters titles)၊ ယူကေချန်ပီယံ ၇ ကြိမ် (UK Championships)ဖြင့် စုစုပေါင်း သုံးထပ်ကွမ်းသရဖူပြိုင်ပွဲ (Triple Crown) များတွင် (၂၀) ဆုအထိရရှိထားသော ကစားသမားလည်းဖြစ်သည်။[၂][၄] ဆုအများဆုံး (၃၇) ဆု ယူနိုင်ခဲ့သော စံချိန်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။ ယူကေချန်ပီယံ နှင့် မာစတာပြိုင်ပွဲတွင် အသက်ငယ်ဆုံးအနေဖြင့် ရရှိသောကစားသမားစံချိန်ကိုလည်းပိုင်ဆိုင်ထား၏ ။ ၂၀၁၇-၁၈ ရာသီ၌ ဟန်ဒရီမာ့ခ် ဆဲလ်ဘီ၊ ဒင် ဂျွန်ဝေးတို့နှင့်အတူ တစ်ရာသီထဲတွင် အဆင့်သတ်မှတ်သော ပြိုင်ပွဲအရပ်ရပ်၌ ဆု (၅) ခုအထိရယူနိုင်သော စံချိန်ပိုင်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ထားနိုင်၏ ။ ပြိုင်ပွဲ အရပ်ရပ်မှရရှိသော ဆုကြေးငွေ ပေါင်(၁၁) သန်းကျော်မှာ စနူကာသမိုင်းတွင် တစ်ခြားသောကစားသူများ မရရှိဖူးသော အမြင့်ဆုံးပမာဏလည်းဖြစ်ပေသည်။[၅]

ရောနီ အို ဆူလစ်ဗန်
OBE
ဂျာမန်မာစတာ ၂၀၁၅ တွင် တွေ့ရသော ရောနီ အို ဆူလစ်ဗန်
မွေးဖွား (1975-12-05) ၅ ဒီဇင်ဘာ၊ ၁၉၇၅ (အသက် ၄၈)
Wordsley, West Midlands, အင်္ဂလန်[၁]
ကိုယ်စားပြု နိုင်ငံ အင်္ဂလန်
အမည်ပြောင်The Rocket[၂]
သက်မွေးဝမ်းကျောင်း
(အဆင့်မြင့်)
၁၉၉၂–
အမြင့်ဆုံး အဆင့်အဆင့် (၁) (၂၀၀၂ မေ–၂၀၀၃ မေ၊ ၂၀၀၄ မေ–၂၀၀၆ မေ၊ ၂၀၀၈ မေ–၂၀၁၀ မေ, ၂၀၁၉ မတ်-ဩဂုတ်)
ကစားသမားဘဝ
အောင်မြင်မှုများ
£ ၁၁,၆၆၅,၁၅၅
အမြင့်ဆုံး
တစ်ချီတည်းအမှတ်ယူနိုင်မှု
၁၄၇ (၁၅ ကြိမ်)[၃]
အမှတ် (၁၀၀) (သို့) အထက်၁,၁၀၇
Tournament wins
အဆင့်သတ်မှတ်ပွဲစဉ်
နိုင်ပွဲ
၃၇
Minor-ranking
အဆင့်မသတ်မှတ်ပွဲစဉ်
နိုင်ပွဲ
၃၄
ကမ္ဘာ့ချန်ပီယံ
  • ၂၀၀၁
  • ၂၀၀၄
  • ၂၀၀၈
  • ၂၀၁၂
  • ၂၀၁၃
  • ၂၀၂၀

