ဝဏ္ဏသိဒ္ဓိ ရေကူးကန်
ဝဏ္ဏသိဒ္ဓိ ရေကူးကန်သည် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ဝင်းအတွင်းတည်ရှိသော နိုင်ငံတကာအဆင့်မီ မိုးလုံလေလုံရေကူးကန်ကြီးဖြစ်သည်။၂၀၁၃ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပရန် ရည်ရွယ်၍ ၂၀၁၁ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။မက်စ်မြန်မာ ကုမ္ပဏီမှ တည်ဆောက်ခြင်းဖြစ်ကာ ၂၀၁၃ခုနှစ်တွင် ပြီးစီးခဲ့သည်။ရေကူးပြိုင်ပွဲအတွက် မီတာ (၅၀)ရေကူးကန်တစ်ကန်၊ ဒိုင်ဗင်အားကစားနည်းအတွက် ရေကူးကန်တစ်ကန်၊ အပြင်ဖက်တွင် လေ့ကျင့်ရန် ရေကူးကန်တစ်ကန်ပါဝင်ကာ ပရိသတ် ၃၀၀၀ ဝင်ဆံ့သည်။[၁][၂]မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ မိုးလုံလေလုံရေကူးကန်အနေဖြင့် ဤရေကူးကန်နှင့် တပ်မတော်ပိုင် ဇေယျာသီရိအားကစားပြိုင်ဝင်းမှ ဇေယျာသီရိရေကူးကန်တို့သာ တည်ရှိသည်။[၃]
တည်နေရာ | ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ |
---|---|
ကိုဩဒိနိတ် | 19°46′27″N 96°4′24″E / 19.77417°N 96.07333°Eကိုဩဒိနိတ်: 19°46′27″N 96°4′24″E / 19.77417°N 96.07333°E |
ပိုင်ဆိုင်သူ | ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန |
စီမံခန့်ခွဲသူ | အားကစားနှင့်ကာယပညာဦးစီးဌာန |
ဝင်ဆံ့ပမာဏ | ၃၀၀၀ |
တည်ဆောက်ခြင်း | |
တည်ဆောက် | ဩဂုတ် ၂၀၁၁ |
ဖွင့်လှစ် | ဩဂုတ် ၂၀၁၃ |
ကိုးကား
ပြင်ဆင်ရန်- ↑ Let the Games begin။
- ↑ မြန်မာနိုင်ငံနှင့် အားကစား ပြိုင်ဝင်းကြီးများ (၂)။
- ↑ ဆီးဂိမ်းအတွက်တည်ဆောက်လျက်ရှိသောရေကူးကန် ၁၀၀ရာခိုင်နှုန်းပြီးစီး။ 28 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 July 2021 တွင် ပြန်စစ်ပြီး။
ဤ အဆောက်အအုံများ မြန်မာနိုင်ငံရှိ အားကစားကွင်းနှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |