ဝီကီပီးဒီးယား:ဝီကီပီးဒီးယား အကျဉ်းချုံးဖော်ပြချက်

ဆိုလိုသည်မှာ

ဘက်မလိုက်ခြင်း
ဝီကီပီးဒီးယားသည် သီးခြားအမြင်များ သို့မဟုတ် ထင်မြင်ယူဆချက်များကို အကဲဖြတ်ခြင်း သို့မဟုတ် ထောက်ခံအားပေးခြင်း သို့မဟုတ် "မှန်ကန်မှု" ဆိုင်ရာ ဆုံးဖြတ်ချက်များကို မပြုလုပ်ပါ။ ကွဲပြားသောအမြင်များ တည်ရှိနေပါက ၎င်းတို့အား ဘက်လိုက်မှု သို့မဟုတ် အလေးချိန်လွန်ကဲမှုမရှိဘဲ ဓမ္မဓိဋ္ဌာန်ကျကျ တင်ပြသည်။ ဟန်ချက်ညီခြင်းသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ စီရင်ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ယုံကြည်စိတ်ချရသော အရင်းအမြစ်များမှ ဆင်းသက်လာသည်။
ကျမ်းပြုခြင်း
ဝီကီပီးဒီးယားသည် သီးခြားစတိုင်ဖြင့် ရေးသားထားသော ဆောင်းပါးများ ပါဝင်သော စွယ်စုံကျမ်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏ပန်းတိုင်သို့ ဆောင်းပါးများကို တိုးတက်စေမည့် လုပ်ငန်းစဉ်တစ်ခုရှိသည်။
စိစစ်အတည်ပြုခံနိုင်ခြင်း
အချက်အလက်များကို အခြားသူများက လက်တွေ့ကျကျ စိစစ်အတည်ပြုနိုင်ရမည်။ ယေဘုယျအားဖြင့် ယုံကြည်စိတ်ချရသော အရင်းအမြစ်များမှ ကိုးကား၍ လုပ်ဆောင်သည်။
အခြေခိုင်မာခြင်း
မူရင်းအယူအဆများ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များ သို့မဟုတ် သုတေသနပြုချက်များသည် အတည်မပြုနိုင်ခြင်းကြောင့် ဝီကီပီးဒီးယားအတွက် မသင့်လျော်ပါ။ ဝီကီပီးဒီးယားသည် ပင်မရင်းမြစ်မဟုတ်ပါ။ ဆင့်ပွားအရင်းအမြစ်ဖြစ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အချက်အလက်များ
ဝီကီပီးဒီးယားသည် တည်းဖြတ်သူများ၏ ထင်မြင်ယူဆချက်များမပါဝင်ဘဲ အချက်အလက်များကို မှတ်တမ်းတင်ထားသည်။ ဆောင်းပါးများတွင် တည်ရှိနေသော အရေးကြီးသော အမြင်များနှင့် ၎င်းတို့ကို မည်သူက ကိုင်ဆောင်ထားသည် ("ထင်မြင်ယူဆချက်များဆိုင်ရာ အချက်အလက်များ") ကို ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်