တစ်ချီတည်းဖြင့် အမှတ်ရာချီထိုးနိုင်သူ ရော်နီ အို ဆူလစ်ဗန်သည် 'အမှတ်ရာချီထိုးနိုင်မှု' အကြိမ်အရေအတွက် (၁၀၀၀) သို့ရောက်ရှိခဲ့သော တစ်ဦးတည်းသော ကစားသမားလည်းဖြစ်သည်။[၆] စနူကာတွင် သတ်မှတ်အမြင့်ဆုံးအမှတ် (၁၄၇)မှတ် (maximum breaks)ကို တရားဝင်ပြိုင်ပွဲများမှ အများဆုံးရယူနိင်ခဲ့သလို ၁၉၉၇ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် (၁၄၇)မှတ်ကို ၅ မိနစ် ၈ စက္ကန့်ဖြင့်ကမ္ဘာ့အမြန်ဆုံးထိုးနိင်သူအဖြစ်လည်းမှတ်တမ်းတင်ထားနိုင်၏။[၇][၈] ကမ္ဘာ့အဆင့်နံပါတ်တစ် နေရာကို ၂၀၀၂-၀၃ တွင်စတင် ရရှိခဲ့ပြီး စုစုပေါင်း ရာသီ ၈ခု တွင် ရာသီ ၅ ခုမှာ ထို အဆင့် (၁) နေရာကို ထိန်းထားနိုင်ခဲ့သူလည်းဖြစ်ခဲ့သည်။ ၂၀၁၉ မတ်လတွင် (၉) နှစ်ကြာကွာဝေးနေသော အဆင့် (၁)နေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။ ကမ္ဘာ့နံပါတ်(၁)အဖြစ် ရယူနိုင်စွမ်းရှိသော ကာလ တစ်ခုနှင့်တစ်ခုကြား ထို (၉) နှစ်သည်အကြာဆုံး အချိန်ကာလလည်းဖြစ်ကာ ဩဂုတ်လအထိ ထိုနေရာကို ထိန်းထားနိင်ခဲ့သည်။

အို ဆူလစ်ဗန် မှာ စနူကာလောက၌ အငြင်းပွားဖွယ်ကောင်းသော ကစားသမားလည်း မကြာခဏဆိုသလိုဖြစ်ခဲ့၏။ ၎င်း၏ ခန့်မှန်းမရနိုင်သော စိတ်အခြေနေ၊ အရက်၊ ဆေး၊ စိတ်ကျရောဂါတို့ကို ရုန်းကန်နေခဲ့ရသောအခြေအနေများကြောင့် ၎င်း၏ အပြုမူပိုင်း၊ မှတ်ချက်ပြုပြောဆိုမှုများအပေါ်တွင် ထိုအားကစားတာဝန်ရှိသူများမှ သတိပေးခြင်း၊ တားမြစ်ခြင်းတို့ကိုလည်း အကြိမ်များများခံခဲ့ရသည်။[၉] ၂၀၁၂-၁၃တွင် အချိန်အတော်ကြာအနားယူခဲ့ပြီး အနားယူတော့မည်ဟု ထပ်တလဲလဲ ပြောဆိုမှုများလည်းရှိခဲ့သည်။[၁၀] အားကစားပြင်ပတွင် ယူရိုစပေါ့တ် ( Eurosport) မီဒီယာ၌ စနူကာသတင်းများအတွက် ကျွမ်းကျင်သူအဖြစ်လည်းလုပ်ကိုင်သည်။ မှုခင်းဝတ္ထုများ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိများလည်း ရေးသားသည်။ ရော်နီ အို ဆူလစ်ဗန်၏ အမေရိက ပျားပန်းခပ် ကျူရုံများ ( ပူးလ်အားကစား သို့ နံပါတ်ဘော) ရှာဖွေလေ့လာခြင်း တီဗီစီးရီးတွင်ပါဝင် တင်ဆက်ခဲ့သေးသည်။ ၂၀၁၆ နှစ်သစ်ဂုဏ်ပြုပွဲတွင် OBE ဘွဲ့အပ်နှင်းခံရသည်။


