မြန်မာကာတွန်းဆရာတစ်ဦးဖြစ်သူ ကာတွန်းဦးလှဖေကို (၁၉၄၁)ခုနှစ်၊ ဧပြီလ (၇)ရက်တွင် မွေးဖွားခဲ့သည်။ အဖ ဦးဘသောင်း၊ အမိ ဒေါ်ပုတို့၏ သားဖြစ်သည်။ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ဇာတိ ဖြစ်သည်။ ကာတွန်းပညာကို ကာတွန်းဦးဘထွေးကာတွန်းဦးဖေသိန်းကာတွန်းဦးမောင်စိန်တို့၏လက်ရာများကို မြင် ဆရာအဖြစ် လေ့လာလေ့ကျင့်ဆည်းပူးခဲ့သည်။ (၁၉၆၉)ခုနှစ်၊ လုပ်သားသတင်းစာတွင် ကာတွန်းစတင် ရေးဆွဲ သည်။ ယနေ့ထိ စာနယ်ဇင်းများတွင် ကာတွန်းများ ရေးဆွဲလျက် ရှိသည်။ ထင်ရှားသော ကာတွန်းဇာတ်ကောင်မှာ စက်ရုပ်ကြီးလောရှည် ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ကာတွန်းဝင်းအောင်၏ မြန်မာကာတွန်းပေါင်းချုပ်