မြေငူကျွန်းသည် ဘင်္ဂလားပင်လယ်အော်တွင်းတွင် တည်ရှိသည့် ကျွန်းတစ်ခုဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ပါဝင်သည့် ကျွန်းတစ်ခုဖြစ်ကာ စစ်တွေမြို့၏ တောင်ဘက် ၅ ကီလိုမီတာအကွာတွင် တည်ရှိပြီး အရှေ့ဘက်ရှိ ပိန္နဲချောင်းကျွန်းနှင့် ၂ ကီလိုမီတာခန့်ကျယ်သော ရေလက်ကြားဖြင့် ပိုင်းခြားထားသည်။

မြေငူကျွန်း
ကျွန်း
မြေငူကျွန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြေငူကျွန်း
မြေငူကျွန်း
ကိုဩဒိနိတ်: 19°58′0″N 92°59′15″E / 19.96667°N 92.98750°E / 19.96667; 92.98750
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်
ဧရိယာ
 • စုစုပေါင်း၄၂ စတုရန်းကီလိုမီတာ (၁၆ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၃၀၆ မီတာ (၁၀၀၄ ပေ)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပထဝီဝင် ပြင်ဆင်ရန်

မြေငူကျွန်းသည် ရခိုင်ပြည်ရှိ ဖရုံကာကျွန်းများအနက် အနောက်ဘက် အစွန်ဆုံး ကျွန်းလည်းဖြစ်သည်။ မြေငူကျွန်းသည် ၃၃ ကီလိုမီတာရှည်လျားကာ အကျယ်မှာ ၃.၈ ကီလိုမီတာခန့်ရှိသည်။ မြငူကျွန်းတွင် ရွာပေါင်း ၂၂ ရွာရှိသည်၊ ကျွန်း၏ တောင်ဘက်ပိုင်းတွင် ကုလားသိမ်ရွာနှင့် မြောက်ဘက်ပိုင်းတွင် သဲခုံရွာတို့ တည်ရှိသည်။ ပြိုင်းတောင်ကျေးရွာအုပ်စု၊ပြိုင်းတောင်ကျေးရွာသည်‌ေမြငူကျွန်းတွင်လူဦးရေအများဆုံးနေထိုင်သောကျေးရွာဖြစ်သည်။ ကျွန်းမြောက်ဖျားပိုင်း သဲခုံသောင်ပေါ်တွင် တည်ရှိသော သဲခုံရွာသည် နှစ်စဉ် ပင်လယ်ရေ တိုက်စားမှုကြောင့် ရွာတည်နေရာ အကျယ်အဝန်းမာ ဖြည်းဖြည်းချင်း တိုက်စားရေမြုတ်လာနေသည်။[၁] မြေငူကျွန်းအား အရှေ့နှင့်အနောက်ကို တောင်တန်းမှနေရာယူထားသည်ကျွန်း၏ တောင်ပိုင်းနှင့် မြောက်ပိုင်းကို ကုန်းလမ်းခရီးဖြင့် သွားလာနိုင်ရန်အလို့ငှာ မြေသားလမ်း ဖောက်လုပ် ဆောင်ရွက်လျက်ရှိသည်။ ကျွန်း၏အရှေ့ဘက်တွင်ရွာချင်းစပ်ဖေါက်လုပ်ထားသောမြေသားလမ်းမရှိသောကြောင် ရေလမ်းသာအသုံးပြုနေရသည်။

ကိုးကား မြေငူကျွန်းသားများ ပြင်ဆင်ရန်

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်