[၁] လောကုတ္တရာစိတ်သည် အကျဉ်းအားဖြင့် ကုသိုလ် (= မဂ်)စိတ် ၄-ပါး, ဝိပါက် (= ဖိုလ်)စိတ်၄-ပါးဟု ၈-ပါးအပြားရှိသည်။ [၂][၃]

ကြိယာစိတ် မရှိပေ ပြင်ဆင်ရန်

အခြားသောစိတ်တို့၌ ကုသိုလ်, ဝိပါက်, ကြိယာဟု ၃-မျိုးရှိကြသော်လည်း လောကုတ္တရာစိတ်၌ကား ကုသိုလ် ဝိပါက်ဟု ၂-မျိုးသာ ရှိသည်။ ကြိယာစိတ် မရှိပေ၊

အဘယ့်ကြောင့်နည်းဟူမူ-လောကုတ္တရာမဂ်စိတ် ၄-ပါးသည် ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို ၄-ပိုင်းခွဲ၍ စိတ္တက္ခဏတစ်ချက်တည်းဖြင့် ဖျက်ဆီးသတ်ဖြတ်သောကြောင့် ပင်တည်း။ [၄][၃]

လောကုတ္တရာစိတ် အကျယ် ပြင်ဆင်ရန်

လောကုတ္တရာစိတ်သည် အကျယ်အားဖြင့်-

  • (၁) ဈာန်အင်္ဂါ ၅-ပါးနှင့် တကွဖြစ်သော ပဌမဈာန်သောတာပတ္တိမဂ်စိတ်၁-ပါး၊
  • (၂) ဈာန်အင်္ဂါ ၄-ပါးနှင့် တကွဖြစ်သော ဒုတိယဈာန်သောတာပတ္တိမဂ်စိတ် ၁-ပါး၊
  • (၃) ဈာန်အင်္ဂါ ၃-ပါးနှင့် တကွဖြစ်သော တတိယဈာန် သောတာပတ္တိမဂ်စိတ် ၁-ပါး၊
  • (၄) ဈာန်အင်္ဂါ ၂-ပါးနှင့် တကွ ဖြစ်သော စတုတ္တဈာန် သောတာပတ္တိမဂ်စိတ် ၁-ပါး
  • (၅) ဈာန်အင်္ဂါ ၂-ပါးနှင့် တကွဖြစ်သော ပဉ္စမဈာန် သောတာပတ္တိမဂ်စိတ် ၁-ပါး ဟု သောတာပတ္တိမဂ်စိတ်သည် ပဉ္စကနည်းအားဖြင့် ၅-ပါးအပြားရှိ၏၊

ထို့အတူ သကဒါဂါမိမဂ်စိတ်, အနာဂါမိမဂ်စိတ်, အရဟတ္တမဂ်စိတ်တို့၌လည်း ၅-ပါးစီရှိကြ၍ မဂ်စိတ်၂၀-ပြားသည်။

ထို့အတူ ဖိုလ်စိတ် ၄-ပါးသည်လည်း မဂ်အားလျော်စွာဖြစ်သောကြောင့် တစ်ပါးတစ်ပါး၌ ၅-ပါးစီ အပြားရှိကြ၍ ဖိုလ်စိတ်၂၀-ပြားသည်။ ထို့ကြောင့် လောကုတ္တရာစိတ်သည် အကျယ်အားဖြင့် ၄၀-ရှိသည်။ [၅]

လောကုတ္တရာစိတ်၏ အာရုံ ပြင်ဆင်ရန်

ယင်း လောကုတ္တရာစိတ်တို့သည် နိဗ္ဗာန်ကိုသာ အာရုံပြုကြ၏။ [၆][၃]

ကိုးကား ပြင်ဆင်ရန်

  1. လောကုတ္တရစိတ္တ (န) [လောကုတ္တရ + စိတ္တ] လောကုတ္တရာစိတ်။ လောကုတ္တရစိတ္တာနိ ပန နေဝ သုဒ္ဓဝိပဿကဿ၊ ဝိသုဒ္ဓိ၊၂၊၂၂၃။ (မ၊ဋီ၊၁၊၃၇၂။ အနုဋီ၊၁၊၂၀၉)။
  2. (သင်္ဂဟ၊၁၃-၄။)
  3. ၃.၀ ၃.၁ ၃.၂ တိပိဋကအဘိဓာန် အတွဲ-၁၈
  4. (အဘိ၊ဝတာရ၊ဋ္ဌ၊၁၈။ ဝိဘာဝိနီ၊၉၉)
  5. နာမရူပပရိစ္ဆေဒ၊၃။ ပရမတ္ထဝိနိစ္ဆယ။သင်္ဂဟ၊ ၁၆-၇ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၇၅။ )
  6. (သင်္ဂဟ၊၅၁-၂။)