ဝင်းအောင် (လွှတ်တော်ကိုယ်စားလှယ်၊ ၁၉၆၅ ခုနှစ်ဖွား)

မြန်မာ့နိုင်ငံရေးသမား

ဦးဝင်းအောင် သည် မြန်မာ့နိုင်ငံရေးသမား၊ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သည်။ သူသည် အမျိုးသားလွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒယ် အမှတ် ၃ ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တာဝန်ထမ်းဆောင်နေလျက်ရှိသည်။[၁] ယခုအခါ အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊အမျိုးသားလွှတ်တော်ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာ ကော်မတီအဖွဲ့ဝင်အဖြစ်လည်းကောင်း၊၂၁ရာစုပင်လုံညီလာခံကိုယ်စားလှယ်အဖြစ်လည်းကောင်းဆောင်ရွက်လျက်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရံဗဟိုကော်မတီအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။[ကိုးကားချက်လိုသည်]

ကိုယ်ရေး အကျဉ်း ပြင်ဆင်ရန်

ဦးဝင်းအောင်သည် ဇီးကုန်း(တ)မြို့ရှေ့ မူလတန်းကျောင်းတွင်လည်းကောင်း၊ အ.ထ.က ဇီးကုန်းတွင်လည်းကောင်း၊ မန္တလေး အဝေးသင်တက္ကသိုလ်တွင် လည်းကောင်း၊ ရွှေဘိုမြို့ ရွှေဘိုဒီဂရီကောလိပ်တွင်လည်းကောင်း၊ မန္တလေးတက္ကသိုလ်တွင် လည်းကောင်း ပညာသင်ကြားခဲ့သည်။ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးတွဲဘက် အ.ထ.ကတွင် တွဲဘက် အထက်တန်းပြအဖြစ်လည်းကောင်း၊ ဇီးကုန်း(တ)တွင် ကျူရှင်ဆရာအဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည်။

နိုင်ငံရေးဆောင်ရွက်ခြင်းများ ပြင်ဆင်ရန်

၁၉၈၈ ခုနှစ် အရေးအခင်းတွင် ကန့်ဘလူမြို့နယ် ကျောင်းသားခေါင်းဆောင်အဖြစ်လည်းကောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(အထက်ဗမာပြည်)တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ၁၉၈၈ – ၁၉၈၉ တွင် NLD မြို့နယ် လူငယ်တာဝန်ခံနှင့် မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၀၀ ခုနှစ်တွင် မြို့နယ်အလုပ်အမှုဆောင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ခရိုင်အောင်နိုင်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကန့်ဘလူမြို့နယ် ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တိုင်းလူငယ်ညီလာခံ ကျင်းပရေးကော်မရှင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ခရိုင် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးတာဝန်ကိုလည်းကောင်း ထမ်းဆောင်ခဲ့သည်။

အခြားဆောင်ရွက်ချက်များ ပြင်ဆင်ရန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စစ်ကိုင်းတိုင်းဒေသကြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်လျက်ရှိပြီး ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး၊ ကန့်ဘလူဆင် ဘေးမဲ့တော သတ်မှတ်ရေး၊ ဖားကန့်ရေအရင်းအမြစ်ကာကွယ်ရေး၊ ရွှေသမင် ထိန်းသိမ်းရေးများကို လွှတ်တော်နှင့် ဌာနဆိုင်ရာများသို့ တင်ပြဆောင်ရွက်ခဲ့သည်။ ဇီးကုန်း(တ)ရွာ၊ ရွှေဖောင်ဦးစာကြည့်တိုက်၊ စာကြည့်တိုက် ကော်မတီ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ချပ်ကြီးဆီတွဲမီးလောင် ဒုက္ခသည် ကယ်ဆယ်ရေးတွင်လည်းကောင်း၊ မလယ်ငလျင်ဘေးသင့် ကျေးရွာများ ကူညီထောက်ပံ့ရေးတွင်လည်းကောင်း၊ ရေဘေးသင့်ရွာများ (ကန့်ဘလူ၊ ရေဦး၊ ကျွန်းလှ၊ ကောလင်း) တွင်လည်းကောင်း၊ သိမ်းဆည်း လယ်ယာမြေများပြန်လည် ရရှိ‌ရေးနှင့် အကျဉ်းကျတောင်သူများအား ကူညီထောက်ပံ့ရေးကိစ္စများတွင်လည်းကောင်း၊ ကချင်ပြည်နယ်ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စများတွင်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်လေ့ကျင့်ရေးမှူးများ သင်တန်းဆရာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ABSDF နှင့် ဆက်သွယ်ရေးကြောင့် မတရားအသင်း အက်ဥပဒေပုဒ်မ (၁၇/၁) အရ အမှတ်(၂) စစ်ခုံရုံးမှ ထောင်ဒဏ် (၄) နှစ် ချမှတ်ခြင်းခံရပြီး စုစုပေါင်း (၄)နှစ် (၄) လ ထိန်းသိမ်းခံခဲ့ရသည်။

ကိုးကား ပြင်ဆင်ရန်

  1. Mp Profile (in my)။ အမျိုးသားလွှတ်တော်။ 13 February 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 August 2018 တွင် ပြန်စစ်ပြီး။

ယခုအခါ အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊အမျိုးသားလွှတ်တော်ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာ ကော်မတီအဖွဲ့ဝင်အဖြစ်လည်းကောင်း၊၂၁ရာစုပင်လုံညီလာခံကိုယ်စားလှယ်အဖြစ်လည်ကောင်းဆောင်ရွက်လျက်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရံဗဟိုကော်မတီအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။