လောက်သေပင်

အပင်မျိုးစိတ်

ပုံသဏ္ဌာန် : အပင်

  • ပင်ပျော့ ပင်ငယ် သက်ပြင်း မျိုး ဖြစ်သည်။ မှီတွယ် ရာမရှိသော နေရာများ၌ မြေပေါ်တွင် ဖြန့်တွား ပေါက်၏။ အမြင့် ၅-၆ ပေခန့် မြင့်၏။ ပင်စည် သေးသွယ် ပြီး မွဲခြောက်ခြောက် ရောင်ရှိသည်။ အကိုင်း အခက်များ အညိုရောင် ရှိသည်။
လောက်သေပင်
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
Eudicots
(unranked):
Rosids
မျိုးစဉ်:
Fabales
မျိုးရင်း:
Fabaceae
မျိုးရင်းသေး:
Faboideae
မျိုးစု:
Tadehagi
မျိုးစိတ်:
T. triquetrum
ဒွိနာမ
Tadehagi triquetrum
(ကားလ် လင်းနီးယပ်စ်
Synonyms
  • Desmodium triquetrum (L.) DC.
  • Desmodium triquetrum subsp. genuinum Prain
  • Desmodium triquetrum subsp. triquetrum
  • Hedysarum triquetrum L.
  • Meibomia triquetra (L.) Kuntze
  • Pteroloma triquetrum (L.) Benth.
  • Tadehagi triquetrum subsp. triquetrum

အရွက်

  • ရွက်လွဲ ထွက်၏။ အလျား ၆ လက်မ၊ အနံ ၂ လက်မ ခန့် ရှိ၏။ ရွက်ထိပ် ချွန်၏။ အပေါ် မျက်နှာ ပြင်တွင် သေးငယ်သော ဆူးကလေးများ ရှိသည်။ ရွက်ညှာအတောင် ပါသည်။ ရွက်ညှာရင်း နားတွင် ရွက်စွယ် အဖတ်လေးများ ရှိ၏။

အပွင့်

  • အလွန်သေးငယ်၏။ နီရောင် သမ်းသော အညိုရောင် သို့မဟုတ် မရန်းရောင် ရှိ၏။ နတ်တော်ပြာသိုလများတွင် ပွင့်၏။

အသီး

  • သီးတောင့် ဖြစ်သည်။ ၁ လက်မမျှ ရှည်၍ ပြား၏။ အဆစ် ၆-၈ ထိရှိပြီး ပြောင်ချော၏။ သို့မဟုတ် အမွေးနုများ ရှိသည်။ တပေါင်းတန်ခူးလများတွင် အသီး ရင့် မှည့်သည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ

ပြင်ဆင်ရန်

အမြစ်အရွက်

==မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ== မြန်မာနိုင်ငံအောက်ပိုင်း စွတ်စိုသော ဒေသများ၌ ပေါက်၏။ သဘာ၀အလျောက် ပေါက်ရောက်သည်။

အသုံးဝင်ပုံ အာနိသင်

ပြင်ဆင်ရန်

မြန်မာ ဆေးကျမ်းများ အလိုအရ လောက်သေပင်သည် လေသလိပ် သည်းခြေကို နိုင်၏။ အသက်ကို ရှည်စေ၏။ ကာမကို အားပေး၏။ ရောဂါ ဖြစ်စေသော ပိုးများကို ပယ်တတ်၏။ အဆီကို တိုးပွားစေ၏။ အူတို့ကို တွန့်ရှုံ့ စေတတ်၏။ အဖျားရောဂါ၊ အဖျားရောဂါကြောင့် ဖြစ်သော စိတ်မသက်သာမှု၊ လေရောဂါမြင်းသရိုက်ဖောရောင်ခြင်း၊ ပန်းနာ ချောင်းဆိုး၊ ရေငတ်နှင့် အန်ခြင်းတို့ကို ပျောက်စေနိုင်သည်။

အသုံးပြုပုံ

ပြင်ဆင်ရန်
  • ဆီးတွင် သွေးပါသော ရောဂါအတွက် အမြစ်ကို ငရုတ်ကောင်း အနည်းငယ် ထည့်ကျိုပြီး ဆီးပြွန် ချောင်းမှ ၎င်း ပြုတ်ဆေးကို ဖန်ပြွန်၊ ပိုက် စသည်ဖြင့် သွင်းပေးသော် ပျောက်၏။
 
