ရွှေတောင်ခေါက်ဆွဲ

ရွှေတောင်မြို့ရှိနံမည်ကြီးအစားအစာ

အိုဆာကာ ရွှေတောင်ခေါက်ဆွဲ သည် ပြည်ခရိုင် ၊ ရွှေတောင်မြို့ ဦးသိန်းရွှေ မှ စတင်ခဲ့သည်။ ရွှေတောင်ခေါက်ဆွဲသည် မုန့်ဟင်းခါးကိုအခြေခံပြီး ပြုလုပ်ထားသော စားဖွယ်စုံဖြစ်သည်။ ရွှေတောင်ခေါက်ဆွဲ ကို (၁၉၆၀) ခုနှစ် မှစ၍ ဦးသိန်းရွှေ ရွှေတောင်ခေါက်ဆွဲ နာမည်ဖြင့် ရွှေတောင်မြို့တွင် စတင်ရောင်းခဲ့သည်။ ထိုအချိန်တွင် ရွှေတောင်ခေါက်ဆွဲ သည် လူသိနည်းပြီး စားသုံးသူ နည်းပါးခဲ့သည်။[ကိုးကားချက်လိုသည်] (၁၉၇၀) ခုနှစ် တွင် ဂျပန်နိုင်ငံအိုဆာကာမြို့ တွင် ပထမဆုံးအကြိမ် ကမ္ဘာ့ကုန်စည်ပြပွဲကျင်းပခဲ့သည်။[] ထိုကုန်စည်ပြပွဲတွင် ခေါက်ဆွဲပြိုင်ပွဲကျင်းပရာ မြန်မာနိုင်ငံ မှ ရွှေတောင်ခေါက်ဆွဲ သည် ပထမဆု ရရှိခဲ့သည်။ ရွှေတောင်ခေါက်ဆွဲ ဟုသောအမည်သည် တရားဝင် အမည်ဖြစ်ပြီး အိုဆာကာ ဟုသောအမည်သည် (၁၉၇၀) ခုနှစ် တွင် အိုဆာကာမြို့ ခေါက်ဆွဲပြိုင်ပွဲမှ ပထမဆု ရရှိခဲ့ သောကြောင့် အိုဆာကာမြို့ ကိုအစွဲပြု၍ခေါ်ဝေါ်ခြင်းဖြစ်သည်။[ကိုးကားချက်လိုသည်]

ရွှေတောင်ခေါက်ဆွဲ

ပါဝင်ပစ္စည်းများ

ပြင်ဆင်ရန်

ရွှေတောင်ခေါက်ဆွဲ ပြုလုပ်ရာတွင် ပါဝင်သောပစ္စည်းများမှာ[]

  1. ဂျုံခေါက်ဆွဲ
  2. ကြက်သွန်နီ
  3. နံနံပင်
  4. သံပရာသီး
  5. အုန်းသီး
  6. ပဲအကျက်မှုန့်
  7. ငရုတ်သီးအကြမ်းမှုန့်ကြော်တို့ဖြစ်သည်။

ခေါက်ဆွဲနှင့် တွဲဖက်စားသုံးသော ကြက်သားဟင်းညို ချက်ရန် ပါဝင်ပစ္စည်းများမှာ

  1. ကြက်ရင်အုံသား
  2. ကြက်သွန်နီ
  3. ကြက်သွန်ဖြူ
  4. ငရုတ်သီးမှုန့်
  5. ဆား
  6. ကြက်သားမှုန့်
  7. ဟင်းရွက်ဆီ


  1. Kapur၊ Nick (2018)။ Japan at the Crossroads: Conflict and Compromise after Anpo။ Cambridge, Massachusetts: Harvard University Press။ p. 202။ ISBN 9780674988484
  2. https://www.restaurantguide.com.mm/article/we-will-eat-shwetaung-noodles-at-home-during-office-holidays.html 23 January 2023 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး