လေးရှင်းတောင်မီးပြတိုက်

လေးရှင်းတောင်မီးပြတိုက်သည် မြန်မာ့ပင်လယ်ပြင်၏ အစောဆုံးမီးပြတိုက်များထဲမှ တစ်ခုဖြစ်ပြီး ၁၈၄၄ ခုနှစ်က စတင်တည်ကာ[၁] ၁၉၅၆ ခုနှစ်အထိ အသုံးပြုခဲ့သည်။ အမြင့် ၁၃၈ ပေ ရှိသည်။ ယခင်က မီးပြအလင်းရောင်ကို ၁၄ မိုင်ထိ မြင်နိုင်ခဲ့သည်။

တည်နေရာ ပြင်ဆင်ရန်

လေးရှင်းတောင်မီးပြတိုက်သည် ရခိုင်ပြည်နယ်စစ်တွေမြို့မှ တောင်ဘက် နှစ်မိုင်အကွာရှိ ကုလားတန်မြစ်ဝ Savage Island တွင် တည်ရှိသည်။ ကျွန်းအရှေ့ဘက်တွင် မြေငူကျွန်း ရှိသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

အင်္ဂလိပ်- မြန်မာ ပထမစစ်ပွဲ အပြီးတွင် မီးပြတိုက် ကို တည်ဆောက်ခဲ့သည်။[၂] ၁၈၄၄ ခုနှစ်တွင် တည်ဆောက်ခဲ့သော မီးပြတိုက်သည် မြန်မာ့ ပင်လယ်ပြင်၏ အစောဆုံး မီးပြတိုက်တစ်ခုလည်း ဖြစ်ခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့ ပင်လယ်ပြင်မှာ အစောဆုံး အလင်းပြခဲ့သူ တစ်ဦး - BBC News မြန်မာ (in en)။ ဘီဘီစီ မြန်မာ။ ၂ ဒီဇင်ဘာ ၂၀၂၁ တွင် ပြန်စစ်ပြီး။