လည်ထောင့်နှုန်း
ဤဆောင်းပါး သည် မပြီးစီးသေးပါ။ |
ရူပဗေဒတွင် ω သို့မဟုတ် ဟု သင်္ကေတပြုရိုး၊ အရာဝတ္ထုတခုခု၏ ထောင့်ပြောင်းနှုန်း (သို့) လည်နှုန်း (သို့) လည်ထောင့်နှုန်း (အင်္ဂလိပ်: angular velocity) ဟူသည်မှာ - စံတိုင်သဖွယ် စိတ်ကူးမျဉ်း တခုခုမှ တိုင်းတာလျှင် ထိုအရာ၏ တည်နေရာပြ ထောင့်တိုင်းတာရရှိမှု ၏ အချိန်နှင့်အမျှ ပြောင်းလဲနေနှုန်း ဖြစ်၏၊ တနည်းအားဖြင့် အာကာသ(နေရာရပ်ဝန်း) အတွင်း အရာဝတ္ထုတခုခု၏ ထိုစံတိုင်မျဉ်းရာတဝိုက် လှည့်လည်မှုဖြစ်ပေါ်နေသည့် နှုန်းထားကို
လည်နှုန်း (သို့) လည်ထောင့်နှုန်း | |
---|---|
ယေဘုယျ သင်္ကေတ | ω |
SI ယူနစ် | rads−1; rad/s (၁စက္ကန့်လျှင် ဘယ်နှရေဒီယန်(နှုန်း)) |
SI အခြေပြု ယူနစ်များ | s−1 |
SI ဒိုင်မင်းရှင်း | wikidata |
Extensive? | အပိုင်းချင်း တန်ဖိုးထွက် (ဒြပ်၊ သိပ်သည်းမှုနှုန်း တို့ကဲ့သို့) |
Intensive? | yes (for a rigid body only) |
Conserved? | မတည်မြဲမဆက်လက် |
Behaviour under coord transformation | ဘက်လှည့်ပြ ဗှတ္တာ |
Derivations from other quantities | ω = dθ / dt |
ဟု သင်္ချာ ညွှန်းလုံး (mathematical formula) အားဖြင့် ဖွင့်ဆိုနိုင်၏၊ က ချအမှတ်(ကိုဩဒီးနိတ်)၏ ထောင့်တိုင်းပြ တည်နေရာ ဗှတ္တာအပိုင်းစ ကိန်းလုံး ဖြစ်၏။
မျဉ်းဖြောင့်အတိုင်း ရွေ့လျားမှု (Linear Motion) တခုခု၏ အလျင် ဗှတ္တာ (linear velocity vector) နှင့်အပြိုင်၊ စက်ဝိုင်းပုံ ရွေ့လျားမှု (Circular Motion) ပုံစံမျိုး၏ လည်ပတ်နေခြင်း အမြန်နှုန်းပမာဏ (magnitude) နှင့် လည်ပတ်နေခြင်း ဘက်လှည့် (orientation) ကို ကိုယ်စားပြုသည့် ဤ လည်ထောင့်နှုန်း ဗှတ္တာ (rotational angular velocity vector) မှာ ဖြောင့်အလျင်ဗှတ္တာ ကဲ့သို့မူ တကယ့်ရွေ့လျားမှု၏ ဦးတည်ချက်အတိုင်း မိမိ၏လားရာ(direction) တည်ရှိနေသည့် ဗှတ္တာအရင်းအစစ်မျိုး မဟုတ်၊ ဘက်လှည့်ပြ ဗှတ္တာ(pseudovector) တစ်မျိုးသာ ဖြစ်၏။
- သို့နှင့် ၎င်း၏ လားရာက လည်ပတ်နေသော ပြင်နေရာပေါ် ထောင့်မတ်ကျနေလျက် လည်ပတ်ပုံ၏ ဘက်လှည့်ကို ညွှန်ပြလျက် ရှိနေမည်။
- သာဓအားဖြင့် လှည့်ပတ်ပုံက ကာတက်စီးယန်း အမှတ်ချအိမ် အားဖြင့် -ပြင်ပြားရာအတွင်း နာရီလက်တံအတိုင်း (clockwise) အတိုင်း လှည့်လည်နေမှုမျိုး ဖြစ်လျှင် သမားရိုးကျအားဖြင့် -စံတိုင်(ဝင်ရိုး)၏ အနုတ်တန်ဖိုးဘက်သို့ ရှိနေမည်၊ နာရီလက်တံပြောင်းပြန် (anti-clockwise) လှည့်ပတ်နေမှုမျိုး ဖြစ်လျှင် ထိုဝင်ရိုးအတိုင်း အပေါင်းတန်ဖိုးဘက်သို့ ရှိအံ့။
- သို့နှင့် ၎င်း၏ ပမာဏသဘောကမူ မည်မျှသော စက်ဝိုင်ပုံဆန်ဆန် ပမာဏ အဝန်းအတွင်း မည်မျှသော အဖြောင့်အတိုင်း ဝန်းထိအမြန်နှုန်း ဖြင့် သွားနေကြောင်း အချိုးအစားကို ဖော်ပြလျက် ရှိနေမည်။
ဟူသည်မျိုး ဖြစ်၏။
လည်ထောင့်နှုန်း(လည်နှုန်း) နှစ်မျိုးနှစ်စား
ပြင်ဆင်ရန်- လည်ပတ်မှု၏ ဗဟိုဆန်သည့်အမှတ် မှ သီးခြားကွာလှမ်းနေသည့် ဒြပ်စ ထုထည် တခုခု၏ ထိုအမှတ်ပတ်လည် လှည့်ပတ်(revolving) နေနှုန်းကို ဖော်ပြရာကျလျှင် (ဝန်းရံ)လှည့်လည်နှုန်း (orbital angular velocity) ဟု ခွဲခေါ်နိုင်၏၊[ကိုးကားချက်လိုသည်]
- ဆိုလိုရာဒြပ်သား၏ ထုထည်ပြင်ပမှ အမှတ်နေရာတခုကို လှည့်ပတ်ခြင်း မဟုတ်ဘဲ မိမိကိုယ်တိုင်ထုထည် အတွင်း အလည်ဘက်လှည့် စံတိုင် တခု ရှိနေသည့်ပုံစံနှင့် ကိုယ်တိုင်လည်ပတ်(rotating) နေနှုန်းကို ဖော်ပြရာကျလျှင် ကိုယ်လည် လည်ပတ်နှုန်း (spin angular velocity) ဟု ခွဲခေါ်နိုင်၏။