ကစားမှုမှတ်တမ်းအကျဉ်း ပြင်ဆင်ရန်

  • အသက်(၇)နှစ်တွင် စနူကာစတင်ကစားခဲ့။
  • ၁၉၉၁ တွင် အင်္ဂလိပ်အပျော်တမ်းချန်ပီယံရှစ်တွင် အမြင့်ဆုံးအမှတ်(၁၄၇)မှတ်ကို အသက်ငယ်ဆုံးအဖြစ်ရရှိ။
  • ထိုနှစ်တွင် (၂၁)နှစ်အောက် IBSF World Under-21 Snooker Championship နှင့် Junior Pot Black တွင် အနိုင်ရရှိ။
  • ၁၉၉၂, အသက် (၁၆)တွင် ပရော်ဖက်ရှင်နယ်လ် ကစားသမားဖြစ်။
  • ၁၉၉၃ ယူကေချန်ပီယံ အနိုင်ရခဲ့သူများအနက် အသက်ငယ်ဆုံးကစားဖြစ်လာခဲ့။
  • ၁၉၉၅ မာစတာပြိုင်ပွဲတွင်လည်း အနိုင်ရခဲ့သူများအနက် အသက်ငယ်ဆုံးကစားဖြစ်လာခဲ့။
  • ၁၉၉၇ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် (၁၄၇)မှတ်ကို ၅မိနစ် ၈စက္ကန့်ဖြင့်ကမ္ဘာ့အမြန်ဆုံးထိုးနိင်သူအဖြစ်လည်းမှတ်တမ်းဝင်ကာ စနူကာသမိုင်းတလျောက်တွင် အမြန်ဆုံးအချိန်လည်းဖြစ်ခဲ့။ ယူကေချန်ပီယံ ထပ်မံရရှိ။
  • ၂၀၀၁ တွင် ပြိုင်ဘက် ဂျွန်ဟစ်ဂင်ကို နိုင်ကာ ကမ္ဘာ့ချန်ပီယံဖြစ်၊ ယူကေချန်ပီယံ တတိယအကြိမ်ရရှိ။
  • ၂၀၀၄ ၌ ကမ္ဘာ့ချန်ပီယံထပ်မံဖြစ်။
  • ၂၀၀၅ မာစတာပြိုင်ပွဲ၌ ထပ်မံဆုရရှိ။
  • ၂၀၀၇ တွင် တတိယအကြိမ် မာစတာရရှိ၍ စတုတ္ထအကြိမ် ယူကေချန်ပီယံ ရယူနိုင်ခဲ့။
  • ၂၀၀၈ တွင် အလီကာတာကို ၁၈-၈ ဖြင့်နိုင်၍ (၃)ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဖြစ်လာ
  • ၂၀၀၉ တွင် မာစတာဆု (၄)ခေါက်မြောက်ရရှိ။
  • ၂၀၁၂ ဝယ် ကမ္ဘာ့ချန်ပီယံကို စတုတ္ထအကြိမ်အနေဖြင့် ဆွတ်ခူး အပြီး အချိန်အတော်ကြာအနားယူ။
  • ၂၀၁၃ ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်နိုင်ပြီး ပဉ္စမအကြိမ်ရရှိ။
  • ၂၀၁၄ တွင် လက်ရှိချန်ပီယံ မာ့ခ်ဆယ်လ်ဘီကို မာစတာပြိုင်ပွဲတွင် ရင်ဆိုင်ကာ အနိင်ရခဲ့ကာ (၅)ကြိမ်မြောက် ယူကေချန်ပီယံထပ်မံဖြစ်။
  • ၂၀၁၆ မာစတာချန်ပီယံဖြစ်
  • ၂၀၁၇ တွင် သတ္တမအကြိမ် မာစတာချန်ပီယံဖြစ်၍ စံချိန်သစ်တင်၊ ယူကေချန်ပီယံရရှိပြန်ခဲ့။
  • ၂၀၁၈ ၌ ယူကေချန်ပီယံ (၇) ကြိမ်မြောက်ရရှိ၍ စံချိန်သစ်ရရှိကာ အရေးအပါဆုံးပြိုင်ပွဲသုံးရပ် ဖြစ်သည့် သုံးထပ်ကွမ်းသရဖူပြိုင်ပွဲ ( ကမ္ဘာ၊ယူကေ၊မာစတာ) တို့တွင် စုစုပေါင်း ဆု (၁၉)ခုဖြင့် စံချိန်သစ်ထပ်မံရ။
  • ၂၀၁၉ ခရီးသွားပြိုင်ပွဲရှည် (Tour Championship) ၌ သူ့၏ အဆင့်သတ်မှတ်ထားသော ပြိုင်ပွဲများမှ စုစုပေါင်း(၃၆)ဆုရယူနိုင်၍ ဟန်ဒရီ နှင့်အတူ ဆုတံဆိပ်အများဆုံးရ ကစားသမားဖြစ်လာခဲ့။
  • ၂၀၂၀ ဩဂုတ်လ၌ ကျင်းပသော ကမ္ဘာ့ချန်ပီယံ စနူကာပြိုင်ပွဲတွင် ကိုင်ရန် ဝစ်လ်ဆန်ကို ဗိုလ်လုပွဲ၌ ၁၈-၈ ဖြင့် အနိုင်ရရှိခဲ့သောကြောင့် ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့သည်။[၁၁]

