ဒီပဲယင်းလူသတ်ပွဲ ဆိုသည်မှာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော အစိုးရနောက်ခံပြု လူအုပ်စု၏ လက်ချက်ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များ အပါအဝင် အနည်းဆုံး လူအယောက်ပေါင်း ၇၀ ခန့် သေဆုံးခဲ့ရသည့် ဖြစ်ရပ်ဖြစ်သည်။[၁][၂][၃] ၂၀၁၂ ခုနှစ် ဧပြီလတွင် ဖြေကြားခဲ့သော အင်တာဗျူးတစ်ခုတွင် ဦးခင်ညွန့် ကမူ ယင်းသည် ဒေါ်အောင်ဆန်းစုကြည် တို့အားကယ်တင်ရန် အလို့ငှာ လူလွှတ်ခဲ့သည် ဟု အခိုင်အမာပြောဆိုခဲ့သည်။ သို့သော်လည်း ထိုလူသတ်မှုအတွင်းဝယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကားတစ်စီးတည်းလိုက်ပါခဲ့သော ဦးတင်ဦး ကမူ ဦးခင်ညွန့်၏ ပြောဆိုချက်များကို ငြင်းဆိုခဲ့သည်။[၄]

ဒီပဲယင်းလူသတ်ပွဲ
နေရာဒီပဲယင်းမြို့ စစ်ကိုင်းတိုင်းဒေသကြီး မြန်မာနိုင်ငံ
ကိုဩဒိနိတ်22°28′00″N 95°09′00″E / 22.46667°N 95.15000°E / 22.46667; 95.15000
ရက်စွဲ၃၀ မေ ၂၀၀၃ (၂၀၀၃-၀၅-၃၀)
ည ၈နာရီ ပတ်ဝန်းကျင် (မြန်မာစံတော်ချိန်)
ပစ်မှတ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ ၏ ယာဉ်တန်း
တိုက်ခိုက်မှု အမျိုးအစားအစုလိုက်အပြုံလိုက်လူသတ်မှု
သေဆုံးသူဦးရေ၇၀-၂၈၂
ပြစ်မှုကျူးလွန်သူများအစိုးရနောက်ခံပြု လူရမ်းကားများ

ကော်မရှင် လေ့လာတွေ့ရှိချက်ပြင်ဆင်

အာရှတရားရေးအရင်းအမြစ်ဌာန ၏ ၂၀၀၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် တင်ပြခဲ့သော ဒီပဲယင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဆိုင်ရာ အကြောင်းအရာများနှင့် တိုက်ခိုက်မှုအပေါ် အကျဉ်းချုပ် လေ့လာတွေ့ရှိချက်များအရ တိုက်ခိုက်မှုကို ရှင်းလင်းစွာ ကြိုတင်ပြင်ဆင်ထားပြီး ကောင်းမွန်စွာ ဖွဲ့စည်းထားကြောင်း တွေ့ရှိရပါသည်။

  1. ယာဉ်တန်းကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် လူပေါင်း ၅၀၀၀ ခန့်ကို ဝေးလံခေါင်သီသော ကျေးလက်ဒေသသို့ ပို့ဆောင်ခဲ့သည်။
  2. တိုက်ခိုက်သူများအားလုံးသည် လက်နက်ကောင်းများ ရှိပြီး သတ်ဖြတ်သည့်နေရာ နှစ်ခုတွင် ဗျူဟာမြောက် တည်ရှိကြသည်။
  3. မော်တော်ယာဉ်များ မရောက်မီတွင် ဒေသဆိုင်ရာ အာဏာပိုင်များက အနီးနားရှိ ကျေးရွာများတွင် နေထိုင်သူများကို အိမ်ထဲတွင် နေကြရန် ခြိမ်းခြောက်ခဲ့သည်။
  4. အာဏာပိုင်များသည် တိုက်ခိုက်မှုအတွင်း အသက်ရှင်ကျန်ရစ်သူများကို စနစ်တကျ ရှာဖွေဖမ်းဆီးခဲ့သည်။


ALRC သဘောထားပြင်ဆင်

ဒီပဲယင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သည် အရပ်သားလူထုအား စနစ်တကျ သို့မဟုတ် ဗျူဟာမြောက် တိုက်ခိုက်မှု ဖြစ်သည်ဟု အာရှတရားရေးဆိုင်ရာ အရင်းအမြစ်စင်တာက ယူဆသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အပိုဒ် ၇.၁ အရ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု လည်း ဖြစ်သည်။ သို့သော်လည်း ယနေ့အထိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ပြင်းထန်စွာ အရေးယူခြင်း မရှိသေးပေ။

ဆက်လက်ဖတ်ရှုရန်ပြင်ဆင်

ကိုးကားပြင်ဆင်

  1. Zarni Mann။ "A Decade Later, Victims Still Seeking Depayin Massacre Justice"၊ 31 May 2013။ 1 June 2013 တွင် ပြန်စစ်ပြီး 
  2. "Police file whitewashes Depayin massacre"၊ 30 May 2011။ 1 June 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 22 May 2013။ 
  3. "Depayin and The Driver"၊ 12 November 2010။ 1 June 2013 တွင် ပြန်စစ်ပြီး။ Archived from the original on 14 July 2014။ 
  4. "Myanmar EX-PM claims he saved suu kyi's life"၊ Bangkok Post၊ 8 April 2012။ 7 April 2012 တွင် ပြန်စစ်ပြီး