တနင်္သာရီတိုင်းမှ ပိန်သွယ်၍ ချွန်သော လောက်သေပင်တမျိုး
  • အရွက် မနုမရင့်ကို ပြုတ်၍ သုပ်စား ခြင်း၊တို့စား ခြင်း ဖြင့် ဝမ်းကိုက်ရောဂါ၊ ဝမ်းဖော ဝမ်းရောင်ရောဂါ၊ ကလေးများ သန်ဝမ်းကိုက် ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း ပျောက်၏။
  • အရွက်ကို လက်ဖက်ခြောက် ကဲ့သို့ သောက်သုံးသော် ဆီးပူဆီးအောင့်ရောဂါနှင့် အရေပြားရောဂါ ပျောက်၏။
  • ၎င်းအရွက်ကို အခြားသော ဆေးပင်တို့နှင့် ပေါင်းစပ်၍ ဆီးရွှင်ဆေးအဖြစ် ဖော်စပ် သုံးနိုင်သည်။
  • လောက်သေရွက်နှင့် ထားဝယ် မှိုင်းရွက်ကို ရေနွေး ဖြော၍ သုပ်စားသော် ဆီးပူဆီးအောင့်ဝမ်းကိုက်သွေးဝမ်း သွား၊ သွေးမြင်းသရိုက်၊ မီးယပ်သွေးလွန်တို့ကို ရပ်တန့် စေသည်။
  • လောက်သေရွက်ခြောက်၊ ဖလံတောင်ဝှေး ရွက်ခြောက်တို့ကို ဆတူ အမှုန့် ပြု ၍ အုန်းဆီနှင့် ဖျော် စပ်ပြီး နေပူပူတွင် လှန်း၍ အပေါ် ဆီအကြည်ကို နားတွင်း သို့ အစက်ချ ခြင်း၊ ကြက်တောင်နှင့် ကြပ်ပေးခြင်း ပြုလုပ်ပါက နားပြည်ယို၊ နားကိုက်ရောဂါများ ပျောက်ရန် နားတွင်းရှိ ပိုးများကို သေစေသည်။ လိမ်းဆေး အဖြစ် သုံးပါက ဝဲနာ၊ အနာစက်နာ၊ အနာမီးလျှံအိုင်းနာဒက်နာများ ပျောက်၏။
  • လောက်သေရွက်၊ စံကားစိမ်း ပွင့်ခြောက်တို့ကို နှမ်းဆီ စစ်စစ်နှင့် စိမ်ပြီး ခေါင်းလိမ်းဆီ အဖြစ် သုံးပါက ခေါင်းကိုက်၊ ခေါင်းပူ၊ ဗောက်ထခြင်း၊ ယားခြင်း၊ သန်းပေါခြင်းများ ပျောက်၍ ဦးနှောက်ကို ကြည်လင် စေသည်။
  • လောက်သေရွက်နှင့် ဆောက်ပြာရွက် ၂ မျိုးကို ပြုတ်၍ ရေနွေးနွေး ဖြင့် မီးဖွား ပြီးနောက် မိခင်ကိုလည်းကောင်း၊ ကလေးကိုလည်းကောင်း ချိုးပေးပါက ကျဗဟုံးရောဂါ၊ မွေးကတည်း က ပါလာတတ်သော သူငယ်နာမျိုးစုံ၊ အကြောတက်၊ အကြောကပ်ရောဂါနှင့် မိဘကိုယ်မှ ကူးစက်တတ်သော ရောဂါများကို ကာကွယ်နိုင်၏။
  • လောက်သေရွက်ကို ကိုယ်ပူ ချွဲထ၊ အညှော်ဝင်၊ ချောင်းဆိုး နှာစေး၊ နှာပိတ်ရောဂါအတွက်လည်း ဆေးဖော် စပ်သုံးနိုင်၏။
  • လောက်သေရွက်၊ ရေခရာ ရွက်၊ နနွင်း ရိုးရိုး အရွက် ဆတူ အကျွမ်း လှော်၍ နှမ်းဆီတွင် ဖျော်လိမ်းပါက ကလေးများ ချက်ကြိုး ချက်တိုင် ကိုက်ခြင်း ပျောက်၍ ချက်ကြိုး ကြွေလွယ်၏။ နို့ချောင်း ပိတ်၊ နို့နာ၊ နို့ပျဉ်းထသော မိခင်များကို လိမ်းပေးက လျင်မြန်စွာ သက်သာ ပျောက်ကင်း စေ၏။
  • ကလေးများ အနာစက်ဝဲစို၊ အိုင်းနာကို လောက်သေရွက် အကျွမ်းလှော်၍ ရေနံကြီး စစ်စစ်နှင့် လူးလျှင် ပျောက်၏။
  • ကျွဲ နွားများ အနာပေါက်၍ လောက်ကောင်များကျခြင်း၊ ငါးပိအိုးတွင် လောက်ကောင်များ ကျခြင်းအတွက် ၎င်း လောက်သေရွက်ကို ထောင်း၍ အမှုန့်ဖြူးပေးသော် လောက်များ သေကြေ ပျက်စီးပြီး အနာများကိုလည်း အသားနု တက်၍ ကျက်စေ၏။
  • စအို မျှော့ ဝင်ကာ ရောဂါအတွက် လောက်သေရွက်၊ ကြွက်နားပေါင်းရွက်၊ ကြက်မွေး(ကြက်တောင်မှ အမွေး) ၎င်း ၃ ပါး ဆတူ စု၍ ပြုတ်ပြီး အငွေ့ကို ချွေးအောင်း သကဲ့သို့ အိုးပေါ်တွင် ထိုင်ပြီး အခိုးအငွေ့များ အခြားသို့ မထွက်နိုင်ရန် ခါးအောက်ပိုင်းနှင့် အိုးကိုပါ အဝတ်ထူထူ ရစ်ပတ်၍ အငွေ့မှိုင်းခံပါက မျှော့များ အကောင်လိုက်သော်လည်းကောင်း၊ ကြေပြုတ်၍သော်လည်းကောင်း ကျလာစေ၏။ လောက်သေရွက်နှင့် ကြွက်နားပေါင်း ဆတူပြုတ် ၍ လက်ဖက်ရည် ကြမ်းပန်းကန်လုံးနှင့်လည်း ခပ်ပူပူသောက်ပေးရ၏။