ရဲရင့်အောင်
ရဲရင့်အောင် (အင်္ဂလိပ်: Yair Yint Aung (၁၈ ဩဂုတ် ၁၉၉၃ မွေးဖွား) သည် မြန်မာနိုင်ငံသား အဆိုတော်နှင့် သရုပ်ဆောင် တစ်ဦး ဖြစ်သည်။
ရဲရင့်အောင် | |
---|---|
အမည်ရင်း | ရဲရင့်အောင် |
မွေးဖွား | ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | ၁၈ ဩဂုတ်၊ ၁၉၉၃
ဂီတဟန် | Pop, R&B,ဟစ်ဟော့ |
အလုပ်အကိုင် | တေးရေး၊ တေးဆို၊ သရုပ်ဆောင် |
တက်ကြွသည့်နှစ်များ | ၂၀၁၁- လက်ရှိ |
အဆိုတော်ဘဝပြင်ဆင်
၂၀၁၄ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် သူ၏ ပထမဆုံး ခြေလှမ်းဖြစ်သော ချေ အယ်လ်ဘမ် ထွက်ရှိခဲ့သည်။ ဤ အယ်လ်ဘမ်သည် သူ့ကို ဂီတလမ်းကြောင်းပေါ် ရပ်တည်နိုင်ရန် အများကြီး အထောက်အကူပြုခဲ့သည်။[၁] [၂][၃]
၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ရက်တွင် သူ၏ ချေ Mtv Music Video Dvd Karaoke Promotion ပွဲကို ရန်ကုန်မြို့ ရှိ Dagon Center Outdoor Area မှာ ကျင်းပပြုလုပ်ခဲ့သည်။ [၄]
သရုပ်ဆောင်ပြင်ဆင်
သူသည် အကယ်ဒမီ ဖွေးဖွေး၊ လွှမ်းပိုင် တို့နှင့်အတူ ဒါရိုက်တာ ဝင်းလွင်ထက်၊ ဒါရိုက်တာ အောင်ဇော်လင်း တို့ရိုက်ကူးထားသော ငါ့ကိုနမ်းတဲ့မုန်တိုင်း ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။[၅][၆]
သူသည် မြန်မာနိုင်ငံရှိ ထိပ်တန်း သရုပ်ဆောင် မင်းသား မင်းသမီးများ ဖြစ်ကြသော အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ လူမင်း၊ အကယ်ဒမီ ရန်အောင် တို့အပါအဝင် အခြားသောနာမည်ကြီး သရုပ်ဆောင် များစွာ ပါဝင်သရုပ်ထားသော ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးထားသည့် ဂျင်ပါတီ ရုပ်ရှင်ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင် ထားသည်။[၇][၈][၉]
သူသည် ဒါရိုက်တာ သားညီ ရိုက်ကူးသော ဟဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွင်သင်ဇာနွယ်ဝင်း နှင့်အတူတူပါဝင် သရုပ်ဆောင်ခဲ့သည်။[၁၀]
လူနေမှုဘဝပြင်ဆင်
သူသည် သရုပ်ဆောင် အေငြိမ်းဖြူနှင့် ချစ်ကြိုက်နေသည်။[၁၁]
တစ်ကိုယ်တော် အယ်လ်ဘမ်များပြင်ဆင်
- "ချေ"
ပါဝင်ခဲ့သော ရုပ်ရှင် ဇာတ်ကားများပြင်ဆင်
- "ငါ့ကိုနမ်းတဲ့မုန်တိုင်း"
- "ဂျင်ပါတီ"
- "ဟဲ့"
ကိုးကားပြင်ဆင်
- ↑ Yair Yint Aung First Solo Chay Album။ Yangonlife.com.mm။ 27 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 December 2014 တွင် ပြန်စစ်ပြီး။
- ↑ ရဲရင့်အောင် DVD ပရိုမိုးရှင်း။ Mingalarmandalay.com။ 20 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 January 2015 တွင် ပြန်စစ်ပြီး။
- ↑ 7တန်း 8တန်းတုန်းက ကိုယ့်ကိုယ်ကို အထင်ကြီးတယ်ဆိုတဲ့ရဲရင့်အောင်။ Myanmar Celebrity။ 22 December 2014 တွင် ပြန်စစ်ပြီး။
- ↑ ရဲရင့်အောင် "ချေ" Music Video Show။ Myanmar Celebrity။ 19 October 2016 တွင် ပြန်စစ်ပြီး။
- ↑ 2018 ခုနှစ် အတွက် အကယ်ဒမီ ရင်ခုန်သံကို ပြောလာတဲ့ ရဲရင့်အောင်။ duwon.com။ 25 February 2019 တွင် ပြန်စစ်ပြီး။
- ↑ လူငယ်များကြားက အချစ်ကို ရိုက်ကူးပုံဖော်ထားတဲ့ "ငါ့ကိုနမ်းတဲ့မုန်တိုင်း"။ Irrawaddy။ 2 June 2018 တွင် ပြန်စစ်ပြီး။
- ↑ "ဂျင်ပါတီ" ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ အမှတ်တရ။ lwinpyin။ 17 August 2019 တွင် ပြန်စစ်ပြီး။
- ↑ နံမည်ကြီးသရုပ်ဆောင်တွေ ပါဝင်တဲ့ "ဂျင်ပါတီ"။ momolay။ 10 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 August 2019 တွင် ပြန်စစ်ပြီး။
- ↑ "ဂျင်ပါတီ" ဇာတ်ကားအတွက် ရင်ခုန်နေကြ။ Duwun။ 27 December 2018 တွင် ပြန်စစ်ပြီး။
- ↑ "ဟဲ့" ရုပ်ရှင်ဇာတ်ကားကြီး။ usdp.org.mm။ 20 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 Jun 2016 တွင် ပြန်စစ်ပြီး။
- ↑ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ရဲရင့်အောင်၏လက်ရှိအချစ်ရေး။ Myanmar Cele Wiki။ 28 July 2017 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များပြင်ဆင်
- ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ရဲရင့်အောင်