ရှောင် တာနယ်

သြစတြေးလျ ဘောဂဗေဒပညာရှင်နှင့် ပညာရှင်

ရှောင်တာနယ် (အင်္ဂလိပ်: Sean Turnell) သည် မြန်မာနိုင်ငံနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ‌တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၁][၂] သူသည် မက်ကွာရီ တက္ကသိုလ် မှ ဂုဏ်ထူးဆောင် စီးပွားရေးပါမောက္ခတစ်ဦး၊ ဩစတြေးလျ အရံဘဏ်၏ ဝန်ထမ်းဟောင်းနှင့် မြန်မာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းမှ သုတေသနဒါရိုက်တာလည်းဖြစ်သည်။[၃][၄] ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ် ဆောင်ရွက်နေစဉ် တပ်မတော်မှအာဏာသိမ်းအပြီး နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုဖြင့်တရားစွဲခံရပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ နိုဝင်ဘာလအထိ ရက်ပေါင်း ၆၅၀ ထိန်းသိမ်းခံခဲ့ရသည်။[၅]

ရှောင် တာနယ်
မိခင်ကျောင်းမက်ကွာရီ တက္ကသိုလ်
ပင်မစိတ်ဝင်စားမှုများအာရှတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
အဓိကပင်မ တွေးဆချက်များမြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့မှု
အဓိက ဖန်တီးလုပ်ဆောင်ချက်များFiery Dragons: Banks, Moneylenders and Microfinance in Burma (2009)

ငယ်စဉ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ရှောင်တာနယ်သည် ဆစ်ဒနီမြို့ဆင်ခြေဖုံးရှိ မက်ကွာရီ ကွင်းပြင်တွင် ကြီးပြင်းခဲ့သည်။ မက်ကွာရီ တက္ကသိုလ်၌ ပညာသင်ကြားခဲ့ပြီး ဘောဂဗေဒဘွဲ့နှင့် ပါရဂူဘွဲ့ကိုပါရရှိခဲ့သည်။[၆]

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ပြင်ဆင်ရန်

၂၀၂၁ ဖေဖော်ဝါရီတွင် တပ်မ‌တော်မှနိုင်ငံတော်အာဏာကိုသိမ်းယူပြီးမကြာမီ ၆ ရက်နေ့၌ ရန်ကုန်မြို့တွင် ထိန်သိမ်းခံခဲ့ရကာ ပထမဆုံးသော အာဏာသိမ်းမှုနှင့်ပက်သက်၍ အဖမ်းဆီးခံရသည့် နိုင်ငံခြားသားဖြစ်လာခဲ့သည်။[၇] နောက်ရက်များမကြာမီတွင် ဩစတြေးလျအစိုးရမှ သူ့အားချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။[၈]

ပြစ်မှု ပြင်ဆင်ရန်

မတ်လ ၂၃ ရက်နေ့တွင် တပ်မတော်၏ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းသည် သူသည် လဝကအက်ဥပဒေနှင့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေတို့ကို ချိုးဖောက်မှုများရှိနေကြောင်း ပြောဆိုခဲ့သည်။[၉] ကနဦးတွင် ရှောင်တာနယ် ဘယ်တွင်ရှိသည်ကို မသိရှိရသော်လည်း ဧပြီလနှောင်းပိုင်းတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ချုပ်နှောင်ထားရာ ရန်ကုန်ရှိ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရကြောင်း သတင်းရရှိသည်။[၁၀]

လွတ်မြောက်ခြင်း ပြင်ဆင်ရန်

၂၀၂၂ နိုဝင်ဘာလ ၁၇ တွင် စစ်အစိုးရသည် အမျိုးသားနေ့ကိုအကြောင်းပြပြီး ‌သူအပါအဝင် ဗစ်ကီ ဘိုးမန်း၊ တိုရူ ကူဘိုတာ စသည့်နိုင်ငံခြားသားများနှင့် အခြားအကျဉ်းသား ၅,၇၇၄ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။[၁၁] ရက်ပေါင်း ၆၅၀ တိုင်အောင် ထိန်းသိမ်းခံခဲ့ရသောသူ့အား နယ်နှင်ဒဏ်ပေးခဲ့ရာ နောက်နေ့၌ ဩစတြေးလျသို့ ပြန်ရောက်ခဲ့သည်။[၁၂][၅]

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

သူသည် ဩစတြေးလျန်း-ဗီယက်နမ်လူမျိုး စီးပွားရေးကထိက ဟာဗူ (Ha Vu) နှင့် လက်ထပ်ခဲ့သည်။[၁၃] သူ၏တူမှာ "Chillinit" ခေါ် ဘလိပ်ခ် ဂျိမ်းစ် တာနယ်ဖြစ်ပြီး ဆစ်ဒနီမှ ရက်ပါတစ်ဦးဖြစ်သည်။[၁၄]

ကိုးကား ပြင်ဆင်ရန်

  1. "Major Reforms Around the Corner, Says Key Economic Adviser to Suu Kyi"၊ The Irrawaddy၊ 21 August 2018။ 
  2. "Why West is reluctant to invest in Myanmar"၊ Mizzima၊ 17 July 2018။ 
  3. "In Person | Suu Kyi Economic Adviser: National Interest Must Come First When Deciding Large Chinese Investments in Myanmar"၊ The Irrawaddy၊ 20 January 2020။ 
  4. "Myanmar: Australian adviser to Aung San Suu Kyi, Sean Turnell, 'being detained'" (in en)၊ the Guardian၊ 6 February 2021။ 
  5. ၅.၀ ၅.၁ Dziedzic၊ Stephen (2022-11-18)။ Aung San Suu Kyi's former adviser Sean Turnell lands in Australia after release from Myanmar prison။ 2022-11-18 တွင် ပြန်စစ်ပြီး။
  6. Harcourt၊ Tim။ Fate of detained Australian economist Sean Turnell may be tied to Aung Sung Suu Kyi (in en)။ 2021-11-05 တွင် ပြန်စစ်ပြီး။
  7. Myanmar detains Australian adviser to Aung San Suu Kyi; first known arrest of foreign national since coup (in en)။ 6 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-02-07 တွင် ပြန်စစ်ပြီး။
  8. "Australian government calls for immediate release of academic detained in Myanmar after coup"၊ The Australian၊ 8 February 2021။ 
  9. "Australian Economic Adviser Held in Myanmar Faces Two Charges"၊ The Irrawaddy၊ 24 March 2021။ 
  10. "Suu Kyi adviser Sean Turnell being held at Insein Prison, released activist says"၊ Myanmar Now'၊ 26 April 2021။ 
  11. Strangio, Sebastian။ "Myanmar Junta Releases High-Profile Foreign Prisoners in Mass Amnesty"၊ The Diplomat၊ 17 November 2022။ 
  12. Anthony Albanese speaks to Sean Turnell following release from Myanmar jailABC News (2022-11-18)။ 2022-11-18 တွင် ပြန်စစ်ပြီး။
  13. Barrett၊ Chris (2021-03-01)။ Australian detained in Myanmar coup finally speaks with wife in Sydney (in en)။ 2021-11-05 တွင် ပြန်စစ်ပြီး။
  14. "Sydney rapper begs fans: ‘Help free my uncle in Myanmar’" (in en-AU)၊ The Daily Telegraph၊ 2021-02-10။