[] လကုဏ္ဍကဘဒ္ဒိယမထေရ်သည် မဟာသာဝကရှစ်ကျိပ်တွင်တစ်ပါးအပါ အဝင် ဖြစ်သည်။ [] အမည်၎င်းမှာ ဘဒ္ဒိယ ဖြစ်၍ အလွန် အရှင်ပုကွသောကြောင့် “လကုဏ္ဍက” ပုဒ်နှင့် တွဲကာ “လကဏ္ဍကဘဒ္ဒိယ”ဟုအမည် တွင်သည်။ [] ကမ္ဘာ တစ်သိန်းထက်၌ ပွင့်တော်မူသည့် ပဒုမုတ္တရဘုရားရှင် ထံတော်၌ သာယာစ္စာသော အသံရှိသူတို့တွင် အမြတ်ဆုံး မဉ္ဇုဿရ ဧတဒဂ် ဘွဲ့ထူးကို ရလိုကြောင်း ဆုတောင်းခဲ့သည်။ [][]

ဝိပဿီဘုရား လက်ထက်

ပြင်ဆင်ရန်

ဝိပဿီဘုရားရှင် လက်ထက်တော်၌လည်း ဆန်းကြယ်သော အတောင်ရှိသော ဥဩငှက်ဖြစ်၍ ဘုရားရှင်အား သရက်သီးမှည့်ကို လှူဒါန်းခဲ့သည်။ (ထေရ၊ဋ္ဌ၊၂၊၁၂၆။ အပ၊ဋ္ဌ၊၂၊၂၄၄-တို့၌ကား ဖုဿဘုရားရှင် လက်ထက်၌ဟု ဆိုသည်။) ထိုသို့ အဋ္ဌကထာတို့ အဆိုမတူမှုရှိရာ အပ၊၂၊၁၄၃-ပါဠိတော် နှင့် ထေရ၊ဋ္ဌ၊အပ၊ဋ္ဌ၊ တို့ညီညွတ်သည်။ ထိုကောင်းမှုကြောင့် ဖြစ်လေရာရာ ဘဝတိုင်း၌ အသံသာယာစွာရှိခြင်း အကျိုးကို ခံစားခဲ့ရသည်။ []

ကဿပဘုရားရှင် လက်ထက်

ပြင်ဆင်ရန်

ကဿပဘုရားရှင် လက်ထက်၌ကား လက်သမားဆရာကြီးဖြစ်၍ ပရိနိဗ္ဗာန် ဝင်စံပြီးသော ဘုရားရှင်၏ သာရီရိက ဓာတ်တော်ကို စေတီတည်ရာ၌ “ယူဇနာ မြင့်အောင် ပြုလုပ်ကြမည်လော? သို့မဟုတ် ၆-၅-၄-၃-၂—ယူဇနာမြင့်အောင် ပြုလုပ်ကြ မည်လော?ဟု တိုင်ပင်ကြရာ နောင်အခါ ပြုပြင်ဖို့ လွယ်ကူအောင် လုံးပတ် ၁-ယူဇနာ, အမြင့် ၁-ယူဇနာ အတိုင်းအရှည် ရှိသော စေတီကိုသာ ပြုလုပ်ရန် အကြံပေးခဲ့သည်။ လူများကလည်း ယင်း အကြံအတိုင်းပင် ပြုလုပ်ခဲ့ကြ၏။ မနှိုင်းယှဉ်, မတိုင်းတာ ကောင်းသော ဘုရားရှင်၏ စေတီကို နှိုင်းယှဉ် တိုင်းတာပြီး ပြုလုပ်ခဲ့သောကြောင့် ဖြစ်လေရာ ဘဝတိုင်း၌ အခြားသူတို့အောက် အရပ် နိမ့်သူ ပုကွသူ ဖြစ်ရလေသည်။ []

ဂေါတမဘုရားရှင် လက်ထက်

ပြင်ဆင်ရန်

ဂေါတမဘုရားရှင် လက်ထက်၌ သာဝတ္ထိ ပြည်ဝယ် ဥစ္စာကြွယ်ဝသောအမျိုးသားဖြစ်၍ ဘုရားရှင်ထံမှ တရားတော်ကို နာရသဖြင့် သဒ္ဓါတရားပေါက်ကာ ရဟန်းပြုပြီး မကြာမြင့်မီ ပဋိသမ္ဘိဒါပတ္တရဟန္တာ ဖြစ်တော်မူသည်။ ထို့နောက် ဘုရားရှင်က မဉ္ဇုဿရ ဧတဒဂ်ဘွဲ့ထူးကို ချီးမြှောက်တော်မူသည်။ [] []

မဟာဗုဒ္ဓဝင်၌ပါသော လကုဏ္ဍကဘဒ္ဒိယမထေရ်ကို သည်မှာ ဖတ်ပါ။

မထေရ်နှင့် ဆက်စပ်သော တရားတော်များ

ပြင်ဆင်ရန်

ခန္ဓာကိုယ်ကြီးတိုင်း မထေရ်ကြီးမဟုတ်

ရဟန္တာတို့၏သဘာဝ

တဏှာမာနဟူသော မိဘသတ်မှ ချမ်းသာခြင်း

  1. လကုဏ္ဍကဘဒ္ဒိယတ္ထေရ (ပု) [လကုဏ္ဍကဘဒ္ဒိယ+ ထေရ] လကုဏ္ဍကဘဒ္ဒိယထေရ်။ အာယသ္မာတော လကုဏ္ဍကဘဒ္ဒိယတ္တေရဿ ဂါထာ။ ထေရ၊ဋ္ဌ၊၂၊၁၂၅။
  2. (ထေရ၊ဋ္ဌ၊၂၊၅၄၂။ ဇာ၊ဋ္ဌ၊၂၊၁၂၉။ ၁၃၀။ အံ၊ဋီ၊၂၊၁၃၂။)
  3. (အံ၊ဋ္ဌ၊၁၊၁၅၂။ ထေရ၊ဋ္ဌ၊၂၊၁၂၆။)
  4. (အံ၊ဋ္ဌ၊၁၊၁၅၂။ ထေရ၊ဋ္ဌ၊၂၊၁၂၅-၆။ အပ၊ဋ္ဌ၊၂၊၂၄၃)
  5. ၅.၀ ၅.၁ တိပိဋကအဘိဓာန် အတွဲ-၁၈
  6. (သံ၊ဋ္ဌ၊၂၊၂၁၈။ အံ၊ဋ္ဌ၊၁၊၁၅၂-၃။)
  7. (သံ၊ဋ္ဌ၊၂၊၂၁၈။ အံ၊ဋ္ဌ၊၁၊၁၅၃။ ထေရ၊ဋ္ဌ၊၂၊၁၂၆။ အပ၊ဋ္ဌ၊၂၊၂၄၄)။
  8. (အံ၊၁၊၂၃။ ထေရ၊၂၉၁။ အပ၊၂၊၁၄၃-၅။ အံ၊ဋ္ဌ၊၁၊၁၅၃။ ထေရ၊ဋ္ဌ၊၂၊၁၂၆။ အပ၊ဋ္ဌ၊၂၊၂၄၄။)။