တစ်ခုတည်းသော လည်နှုန်းနှင့် တစုတဝေးတည်း လည်ပတ်မှု (solid-body roation) ဖြစ်နိုင်ဖွယ် ဒြပ်သားစုတခုခု၏ လည်တောင့်အင် (အင်္ဂလိပ်: moment of inertia) ဆိုသည်မှာ - ၎င်းဒြပ်သားစုအဖို့ လည်နှုန်းပြောင်းနှုန်း (angular acceleration) တခုခု ဖြစ်ပေါ်အောင် ၎င်းအပေါ် သက်ရောက်ရမည့် လည်အား (torque) ပမာဏ၊ ဟူသည့် အချိုးအစားမျိုး ဖြစ်၍၊ လည်တောင့်အင် ဟူသော တိုင်းဖွယ် မည်မျှ များသည်က ၎င်းဒြပ်စု လည်ခြင်း ပြုရန်၊ ပြောင်းရန် သုံးရမည့် အားပမာဏ များမည်မျိုး ဟု နားလည်ယူနိုင်၏။
မျဉ်းဖြောင့်ရွေ့လျားမှု (Linear Motion) ၌ ဒြပ်(mass)က အဖြောင့်အတိုင်း အလျင်ပြောင်းနှုန်း (linear acceleration) ကို ဆန့်ကျင်ခုခံမှု အင်နားရှားသဘောအဖြစ် ရှိခဲ့သည့် နည်းတူ စက်ဝိုင်းပုံ ရွေ့လျားမှုလည်တောင့်အင်(moment of intertia) က လှည့်လည်နှုန်း (angular accelaration) ကို ဆန့်ကျင်ခုခံမှု ပမာဏ ဖြစ်တော့၏။

လည်တောင့်အင်
လည်တောင့်အင် (moment of inertia) ကြီးကြီးမားမား ရှိသော (လည်အောင် အားများများ သုံးသော) သတ္တုဘီးလုံးကြီးတခု
ယေဘုယျ သင်္ကေတ
I
SI ယူနစ်kg⋅m2 (ကီလိုဂရမ်-စက္ကန့်နှစ်ထပ်)
အခြားယူနစ်များ
lbf·ft·s2
SI ဒိုင်မင်းရှင်းM L2
Derivations from
other quantities
ဤထိုင်ခုံလှည့်နေခြင်း အဖြစ်၌ လည်ဟုန် (angular momentuam) အတိုး-အလျော့ မရှိ။ လက်များ ဆန့်ထုတ်ချိန်၌ လည်နေသည့် ဖြန့်အချင်းဝက်   ဗှတ္တာ ပမာဏ တိုးသွားခြင်း ဖြစ်၍ လည်တောင့်အင် (moment of inertia)   လည်း တိုးသွားကာ လည်ခြင်းကို ပိုတောင့်ခံ၏၊ လည်နှုန်း (angular velocity)   လျော့သွား၏ (အလည်အမွှတ် ပိုနှေးကျ၏)။ လက်များ ပြန်ရုတ်သွင်းလျှင်၊   ပမာဏ နည်း၊ လည်တောင့်အင်   နည်းသွားပြီး လည်နှုန်း   တိုးရ၏။
 

အကိုးအကား

ပြင်ဆင်ရန်