အခြားကြည့်ရန်။ ကိုယ်တွေ့မှတ်ဉာဏ်

သိရှိမှတ်ဉာဏ်များအနက် ကိုယ်တွေ့မှတ်ဉာဏ် မဟုတ်သော လက်ဆင့်ကမ်း မှတ်ဉာဏ် (အင်္ဂလိပ်: sematic memory) ဟူသည်မှာ - ကိုယ်တိုင် တွေ့ကြုံထားမှု မဟုတ်ဘဲ ကြားသိဖတ်ရှုခြင်း စသည့် ပတ်ဝန်းကျင်မှ အကြောင်းအချက် ခင်းပြမှုမှ ရရှိပြီး ရေရှည်မှတ်ဉာဏ်အဖြစ် သိတွေးအုံ၌ သိုမှီးမိထားသည့် မှတ်ဉာဏ်များ ဖြစ်၏။ လက်ဆင့်ကမ်း အသိပညာထု အနေနှင့်မူကား သမိုင်းတလျှောက် လူတို့ သိထင်သမျှကို လက်ဆင့်ကမ်း စုဆောင်းလာသော ယေဘုယျ ဗဟုသုတထုကြီးကို ညွှန်းဆိုနိုင်၏။[] လူသားထုတခုလုံးအနေနှင့် သိမှတ်ယူထားသော စကားလုံးများ သတ်မှတ်ညှိယူခြင်း ဝေါဟာရ (စကားလုံးထု)၊ နှုတ်ပြောရာဇဝင်၊ ဆိုရိုး၊ စသည့် ဗဟုသုတ အချက်အလက်များမှာ ထုံးဓလေ့ (culture) အသီးသီးအပေါ် မူတည်ကွဲပြား၏။ အကြောင်းအချက်၊ အခြင်းအရာ အသစ်များကို လက်ဆင့်ကမ်းဖော်ပြ မှတ်သားကြရာတွင်လည်း၊ သိရှိမှတ်ဉာဏ်အဖြစ် အတိတ်က ရယူသိုမှီးမိထားသည်တို့ကို အခြေခံ၍ ဆက်စပ်စဉ်းစားကာ တည်ဆောက်သိယူနိုင်ကြ၏။[]

အကိုးအကား

ပြင်ဆင်ရန်
  1. McRae၊ Ken; Jones၊ Michael (2013)။ "Semantic Memory"။ in Reisberg၊ Daniel (ed.)။ The Oxford Handbook of Cognitive Psychology။ New York, NY: Oxford University Press။ pp. 206–216။ ISBN 9780195376746
  2. "Semantic Memory" (2002). Current Science 2 (6): 516–522. doi:10.1007/s11910-002-0039-9. PMID 12359106.