[] သာသနာတော်တွင် ဘဒ္ဒိယ အမည်တွင်သူ ၅-ဦးတွေ့ရသည်။

ဘဒ္ဒိယ-၁

ပြင်ဆင်ရန်

ယင်းတို့မှာ-ပဉ္စဝဂ္ဂီငါးဦးတွင် တစ်ဦးအပါအဝင် ဖြစ်သော ဘဒ္ဒိယ ထေရ်၊ ယင်း မထေရ်သည် ဓမ္မစကြာ တရားကို နာကြားပြီးနောက် ဝါဆိုလပြည့် ကျော် ၂-ရက်နေ့တွင် တရားထူးရသည်၊ မထေရ်၏ မိဖအမျိုးအနွယ်စသည်မှာ မထင်ရှား၊ ပဉ္စဝဂ္ဂီနှင့် ပတ်သက်၍လည်း အဆို အမျိုးမျိုး (ပဉ္စဝဂ္ဂီယပုဒ်ကြည့်။) ကွဲပြား လျက်ရှိသည်။ []

ဘဒ္ဒိယ-၂

ပြင်ဆင်ရန်

ဘဒ္ဒိယ သာကီဝင်မင်း။ ဤမင်းသည်ပင် ရဟန်းဝတ်သောအခါ၌ ဘဒ္ဒိယထေရ် ဟု အမည်တွင်သည်။

ဘဒ္ဒိယ-၃

ပြင်ဆင်ရန်

ဤ မထေရ်သည် အနုရုဒ္ဓါ, အာနန္ဒာ, ဘဂု, ကိမိလ, ဒေဝဒတ္တ, ဥပါလိဆတ္တာသည်- ဤ ၆-ဦးတို့နှင့်အတူ ရဟန်းပြုလာသူ ဖြစ်သည်။ ရဟန်းဖြစ်ပြီး မကြာမြင့်မီပင် ဆဠာဘိည ရဟန္တာဖြစ်၍ ဓူတင် ၁၃-ပါးကို ဆောင်သည်၊ ဥစ္စာကုလိက ဧတဒဂ်ဂုဏ်ထူးရသည့်အပြင် အသီတိမဟာသာဝကတွင် တစ်ပါး အပါအဝင်လည်း ဖြစ်သည်။ အစောင့်အရှောက် အမျိုးမျိုးနှင့် နေထိုင်ရသော မင်းဘဝ၏ မချမ်သာပုံနှင့် အစောင့်အရှောက်ကင်းလျက်နေထိုင်ရသော ရဟန်းဘဝ၏ ချမ်းသာပုံကို နှိုင်းယှဉ်၍ “အဟောသုခံ၊ အဟောသုခံ = ဪ... ချမ်းသာပေစွ၊ ဪ...ချမ်းသာပေစွ” ဟု မပြတ်ဥဒါန်းကျူးသူ ဖြစ်သည်။ []

မထေရ်သည် တောကျောင်း စသည်၌ နေထိုင်စဉ် ဖလသမာပတ်ချမ်းသာ နိရောဓသမာပတ် ချမ်းသာတို့ဖြင့်သာ နေလေ့ရှိသည်။ []

မထေရ်၏ မယ်တော်မှာ ကာဠီဂေါဓာမင်းသမီး ဖြစ်သည်၊ ခမည်းတော်၏ အမည်မှာ မထင်ရှားပေ။ ဘဒ္ဒိယ မထေရ်သည် နှစ်ပေါင်း ၃၀-ပတ်လုံး ညောင်စောင်း၌ ကျောမခင်းကြောင်း (မအိပ်ကြောင်း) ဆိုထားရာ ဘဒ္ဒိယမထေရ်များ အနက် ဤဘဒ္ဒိယမထေရ်ပင် ဖြစ်ဖွယ်ရှိသည်။ []

ဘဒ္ဒိယ-၄

ပြင်ဆင်ရန်

ကွယ်လွန်ပြီးနောက် အဝိဟာဗြဟ္မာ့ဘုံ ရောက်၍ ထိုဘုံ၌ ဖြစ်လျှင်ဖြစ်ခြင်း ရဟန္တာ အဖြစ်သို့ ရောက်သော ဘဒ္ဒိယထေရ်၊ ဤ မထေရ်၏ ဇာတ်ကြောင်းမှာလည်း ပျောက်ကွယ်လျက်ရှိသည်။ []

