Λ (labmda; လမ်ဘ်ဒါ) ဟု သင်္ကေတပြရိုးရှိသော လောကလုံးဆိုင်ရာ ကိန်းသေ (သို့) လောကသရုပ် ကိန်းသေ (ခေါ်) အာကာသအဇ္ဈိတ ကိန်းသေ (အင်္ဂလိပ်: cosmological constant or Einstein's cosmological constant) ဆိုသည်မှာ အထွေထွေနှိုင်းရသီအိုရီ တွက်ချက်ရာတွင် အိုင်းစတိုင်းက သူ၏ လောကဇာတ်ခုံ ညီမျှခြင်း၌ ကိန်းသေ မြှောက်ဖော်ကိန်းတခုအဖြစ် ယာယီသဘော ထည့်သွင်းရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့နောက် ကွမ်တမ်သဘောယန္တရားအရလည်း ဒြပ်အလုံးစုံ ကင်းမဲ့နေသော လေဟာနယ်နေရာ၌ပင် စွမ်းအင် တစ်ခု ရှိသင့်ကြောင်း ပေါ်ထွက်လာသေးရာ၊ နေရာလွတ် ကိုယ်တိုင်အတွင်း၌ ရှိနေသော စွမ်းအင်ဖြန့်ကျက်မှု အသွင်တမျိုးအနေနှင့် လောကလုံးဆိုင်ရာ ကိန်းသေ (သို့) လောကသရုပ် ကိန်းသေ ကို ပြန်လည် အသုံးပြုလာကသည်။ ၎င်းက လောကနှံ့စွမ်းအင်ကို ဖော်ပြသည့် သင်္ချာသဘောတမျိုးလည်း ဖြစ်နေသည်။

လောက(Universe)၏ သမိုင်းကြောင်းဖြစ်စဉ်အကြမ်းဖျင်းကို လောကကြီး ပျံ့ကားမှုပုံစံဖြင့် သဘောသရုပ်ဖော်ပုံ တစ်မျိုး