အခြားသောရရှိသော ဆုများမှာ ဝေလအလွတ်တန်းပြိုင်ပွဲ (၄)ဆု၊ ရှန်ဟိုင်းမာစတာ (၄)ခု၊ ချန်ပီယံများ၏ ချန်ပီယံဆု (၃)ခု၊ တရုတ်အလွတ်တန်းပြိုင်ပွဲ (၂)ဆုနှင့် တစ်ချီတည်းဖြင်း အမြင့်ဆုံးအမှတ် (၁၄၇)မှတ်ကို (၁၅)ကြိမ်မြောက်ရရှိစံချိန်ယူထားသောသူလည်းဖြစ်သည်။

ကစားသည့်ပုံစံ နှင့် အဆင့်အတန်း ပြင်ဆင်ရန်

 
ပေါလ်ဟန်တာ ကလက်စစ်ခ်ပွဲစဉ်အတွင်း တေံ့ရစဉ်

ကစားသည့်ပုံစံမှာ လျင်မြန်စွာ အတိုက်ဖက်ကို အားသာသည်။ အမှတ်ရာကျော်ကို အများအပြား အလှည့်မပေးပဲ ထိုးနိုင်စွမ်းရှိ၍ နည်းစနစ်ပိုင်းခိုင်ခံ့သောသူလည်းဖြစ်သည်။ အချိန်ကြာမြင့်စွာ ကစားရခြင်းကို မုန်းတီး၍ အချိန်ကြာကြာကစားခြင်းသည် စနူကာအားကစားကို ဖျက်ဆီးသည် ဟုဆိုသည်။[၁၂] စနူကာအသိုင်းအဝိုင်းမှ ကစားသမားများက သူသည် ရှေ့ကအသာစီးဖြင့်ကောင်းစွာ ကစားတတ်သူဟု သတ်မှတ်ထားကြ၏။[၁၃] ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ရော်နီသည် နောက်က လိုက်ကစားရလျှင် စိတ်ဓာတ် ပြိုလဲတတ်ကာ ပွဲစဉ်ငယ်တချို့ပါ ဆက်တိုက်ရှုံးတတ်၏။[၁၄] ညာလက်သုံးကစားသူဖြစ်ရုံမျှမက လိုအပ်လျှင် ဘယ်လက်ကိုပါ အဆင့်မြင့်မားစွာ အသုံးပြုနိုင်စွမ်းရှိသည်။ ဘယ်ညာ နှစ်ဘက်လုံး ကောင်းစွာကစားနိုင်မှုကြောင့် rest နှင့် spider ဟုခေါ်သည့် ပစ္စည်းများအသုံးပြုထိုးရခြင်းကို အတော်အသင့်ရှောင်ရှားနိုင်ခဲ့သည်။[၁၅]

စနူကာသမိုင်းတလျှောက်တွင် အများက သူ့ကို ပင်ကိုပါရမီအရှိဆုံးကစားသမားအဖြစ်သမုတ်၍ တချို့ကမူ ကဝေ (genius) တစ်ယောက်အဖြစ်တင်စားခေါ်ဝေါ်ကြသည်။[၁၆][၁၇] သူ့ခေတ်ပြိုင်ဘက်အတော်များများက အကြီးကြယ်ဆုံးကစားသမားဟု လည်း ကင်ပွန်းတတ်ကြသည်။[၁၈][၁၉][၂၀][၂၁][၂၂] သို့သော် ၎င်း၏ ရံဖန်ရံခါ စိတ်အခြေမတည်ငြိမ်မှုများက ပြိုင်ပွဲအပေါ် ယုံကြည်မှု စိတ်ပါမှုလျှော့ကျစေကာ စွမ်းဆောင်ရည်ပါ ဖရိုဖရဲဖြစ်စေခဲ့သည့် သာဓကများလည်းရှိသည်။[၂၃] စတီးဗန် ဟန်ဒရီ ကလည်း ၂၀၀၈ ကမ္ဘာ့ချန်ပီယံတွင် ရှုံးနိမ့်ပြီးနောက် ရော်နီသည် လိုက်မမီနိုင်လောက်တဲ့ အကောင်းဆုံးကစားသမားဟု ထုတ်ဖော်ပြောဆိုခဲ့သည်။[၂၄] ပြိုင်ပွဲများတွင် ရေပန်းအစားဆုံးသူဖြစ်ရုံသာမကပဲ ပွဲကြည့်ပရိသတ်ကို ဖျော်ဖြေမှုရသ အပေးနိုင်ဆုံးသော သူလည်းဖြစ်ကာ ဤအားကစား၏ ပုံရိပ်ကိုပါ မြင့်တင်ပေးနိုင်ခဲ့သည်။[၂၅] အဲလက်စ် ဟစ်ဂင်စ်ဂျင်မီ ဝိုက် တို့သည်လည်း ပါရမီစွမ်းရှိ၍ ရေပန်းစားသောသူများဖြစ်ခဲ့ကြသောကြောင့် ရော်နီကို တခါတရံ ၎င်းတို့နှင့်လည်းနှိုင်းယှဉ်ကြသည်။ ၎င်း၏ အစစ်အမှန် လူမှုကွန်ယက် သုံးခုမှာ Twitter, Sina Weibo, and Instagram တို့ဖြစ်ကြ၏။

