လောကနှံ့စွမ်းအင် (သို့) ဒါ့ခ် အန်နဂျီ (Dark Energy) ဆိုသည်မှာ နေရာအာကာသ၏ လောကကျယ်ဝန်းမှု အစိတ်အပိုင်းတိုင်းတွင်း ပျံ့နှံ့တည်ရှိနေသည့်ဖွယ် လောကလုံးဆိုင်ရာ (cosmological) နှိုင်းရရူဗေဒ (relativistic physics)၌ တွေ့ရသော စွမ်းအင်တမျိုးဖြစ်သည်။[၁] အထွေထွေနှိုင်းရသီအိုရီ တွက်နည်းများအားဖြင့် ၎င်းသည် ချိုင့်ဖြန့်မှုဖိအား (negarive pressure) ကို ဖြစ်ပေါ်စေသော စွမ်းအင်ဖြစ်လေရာ ယခုလက်ရှိ အလျင်မြှင့်ပြန့်ကားနေသည်ဟု လောက(Universe) ကြီး ပြန့်ကားမှု အကြောင်းအရင်းသဖွယ်[၂][၃] ဖြစ်လေသည်။

လောကနှံ့စွမ်းအင် (dark energy) ကြောင့် လောက(Universe)ကြီး ပျံ့ကားမှုသဘောကို အကြမ်းဖျင်းသရုပ်ပြ

ကျွန်ုပ်တို့၏ နေ့စဉ်သဘာဝနှင့် ပတ်သက်သမျှသော အပူစွမ်းအင်၊ အလင်းစွမ်းအင်၊ အသံစွမ်းအင်၊ လျှပ်စစ်စွမ်းအင်သမားရိုးကျ ဒြပ်သားတို့၏ တည်အောင်းစွမ်းအင်အရွေ့စွမ်းအင် စသည်တို့မှာ လောကနှံ့စွမ်းအင်များ အတွင်း၌ အကျုံးမဝင်ပေ။ လောကနှံ့စွမ်းအင် (dark energy)သည် အာကာသ နေရာလွတ်အနှံ့၌ ပကတိရှိနေသော သဘောသတ္တိ ဖြစ်၍ လောကလုံးဆိုင်ရာ ကိန်းသေ (en:cosmological constant)နှင့် သက်ဆိုင်သည်။

အမည်ပေးမှုနှင့် ဘာသာပြန်ဆိုမှု ပြင်ဆင်ရန်

Dark Energy ကို တိုက်ရိုက်မွေးစားလျှင် ဒါ့ခ် အန်နဂျီ ဟု ရရှိနိုင်သည်။ တိုက်ရိုက်ဘာသာပြန်လျှင် "dark = မည်းမှောင်သော" ဖြစ်သော်လည်း ၎င်းစွမ်းအင်သည် လောကကြီးကို တိုက်ရိုက် မှောင်စေသော စွမ်းအင်မျိုး မဟုတ်၊ ၎င်းစွမ်းအင်ဖြင့် ဖယောင်းတိုင်မီးကို အုပ်ကာ မှိုင်းညှို့မှောင်စေခြင်းမျိုး မဖြစ်နိုင်၊ လျှပ်စစ်သံလိုက်လှိုင်းနှင့် အပြန်အလှန် သက်ရောက်မှု ပကတိ မရှိခြင်းကို အစွဲပြုလျက် အင်္ဂလိပ်လူမျိုးတို့ အမည်ပေးထားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဘာသာရပ်သိ ဘာသာပြန်မှုအားဖြင့် မြန်မာစာဖတ်သူအများ အရှိအတိုင်းနားလည်စေရန် လောကနှံ့စွမ်းအင် ဟု ဘာသာပြန်နိုင်သည်။ လောကကျယ်ဝန်းမှု နေရာတိုင်း၌ ပကတိပါဝင်တည်ရှိနေသည့် စွမ်းအင်ဖြစ်သောကြောင့် ဖြစ်ပါသည်။

ဆက်စပ် ကြည့်ရှုဖွယ် ပြင်ဆင်ရန်

အကိုးအကား ပြင်ဆင်ရန်

  1. A First Course in General Relativity by Bernard F.Schutz
  2. Overbye၊ Dennis။ "Cosmos Controversy: The Universe Is Expanding, but How Fast?"၊ The New York Times၊ 20 February 2017။ 
  3. "The cosmological constant and dark energy" (2003). Reviews of Modern Physics 75 (2): 559–606. doi:10.1103/RevModPhys.75.559. Bibcode2003RvMP...75..559P.