သမိုင်းကြောင်း ပြင်ဆင်ရန်

  • ၁၉၁၅ ခုနှစ်တွင်, အိုင်းစတိုင်းက လောကသရုပ်ကိန်းသေ Λ မပါရှိဘဲ သူ၏ အထွေထွေနှိုင်းရသီအိုရီ ညီမျှခြင်းကို ဦးစွာ ထုတ်ပြန်သည်။
  • ထို့နောက် သူတင်ပြလိုက်သည့် သင်္ချာသဘောတရားတို့က အချိန်နှင့်မျှ အစဉ် ကျုံ့ဝင်နေသော အာကာသအဖြစ် လောကကြီးကို သရုပ်ဖော်ရာ ကျနေသည်ဟု သတိပြုမိသဖြင့် ၁၉၁၇ တွင် လောကသရုပ်ကိန်းသေ Λ ကို ထည့်သွင်းကာ ဒြပ်ဆွဲမှုတို့သာ များဝှန်လျက် အစဉ်ကျုံ့ဝင်မနေသော၊ အရွယ်ငြိမ်နေသော လောက(universe) သရုပ်ကို သင်္ချာဖြင့် ဖော်ပြလိုက်သည်။
  • ထို့နောက် Λ ပါဝင်နေသည့် အိုင်းစ်တိုင်းညီမျှခြင်းက အရွယ်အစား ပြောင်းလဲနေသော လောက(universe) ကိုသည်း ဖော်ညွှန်းနေနိုင်ကြေင်း ရုရှားလူမျိုး ရူပဗေဒရှင် အလက်ဇန်းဒါး ဖှရီးဒ်မန်းက ၁၉၂၂ တွင် သင်္ချာနည်းဖြင့် ထုတ်ပြန်ပြသည်။
  • လက်တွေ့ အသစ်တွေ့ရှိရမှုများနှင့် အထွေထွေနှိုင်းရသီအိုရီကို ဆီလျော်စွာ ပေါင်းစပ်ပြလျက်လည်း လောက(universe)ကြီးက စင်စစ်အားဖြင့် ကျယ်ကျယ်လာနေကြောင်း ဘယ်လ်ဂျီယန် နက္ခတ်ဗေဒပညာရှင်တဦးက ၁၉၂၇ တွင် ပြောကြားသည်။
  • လောက(universe)ကြီး ကျယ်ပြန့်နေမှု သီအိုရီကို ၁၉၃၁ တွင် အိုင်းစ်တိုင်း လိုက်လံလက်ခံ၍ ၁၉၃၂ တွင် ဒတ်ချ်လူမျိုး ရူပဗေဒရှင်တဦးနှင့် ပူးပေါင်းကာ လောကသရုပ်ကိန်းသေ သုညဖြစ်လျက် ကျယ်ပြန့်နေသည့် လောက(universe)ကြီး သင်္ချာဖော်ညွှန်းချက်ကို တါက်ထုတ်ခဲ့ကြသည်၊ အိုင်းရှ်တိုင်း-ဒီစစ်တာရ် အချိန်ကာသ ဖြစ်သည်။
  • လောက(universe)ကြီးက တသမတ်တည်းသော နှုန်းထားဖြင့်သာ ပြန့်ကားနေခြင်း မဟုတ်ဘဲ အချိန်နှင့်အမျှ နှုန်းထားတိုးမြင့်လျက်ပင် ပို၍တိုး၍ ကျယ်ကျယ်နေကြောင်း ၁၉၉၈ တွင် နက္ခတ်ဗေဒပညာရှင် အဖွဲ့နှစ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ ထို့ကြောင့် လောက(universe)ကြီး၏ အချိန်-အာကာသကို (လောကဇာတ်ခုံကို) သင်္ချာနည်းဖြင့် ဖော်ပြလိုက်လျှင် လောကသရုပ် ကိန်းသေ Λ ပါဝင်လျက် ၎င်း၏တန်ဖိုးက အပေါင်းကိန်း ဖြစ်နေရမည်ဟု သဘောသက်ရောက်လာသည်။ တနည်းအားဖြင့်ဆိုသော် လောကနှံ့စွမ်းအင် ဟူသော အခြင်းအရာတခု ရှိနေပြီး ဒြပ်ဆွဲမှုက ဆွဲစုဆုံမှုကို တွန်းအားပေးလျှင် ၎င်းလောကနှံ့စွမ်းအင်က တွန်းဖြာခွဲမှုများကို ဖြစ်စေနေရမည်ဟု သီအိုရီတို့ ထွက်ပေါ်လာသည်။

အိုင်းစတိုင်းညီမျှခြင်းအတွင်း၌ ပြင်ဆင်ရန်

 
နယ်သာလန်ရှိ Leiden ဒေသ တနေရာတွင် အိုင်းစတိုင်းညီမျှခြင်းကို ရေးဆွဲထားပုံ။ ကြီးမားသော ဒြပ်ထုတို့ကြောင့် အလင်းလမ်းကြောင်း ကွေးညွတ်မှုကို နျူတန်၏ ဒြပ်ဆွဲအားဖြင့် ခန့်မှန်းနိုင်သော်လည်း ကွေးညွတ်မှု ပမာဏအမှန်မှာ အိုင်းစတိုင်း၏ နှိုင်းရတွက်နည်းနှင့်မှ ပိုမိုတိကျစွာ ထွက်ပေါ်ခြင်း ဖြစ်၏။

အိုင်းစတိုင်း စက်ကွင်းညီမျှခြင်းကို အောက်ပါအတိုင်း ဖော်ပြသည်။[၁]

 

ဤတွင်   က အိုင်းစတိုင်းတာအုံ (Einstein tensor)၊   က အတိုင်းဆတာအုံ (metric tensor)၊   က အားအချိုး-စွမ်းအင် တာအုံ (stress-energy tensor)၊   က လောကသရုပ် ကိန်းသေ (cosmological constant)၊   က အိုင်းစတိုင်း ဒြပ်ဆွဲမှု ကိန်းသေ (Einstein gravitational constant) ဖြစ်သည်။

အကိုးအကား ပြင်ဆင်ရန်

  1. Grøn၊ Øyvind; Hervik၊ Sigbjorn (2007)။ Einstein's General Theory of Relativity: With Modern Applications in Cosmology (illustrated ed.)။ Springer Science & Business Media။ p. 180။ ISBN 978-0-387-69200-5