ဘဝ နှင့် ပုဂ္ဂိုလ်ရေးရာ ပြင်ဆင်ရန်

 
၂၀၁၄ တွင် စာအုပ်ကို လက်မှတ်ရေးထိုးစဉ်

ရော်နီကို ၁၉၇၅ ဒီဇင်ဘာ (၅) ရက်၌ ဝက်စ်မစ်ဒ်လန်း (West Midlands) ဝါ့ဒ်စလေ (Wordsley)၌ မွေးဖွားခဲ့၏။[၂၃] မိဘများမှာ ရော်နယ်လ် ဂျွန် အို ဆူလစ်ဗန် နှင့် မာရီယာ အို ဆူလစ်ဗန်တို့ဖြစ်ကာ ဖခင်ဖြစ်သူမှာ လူသတ်မှုဖြင့် ၁၉၉၂ တွင် အကျဉ်းကျခဲ့ရာ ၁၈နှစ်ကြာမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။[၂၆] ရော်နီတွင် သားသမီး သုံးဦးထွန်းကားသည်။[၂၇] ဇီဇာကြောင်၍ ကိုယ့်ကိုကိုယ် အပြစ်ပြန်မြင်သောသူ ဖြစ်၏။[၂၈][၂၉] အစောပိုင်း ကစားသောနှစ်များတွင် အရက်၊ ဆေးဝါးများနှင့်ပတ်သတ်သော ပြဿနာများရှိ၍ စိတ်ကျရောဂါကဲ့သို့သော ဝေဒနာများခံစားခဲ့ရ၏။[၃၀] ၂၀၁၁ တွင်းအားကစားဆိုင်ရာ စိတ်ပညာရှင် စတိဗ် ပီတာစ်နှင့်ကုသခဲ့ရပြီး စတိဗ်အကူအညီဖြင့် စိတ်ကယောက်ကယက်ဖြစ်မှုများကို ကျော်လွှားနိုင်ခဲ့သည်။[၃၁][၃၂] အားကစားလောကမှ အနားယူမည်ဟု ထပ်ခါတလဲလဲ ပြောဆိုမှုများကြောင့်[၃၃] နာမည်ကြီးခဲ့ကာ ၂၀၁၂-၁၃ ရာသီတွင် ဝက်ခြံတစ်ခြံ၌လည်းလုပ်ကိုင်ခဲ့သည်။[၃၄]

၂၀၀၃ တွင် ရော်နီ အစ္စလာမ်ဘာသာသို့ကူးမည်ဟု သတင်းပေါ်ထွက်သော်လည်း နောက်ပိုင်းတွင် ထိုသတင်းမှာ အမှားကြီးသာဖြစ်ခဲ့၏။[၃၅][၃၆][၃၇][၃၈] ဗုဒ္ဓဘာသာအပေါ်တွင် စိတ်ဝင်စားမှု ရှိခဲ့၍[၃၉] လန်ဒန်ဗုဒ္ဓဘာသာစင်တာတွင် နေ့ခင်းပေါင်းများစွာ ကုန်ဆုံးခဲ့သည်။ သို့သော် သူသည် မည်သည့်ဘာသာကိုမျှ ခိုင်မြဲစွာ ကိုးကွယ်နှစ်မြုပ်မည်မဟုတ်ဟူ ငြင်းဆိုခဲ့သည်။[၄၀]

