ဝင်းအောင် (လွှတ်တော်ကိုယ်စားလှယ်၊ ၁၉၅၈ ခုနှစ်ဖွား)

ဝင်းအောင် အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ဝင်းအောင် (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

ဒေါက်တာဝင်းအောင် (၁၅ အောက်တိုဘာ ၁၉၅၈ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ ဆရာဝန်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခင်ဦးမြို့နယ် မဲဆန္ဒနယ်မှ ရွေးကောက်ခံရသူ ဖြစ်သည်။ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦး ဖြစ်သည်။

ဒေါက်တာဝင်းအောင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဖေဖော်ဝါရီ ၂၀၁၆
မဲဆန္ဒနယ်ခင်ဦးမြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1958-10-15) ၁၅ အောက်တိုဘာ၊ ၁၉၅၈ (အသက် ၆၅)
ကန့်ဘလူမြို့နယ်စစ်ကိုင်းတိုင်း
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကြင်ဖော်(များ)ဒေါ်ခင်သန်းနု
သားသမီးအိနန္ဒာအောင်
မိဘဦးခင်အောင် (ဖခင်)
ဒေါ်စက်တီ (မိခင်)
မိခင်ကျောင်းဆေးတက္ကသိုလ် (မန္တလေး) (M.B.B.S.)

အစောပိုင်းဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ဒေါက်တာဝင်းအောင်ကို ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၌ မွေးဖွားခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)မှ ဆေးပညာဘွဲ့ ရရှိခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှု ပြင်ဆင်ရန်

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခင်ဦးမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ခံခဲ့ရသည်။ သူသည် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတွင်လည်း အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။[၁] [၂][၃]

အကျဉ်းကျခြင်း ပြင်ဆင်ရန်

၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက်တွင်ဖြစ်ပွားခဲ့သော ဒီပဲယင်းအရေးအခင်းတွင် ၅ ည အချုပ်ဖြင့် ကလေးထောင်တွင် ၇ လခွဲ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၀၄ ဇန်နဝါရီ ၁၆ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထပ်မံ၍ ၂၀၀၅ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့တွင် ဖမ်းခံရပြီး ဇူလိုင် ၈ ရက်နေ့တွင် ရွှေဘိုအကျဉ်းထောင်တွင် ဦးနေဝင်းရှုပ်သမျှစာအုပ်မှုဖြင့် ပုံနှိပ်ဥပဒေပုဒ်မ ၂၀ ဖြင့် ၇ နှစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၃ ခုနှစ် မိုးကုတ်ခရီးစဉ် ဗီဒီယိုခွေမှုဖြင့် ၃၂(ခ) အရ ထောင်ဒဏ် ၃ နှစ်ဖြင့် စုစုပေါင်း ၁၀နှစ် ကျခံခဲ့ရသည်။ ထောင်ထဲရောက်ပြီး ၁၀လအကြာ ၂၀၀၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် နိုင်ငံရေးဥပဒေပုဒ်မ ၅(ည)ဖြင့် ၇ နှစ် ထပ်တိုးချမှတ်ခံခဲ့ရကာ စုစုပေါင်း ၁၇ နှစ် ပြစ်ဒဏ်ကျခံခဲ့ရသည်။ ထောင်ထဲရောက်ပြီး ၆ နှစ်နှင့် ၇လ အကြာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နိုင်ငံတော်လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Mp Profile (in my)။ Pyidaungsu Hluttaw။ 10 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 August 2018 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Mp Profile (in my)။ Pyithu Hluttaw။ 9 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 August 2018 တွင် ပြန်စစ်ပြီး။
  3. ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ (in my)။ 21 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 August 2018 တွင် ပြန်စစ်ပြီး။