လေးထပ်ကြီးကျောင်း သည် မန္တလေးတိုင်းဒေသကြီးအင်းဝမြို့ဟောင်းတွင် တည်ရှိသည်။ လေးထပ်ကြီးကျောင်းသည် မန္တလေးမြို့တွင် သီတင်းသုံးတော်မူနေသော သကျမုနိ(ခေါ်) စကြာသီဟ ဘုရားကြီး မူလသီတင်းသုံးခဲ့ရာ နေရာဟောင်းဖြစ်သည်။ မူလလေးထပ်ကျောင်းဆောင်ကြီးကို ခရစ်နှစ် ၁၆၀၁-ခုနှစ်တွင် ဒုတိယအင်းဝခေတ် စတည်ထောင်သူ ညောင်ရမ်းမင်းတရားကြီးက တည်ဆောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ပင်းတလဲမင်းလက်ထက် ခရစ်နှစ် ၁၆၅၈-ခုနှစ်တွင် ညောင်ရမ်းမှုကောင်းမှု မူလလေးထပ်ကျောင်းဆောင်ကြီးသည် မီးလောင်ပျက်စီးခဲ့ရသည်။

လေးထပ်ကျောင်းတော် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
လေးထပ်ကျောင်းတော်
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ်21°50′24″N 95°58′38″E / 21.8400548°N 95.9773423°E / 21.8400548; 95.9773423ကိုဩဒိနိတ်: 21°50′24″N 95°58′38″E / 21.8400548°N 95.9773423°E / 21.8400548; 95.9773423
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံအင်းဝမန္တလေးတိုင်းဒေသကြီး

ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၈၈-ခု (ခရစ်နှစ် ၁၈၂၇ခု)တွင် မဟာသကျမုနိဘုရားကြီးကို သွန်းလုပ်ခဲ့သည်။ သကျမုနိရုပ်ပွားတော်ကြီးသည် ရွှေစင်၊ ငွေစင်၊ ကြေးစင်၊ သံ၊ သလွဲများနှင့် ရောစပ်သွန်းလုပ်ထားကာ ၁၆၁၁၀ ပိဿာ အလေးချိန်ရှိသော ပဉ္စလောဟာရုပ်ပွားတော်ကြီးဖြစ်သည်။ ဘကြီးတော်သည် ရုပ်ပွားတော်ကြီး သီတင်းသုံးဖို့ရာ အုတ်ပြာသာဒ်ကြီးကို ယခင်လေးထပ်ကျောင်းကြီးနေရာဟောင်းမှာပင် တည်ဆောက် လှူဒါန်းခဲ့သည်။ လေးထပ်ကျောင်းကြီးဟု အမည်တွင်သည်။ ခရစ်နှစ် ၁၈၃၅-ခုနှစ်တွင် အစစပြီးစီး၍ ရေစက်ချလှူဒါန်းတော်မူခဲ့သည်။ ရုပ်ပွားတော်ကြီး၏ သက်တမ်းသည် နှစ်ပေါင်း ၁၈၀ကျော်ခဲ့ပြီဖြစ်သလို လေးထပ်ကျောင်းကြီး၏ သက်တမ်းသည်လည်း အလားတူ အနှစ် ၁၈၀ ကျော်နေပြီဖြစ်သည်။

သက္ကရာဇ် ၁၂၀၀-ပြည့် (ခရစ်နှစ်-၁၈၃၈ခု) တွင် ငလျင်ဒဏ်ကြောင့် ကျောင်းဆောင်ကြီး ယိုယွင်းပျက်စီးခဲ့ရသည့်အတွက် ပုဂံမင်းလက်ထက် ခရစ်နှစ် ၁၈၄၇ ခုတွင် အမရပူရနေပြည်တော် တောင်သမန်ကန်အနီး ပုထိုးတော်ကြီး တောင်ဘက်ရှိ မဟာဝေယန်ဘုံသာပြာသာဒ်ကြီးသို့ ပြောင်းရွှေ့ပူဇော်ခဲ့သည်။ သီပေါမင်း လက်ထက် ၁၈၅၅-ခုနှစ်ရောက်သောအခါ ခမည်းတော်မင်းတုန်းမင်း၏ အိမ်တော်ရာဟောင်းဖြစ်ခဲ့သော အခုလက်ရှိ ဆင်းတုတော်ကြီးသီတင်းစံပါယ်တော်မူရာနေရာသို့ ထပ်မံပြောင်းရွှေ့ပူဇော်ခဲ့သည်။ ငလျင်ဒဏ်ကြောင့် လဲပြိုခဲ့ရသော အင်းဝမြို့ဟောင်းမှ လေးထပ်ကျောင်းကြီးမှာ ယနေ့တိုင်ကျန်ရှိနေဆဲပင်ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. အင်းဝ-ပင်းယဒေသရှိ ရှေးဟောင်းအဆောက်အအုံများ၊ စာ-၂၄/၂၅