ဘောလုံးအားကစားနှစ်ခြိုက်သူဖြစ်၍ အာဆင်နယ်အသင်းကို အားပေးသူဖြစ်သည်။[၄၁] နောက်ဝါသနာတစ်ရပ်မှာ မော်တော်ကားပြိုင်ပွဲများပင်ဖြစ်သည်။ စိတ်လိုလက်ရပြေးခြင်းကို ခုံမင်ကာ အချက်အပြုတ်ကိုလည်းနှစ်ခြိုက်သောသူဖြစ်၏။ လေဘာပါတီဝင်ဖြစ်၍ ဂျရမီးကော်ဘင်ကို ၂၀၁၇ ရွေးကောက်ပွဲတွင် နာမည်ကျော်ကြား ထောက်ခံသူများအနက် ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့၏။[၄၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Bios: Ronnie O'Sullivan။ History TV။ 8 September 2017 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Ronnie O'SullivanWorld Professional Billiards and Snooker Association (11 January 2015)။ 9 September 2017 တွင် ပြန်စစ်ပြီး။
  3. Official 147s – World Snooker။ 8 May 2018 တွင် ပြန်စစ်ပြီး။
  4. "UK Championship: Ronnie O'Sullivan beats Mark Allen to win seventh title"၊ BBC Sport၊ 9 December 2018။ 10 December 2018 တွင် ပြန်စစ်ပြီး 
  5. Ronnie O'Sullivan beats Barry Hawkins to retain Shanghai Masters။ BBC (16 September 2018)။ 17 September 2018 တွင် ပြန်စစ်ပြီး။
  6. Ronnie O’sullivan – The Millennial Man (10 March 2019)။
  7. Ronnie O'Sullivan (in en-US)။ 2019-03-25 တွင် ပြန်စစ်ပြီး။
  8. Ronnie O’Sullivan’s fastest maximum in history was faster than official time (2017-04-28)။ 2019-03-25 တွင် ပြန်စစ်ပြီး။
  9. "Ronnie O'Sullivan: World champion 'pushed luck' with drugs"၊ BBC Sport၊ 6 October 2013။ 11 December 2018 တွင် ပြန်စစ်ပြီး 
  10. "Ronnie O'Sullivan says he is ready to retire from snooker"၊ BBC Sport၊ 1 May 2013။ 22 December 2015 တွင် ပြန်စစ်ပြီး 
  11. O'Sullivan On Top Of The World Again
  12. David၊ Alan။ "Ding breaks test limits of O'Sullivan's patience"၊ theguardian.com၊ 21 August 2006။ 1 May 2007 တွင် ပြန်စစ်ပြီး 
  13. "World Snooker Championship 2013: Hawkins beats Walden"၊ BBC Sport၊ 4 May 2013။ 5 May 2013 တွင် ပြန်စစ်ပြီး။ "We all know how good a front-runner Ronnie is, he just keeps pounding and pounding and pounding and over a two-day match, it's tough." 
  14. Thorne၊ Willie။ "How to beat Ronnie O'Sullivan"၊ BBC Sport၊ 21 February 2005။ 1 May 2007 တွင် ပြန်စစ်ပြီး 
  15. Ronnie O'Sullivan – a troubled genius။ Sweeble (2 February 2005)။ 21 November 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 May 2007 တွင် ပြန်စစ်ပြီး။
  16. "No ordinary genius"၊ BBC Sport၊ 1 May 2001။ 22 April 2007 တွင် ပြန်စစ်ပြီး 
  17. "Steve Davis hails 'genius' champion Ronnie O'Sullivan"၊ 7 May 2008။ 28 January 2010 တွင် ပြန်စစ်ပြီး 
  18. "'Magic' Ronnie wows Reardon"၊ BBC Sport၊ 2 May 2004။ 5 May 2007 တွင် ပြန်စစ်ပြီး 
  19. Warren၊ Dan။ "O'Sullivan 'may be greatest'"၊ BBC Sport၊ 4 May 2004။ 22 April 2007 တွင် ပြန်စစ်ပြီး 
  20. "Superb Higgins blows Rocket away"၊ BBC Sport၊ 16 October 2005။ 22 April 2007 တွင် ပြန်စစ်ပြီး 
  21. "Whirlwind Q&A"၊ BBC Sport၊ 20 April 2007။ 1 May 2007 တွင် ပြန်စစ်ပြီး 
