လန်းစ်အန်း [၁] သည် အင်္ဂလန်နိုင်ငံ ၊ အနောက်ပိုင်း ကွန်းဝေါလ်စ်ရှိ ပန်းဝစ်ကျွန်းဆွယ်တွင် တည်ရှိသော အငူစွန်းတစ်ခု နှင့် ကမ္ဘာလှည့်ခရီးသွားများနှင့် အားလပ်ရက် အပန်းဖြေသူများ လည်ပတ်ရာ နေရာ တစ်ခု ဖြစ်သည်။ ပင်န်ဇန့်မြို့ ၏ အနောက်ဘက်နှင့် အနောက်တောင်ဘက်ကြား ၈ မိုင် (၁၃ ကီလိုမီတာ) အကွာ A30 လမ်း ၏ အနောက်ဘက်အဆုံးတွင် တည်ရှိသည်။ ၎င်း၏ အရှေ့ဘက်တွင် အင်္ဂလိပ်ရေလက်ကြား နှင့် အနောက်ဘက်တွင် ဆဲလ်တစ်ပင်လယ် ရှိသည်။

လန်းစ်အန်းရှိ ကျောက်ဆောင်ထူထပ်သော ကမ်းရိုးတန်း

လန်းစ်အန်း သည် အင်္ဂလန်ပြည်မကြီး၏ အနောက်ဘက် အကျဆုံး နေရာဖြစ်သည်။ [၂] သို့ရာတွင် ဂရိတ်ဗြိတိန်ကျွန်း ၏ အနောက်ဘက် အကျဆုံး နေရာ မဟုတ်ပေ။ ဂရိတ်ဗြိတိန်ကျွန်း၏ အနောက်ဘက် အကျဆုံး နေရာမှာ စကော့တလန်ကုန်းမြင့် ကော်ရာချတ် မိုးရ် ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. "Cornwall Council adds apostrophe to Land's End"၊ 12 September 2018။ 
  2. Ordnance Survey: Landranger map sheet 203 Land's End ISBN 978-0-319-23148-7