ဘဒ္ဒိယ-၅

ပြင်ဆင်ရန်

ဘဒ္ဒိယ မည်သော လိစ္ဆဝီမင်းသား။ ဤ မင်းသားသည် ဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော၌ သီတင်းသုံးစဉ် ဘုရားရှင်ထံ ချဉ်းကပ်၍ “ရှင်ကြီးဂေါတမသည် မျက်လှည့် သမားအကြီးစားဖြစ်သည်၊ မိမိ၏ မျက်လှည့် ပညာဖြင့် တဖက်ဂိုဏ်းသားများကို မိမိဖက် ပါအောင် ဆွဲဆောင်တတ်သည်ဟု အများက စွပ်စွဲနေကြပါသည်”စသည်ဖြင့် လျှောက်ထားသည်။ ဘုရားရှင်က “တဆင့် ပြောသံ ကြားဖြင့် ဟုတ်လှပြီ မှန်လှပြီဟု အတည် မယူသင့်ကြောင်း” စသည်ဖြင့် ဟောတော်မူသည်။ ဒေသနာအဆုံး၌ ဘဒ္ဒိယလိစ္ဆဝီ မင်းသားသောတာပန် တည်သည်။ []

ဟောကြားသော တရားများမှာ ကာလာမ မင်းသားတို့အား ဟောကြားသော တရားတော်နှင့် အတူပင် ဖြစ်သည်။ ကာလာမသုတ္တ-ကြည့်။

ဘဒ္ဒဇိမထေရ်၏ ဖခင်သည်လည်း ဘဒ္ဒိယ ဟူ၍ပင် အမည်တွင်သည်၊ သို့ရာတွင် ဘဒ္ဒိယ ဟု တလုံးတည်း သုံးသည်ကို မတွေ့ရ၊ ဘဒ္ဒိယ သေဋ္ဌိဟု သေဋ္ဌိ ပုဒ်နှင့် တွဲဖက်၍ သုံးစွဲ သည်ကိုသာတွေ့ရသည်။ ဘဒ္ဒိယသေဋ္ဌိ-ကြည့်။

[]နေ ရဟန်းအားလုံးကိုလည်း မြို့ကို အစွဲပြု၍ ဘဒ္ဒိယဟုပင် ခေါ်ဝေါ် သုံးစွဲသေးသည်။ [] [၁၀]

  1. ဘဒ္ဒိယ (ပု၊ န) [ဘဒ္ဒ+ဣယ] (ပု) (၁) ဘဒ္ဒိယ မည်သူ။
  2. ဝိ၊၃၊၁၇ ဝိ၊ဋ္ဌ၊၃၊၂၄၆။
  3. ဝိ၊၄၊၃၃၈-၃၄၁။ အံ၊၁၊၂၃။ အံ၊ဋ္ဌ၊၁၊၁၅၀-၂။
  4. ဥဒါန၊ဋ္ဌ၊၁၄၃-၇။
  5. ဒီ၊ဋ္ဌ၊၂၊၃၂၈။
  6. သံ၊၁၊၃၂၊ ၅၉။ မ၊ဋ္ဌ၊၄၊၂၁၇။ သံ၊ဋ္ဌ၊၁၈၆။
  7. အံ၊၁၊၅၁၁-၅။ အံ၊ဋ္ဌ၊၂၊၃၆၆။
  8. ဘဒ္ဒိယမြို့
  9. ဓမ္မ၊ဋ္ဌ၊၂၊၂၈၂-၃။) (န) (၂) ဘဒ္ဒိယမြို့။ (ပု)(၁) အာယသ္မာ စ အနုရုဒ္ဓေါ အာယသ္မာ စ ဘဒ္ဒိယော။ မ၊၂၊၁၂၅။ ဥစ္စာကုလိကာနံ ယဒိဒံ ဘဒ္ဒိယော ကာဠိဂေါဓာယပုတ္တော။ အံ၊၁၊၂၃။ (ဝိ၊၃၊၁၇။ သံ၊၁၊၃၂။) ဘဒ္ဒိယောတိ အနုရုဒ္ဓတ္ထေရေန သဒ္ဓိံ နိက္ခမန္တော သကျရာဇာ။ အံ၊ဋ္ဌ၊၁၊၁၅၀။ (န) (၂) ဘဒ္ဒိယေ ဝိဟရတိ ဇာတိယာဝနေ။ အံ၊၂၊၃၀။ (ဝိ၊၁၊၄၇။ ဝိ၊၃၊၂၇၈။) ဘဒ္ဒိယေတိ ဘဒ္ဒိယနဂရေ။ အံ၊ဋ္ဌ၊၃၊၁၈။
  10. တိပိဋကအဘိဓာန် အတွဲ-၁၅