လှသောင်း၊ (အောင်ဆန်းသူရိယ)

အောင်ဆန်းသူရိယ လှသောင်းသည် အောင်ဆန်းသူရိယဘွဲ့ ရရှိသော စစ်သည်တော် တစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံတော်အတွက် မိမိ အသက်ကို ပဓာန မထားဘဲ အသက်စွန့် တိုက်ခိုက်ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ချီးမြှင့်ခြင်းခံရသူဖြစ်သည်။

လှသောင်း
မွေးဖွားမန်ကျည်းတန်းရပ်၊ ကွမ်းခြံကုန်းမြို့နယ်ရန်ကုန်တိုင်းဗြိတိသျှဘားမား
ကွယ်လွန်၂၈ ဧပြီ၊ ၁၉၄၉(1949-04-28)
ဒိုက်ဦးမြို့ပဲခူးတိုင်း
သစ္စာခံနိုင်ငံပြည်ထောင်စုမြန်မာနိုင်ငံတော်
လက်နက်ကိုင်တပ်မြန်မာ့တပ်မတော်
အမှုထမ်း ကာလ၁၉၄၇-၁၉၄၉
ရာထူးအဆင့်တပ်သား
တပ်ဖွဲ့အမှတ်(၃) ရိုင်ဖယ်တပ်ရင်း
တိုက်ပွဲ/စစ်ပွဲများရခိုင်ရိုးမ
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ
အင်းစိန်တိုက်ပွဲ
ဒိုက်ဦးတိုက်ပွဲ
ဆုတံဆိပ်များအောင်ဆန်းသူရိယဘွဲ့


အောင်ဆန်းသူရိယဘွဲ့မှာ မြန်မာ့တပ်မတော်တွင် ဂုဏ်သိက္ခာအားဖြင့် အမြင့်မားဆုံးသော ဆုတံဆိပ် ဖြစ်သည်။

ယနေ့အထိ အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသူ ၆ ဦးသာ ရှိသေးသည်။၎င်းတို့မှာ-

  1. ဗိုလ်မှူးအောင်ဆန်းသူရိယ အေးချို
  2. တပ်သား အောင်ဆန်းသူရိယ လှသောင်း
  3. အရပ်သား အောင်ဆန်းသူရိယ စောဘရီ
  4. တပ်သား အောင်ဆန်းသူရိယ စောမြင့်
  5. တပ်သား အောင်ဆန်းသူရိယ ဆာ့ခ်ဗဟာဒူးရွိုင်း
  6. ဗိုလ်ကြီး အောင်ဆန်းသူရိယ တိုက်ချွန်းတို့ ဖြစ်သည်။

ဂုဏ်ပြုခြင်း ပြင်ဆင်ရန်

အောင်ဆန်းသူရိယ လှသောင်းအမည်အား ချီးကျူးဂုဏ်ပြုသော အားဖြင့် "အောင်ဆန်းသူရိယ လှသောင်း အထက်တန်းကျောင်း" အား ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်၌ ဖွင့်လှစ် ခဲ့သည်။

ဒီနေ့ခေတ်တွင် အောင်ဆန်းသူရိယ လှသောင်း၏အမည်အား သူရဲကောင်းဗိမာန် (နေပြည်တော်)၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည်။