ရွှေမြန်မာ လေကြောင်းလိုင်း

မြန်မာလေကြောင်းလိုင်းဟောင်း
(ရွှေမြန်မာလေကြောင်းလိုင်း မှ ပြန်ညွှန်းထားသည်)

ရွှေမြန်မာ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော တန်ဖိုးနည်းလေကြောင်းလိုင်း တစ်ခုဖြစ်ကာ ပြည်တွင်းနှင့် ပြည်ပ ခရီးစဉ်များ ပြေးဆွဲပျံသန်းနေသည်။ သမဝါယမဘဏ်လီမိတက်၏ ဥက္ကဋ္ဌအပါအဝင် ၁၅ ဦးဖြင့် ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် Airbus A320 နှစ်စင်းဖြင့် စတင်ပြေးဆွဲပျံသန်းခဲ့သည်။

Golden Myanmar Airlines
ရွှေမြန်မာ လေကြောင်းလိုင်း
IATA ICAO Callsign
Y5 GMR GOLDEN MYANMAR
တည်ထောင်၂၀၁၂
စတင်ပျံသန်းဇန်နဝါရီ ၂၀၁၃
မိခင်ဌာနမန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်
လေယာဉ်ပေါင်း
ပျံသန်းဌာနေပေါင်း၁၅
ဆောင်ပုဒ်ENJOY TO FLY MORE
မိခင်ကုမ္ပဏီသမဝါယမဘဏ်လီမိတက်၊ ကောင်းမြန်မာအောင် စီးပွားရေးဖွံ့ဖြိုးမှုလုပ်ငန်း
ဌာနချုပ်ရန်ကုန်မြို့မြန်မာနိုင်ငံ
အရေးပါသူများခင်မောင်အေး (ဥက္ကဋ္ဌ)
ဝက်ဘ်ဆိုဒ်gmairlines.com

ပျံသန်းမှုများ ပြင်ဆင်ရန်

မြန်မာနိုင်ငံတွင်း
စင်ကာပူနိုင်ငံ
ထိုင်းနိုင်ငံ

လေယာဉ်များ ပြင်ဆင်ရန်

 
စင်္ကာပူ ချန်ဂီ လေဆိပ် တွင်တွေ့ရသော ရွှေမြန်မာ လေကြောင်းလိုင်း၏ Airbus A320 လေယာဉ်တစ်စင်း (ဧပြီ ၂၀၁၃)

၂၀၁၃ အောက်တိုဘာ အထိ ရွှေမြန်မာ လေကြောင်းလိုင်းရှိ လေယာဉ်များ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်:

ရွှေမြန်မာ လေကြောင်းလိုင်း
အမျိုးအစား အရေအတွက် မှာယူထားမှု မှတ်ချက်
ATR 72-600 မေ ၁၅ နှင့် ဇွန် ၁၆ တွင်ရောက်ရှိ[၂]
စုစုပေါင်း

မတော်တဆမှုများ ပြင်ဆင်ရန်

မတ်လ ၄ ရက်၊ ၂၀၁၆ ခုနှစ် နံနက် (၇) နာရီအချိန်ခန့်တွင် တွင် ရန်ကုန် - မန္တလေး ခရီးစဉ်သို့ ပျံသန်းမည့် ATR-72 လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပျံတက်ရန် ပြင်ဆင်နေစဉ် လေယာဉ်၏ ဘယ်ဘက်ဘီးပေါက်မှုဖြစ်ပွားခဲ့သည်။ ဘီးပေါက်သည့် အရှိန်ဖြင့် မီးပွင့်ထွက်မှု ဖြစ်ပေါ်ခဲ့သည်။ ခရီးသည် ၃၀ ကျော် ပါရှိခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ချေ။

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. by JL (2014-08-14)။ Golden Myanmar Airlines to Start Chiang Mai Service from late-Sep 2014။ Airline Route။ ၂၀ ဩဂုတ် ၂၀၁၄ တွင် ပြန်စစ်ပြီး။
  2. Golden Myanmar Airlines to lease two ATR72s from the ALC from Q1 2014 - ch-aviation.com။ Ch-aviation.ch။ ၂၀ ဩဂုတ် ၂၀၁၄ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်