  22. World Snooker: Imperious Ronnie O'Sullivan divides and rulesbbc.com။ BBC (6 May 2013)။ 3 March 2014 တွင် ပြန်စစ်ပြီး။
  23. ၂၃.၀ ၂၃.၁ "Rocket goes off again"၊ BBC Sport၊ 14 December 2006။ 21 April 2007 တွင် ပြန်စစ်ပြီး 
  24. Chowdhury၊ Saj။ "O'Sullivan best in the world"၊ BBC Sport၊ 2 May 2008။ 14 August 2009 တွင် ပြန်စစ်ပြီး 
  25. O'Sullivan Sets New Tons Recordworldsnooker.com။ World Professional Billiards and Snooker Association (15 January 2015)။ 16 January 2015 တွင် ပြန်စစ်ပြီး။
  26. "Ronnie O'Sullivan Sr freed after 18 years in prison"၊ BBC Sport၊ 19 November 2010။ 20 January 2014 တွင် ပြန်စစ်ပြီး 
  27. Majendie၊ Matt။ "How being a father has given tough-guy Ronnie O'Sullivan a soft side"၊ 26 October 2010။ 11 February 2011 တွင် ပြန်စစ်ပြီး 
  28. "Ronnie O'Sullivan on how he changed his life"၊ theguardian.com၊ 31 October 2004။ 21 April 2007 တွင် ပြန်စစ်ပြီး 
  29. Ronnie wieder Papa (in German)။ Eurosport DE (13 June 2004)။ 9 May 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 June 2007 တွင် ပြန်စစ်ပြီး။
  30. "Tale of two Ronnies"၊ BBC Sport၊ 8 May 2001။ 21 April 2007 တွင် ပြန်စစ်ပြီး 
  31. Hunter-Tilney၊ Ludovic။ "Lunch with the FT: Ronnie O’Sullivan"၊ 11 October 2013။ 12 October 2013 တွင် ပြန်စစ်ပြီး 
  32. "World Snooker 2012: Ronnie O'Sullivan ready to retire"၊ BBC Sport၊ 5 May 2012။ 7 May 2012 တွင် ပြန်စစ်ပြီး 
  33. Liew၊ Jonathan။ "Ronnie O'Sullivan into World Championship final after beating Judd Trump at Crucible"၊ 4 May 2013။ 5 May 2013 တွင် ပြန်စစ်ပြီး 
  34. Lawton၊ James။ "James Lawton: Ronnie O'Sullivan is no trouble... his brilliance is a joy to behold"၊ The Independent၊ Independent Print Limited၊ 7 May 2013။ 12 October 2013 တွင် ပြန်စစ်ပြီး 
  35. Snooker's Ronnie on love, life and drugs။ Smart Web (16 November 2003)။ 21 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 June 2007 တွင် ပြန်စစ်ပြီး။
  36. "O'Sullivan denies Muslim claim"၊ BBC Sport၊ 6 October 2003။ 12 September 2011 တွင် ပြန်စစ်ပြီး 
  37. Hattenstone၊ Simon။ "O'Sullivan denies conversion to Islam"၊ theguardian.com၊ 3 October 2003။ 12 September 2011 တွင် ပြန်စစ်ပြီး 
  38. Rocket Man: Ronnie O'Sullivan interview။ BBC South Yorkshire (27 April 2004)။ 6 May 2008 တွင် ပြန်စစ်ပြီး။
  39. "Pocket calculator"၊ theguardian.com၊ 31 October 2004။ 14 August 2009 တွင် ပြန်စစ်ပြီး 
  40. "Inside Sport"။ 8 December 2008။ 20 minutes in။ BBC။ BBC World News။ |series= လွဲမှား သို့ မပါရှိ (အကူအညီ)
  41. "Last weekend: Ronnie O'Sullivan in London"၊ 20 May 2006။ 1 May 2013 တွင် ပြန်စစ်ပြီး 
  42. Steerpike။ "Corbyn wins his first celebrity endorsement of the snap election"၊ The Spectator၊ 25 April 2017။ 2 May 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 25 April 2017။