ဝါနု
ဝါနု သည် စာရေးဆရာနှင့် အမြင်ဆိုင်ရာ အနုပညာရှင်တစ်ဦး ဖြစ်သည်။ [၁][၂] ဖခင်ဖြစ်သူမှာ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ ဖြစ်ပြီး မိခင်ဖြစ်သူမှာ ဒေါ်ချိုချိုရီ ဖြစ်သည်။ အဖိုးဖြစ်သူမှာ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ သာဓု ဖြစ်သည်။ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ သုမောင်၊ စာရေးဆရာ မင်းလူနှင့် ရုပ်ရှင်သရုပ်ဆောင် ရူပတို့သည် ဖခင်ဘက်မှ တော်စပ်သည် ဘထွေးများဖြစ်ပြီး စာရေးဆရာ၊ အယ်ဒီတာ၊ ရုပ်ရှင်သရုပ်ဆောင် အောင်ပြည့်သည် မိခင်ဘက်မှ တော်စပ်သော ဦးကြီး ဖြစ်သည်။ ရုပ်ရှင်သရုပ်ဆောင် ပြေဇင်နှင့် ရုပ်ရှင်ဒါရိုက်တာ ဥက္ကာတို့သည် မွေးချင်း မောင်များဖြစ်သည်။
ငယ်ဘဝနှင့် ပညာရေး
ပြင်ဆင်ရန်ဝါနုကို ၁၉၇၇ ခုနှစ်တွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံတွင် မွေးဖွားသည်။ အခြေခံပညာအထက်တန်း အောင်မြင်သောအခါ ယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်) သို့ တက်ရောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ဂီတပညာအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ရခဲ့သည်။
အနုပညာသည်ဘဝ
ပြင်ဆင်ရန်ဂီတပညာ အထူးပြုဖြင့် ဘွဲ့ရခဲ့သော်လည်း အမြင်ဆိုင်ရာအနုပညာသည်တစ်ဦးအဖြစ်လည်းကောင်း၊ စာရေးဆရာမတစ်ဦးအဖြစ်လည်းကောင်း အနုပညာသည်ဘဝကို ဖြတ်သန်းလျက်ရှိသည်။ အနုပညာလက်ရာများမှာ ပန်းချီများနှင့် ဗီဒီယိုအနုပညာများဖြစ်သည်။ ပထမဦးဆုံး တစ်ဦးတည်းအနုပညာပြပွဲကို ၂၀၀၄ ခုနှစ်တွင် ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။ [၃][၄]
မိသားစုဘဝ
ပြင်ဆင်ရန်အနုပညာသည်တစ်ဦးလည်းဖြစ်၊ ယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်) မှ ဘွဲ့ရရှိခဲ့သူလည်း ဖြစ်သည့် ထွန်းဝင်းအောင်နှင့် လက်ထပ်ခဲ့ပြီး သားသမီး ၂ ဦးထွန်းကားခါ သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Myanmar art gaining purchase။[လင့်ခ်သေ]
- ↑ Myanmar’s artistic palette။ 30 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 November 2020 တွင် ပြန်စစ်ပြီး။
- ↑ Wah Nu 2010-03-12 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Art-U room.
- ↑ 3rd Fukuoka Triennale 2005 4 March 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Fukuoka, Japan, 2005.
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |