ဝီကီပီးဒီးယား:ဆောင်းပါးကောင်း အင်္ဂါရပ်များ

(ဝီကီပီးဒီးယား:WIAGA မှ ပြန်ညွှန်းထားသည်)
ပင်မအင်္ဂါရပ်များလမ်းညွှန်ချက်များအမည်စာရင်းတင်သွင်းခြင်းများဆွေးနွေးချက်များပြန်လည်အကဲဖြတ်ခြင်းအစီရင်ခံခြင်း
Good article nominations
Good article nominations

ဆောင်းပါးကောင်း အင်္ဂါရပ်များသည် ဆောင်းပါးကောင်းတစ်ပုဒ်အဖြစ် အမည်စာရင်းတင်သွင်းရာတွင် အကဲဖြတ်နိုင်ရန် သတ်မှတ်ထားသည့် စံနှုန်း ၆ ချက် ဖြစ်သည်။

သတ်မှတ်ချက်များ

ဆောင်းပါးကောင်း ဖြစ်နိုင်၊ မဖြစ်နိုင် (အောင်/ ရှုံး) ကို အောက်တွင်ဖော်ပြထားသည့် သတ်မှတ်ချက်များနှင့် တိုက်ဆိုင်ညှိနှိုင်း ဆုံးဖြတ်ရမည်။ ဆောင်းပါးအရည်အသွေး ပိုမိုကောင်းမွန်စေရန် လိုအပ်သလို သင့်လျော်စွာ မှတ်ချက်ပြုနိုင်သည်။

ချက်ချင်းကျရှုံးခြင်း

ဆောင်းပါးတစ်ပုဒ် အမည်စာရင်းတင်သွင်း ပြီးလျှင်ပြီးချင်း အောက်ဖော်ပြချက်များ တွေ့ရှိရပါက ချက်ချင်းအကျပေးသည်။

  1. အင်္ဂါရပ် ခြောက်ခုစလုံးနှင့် လုံးဝသွေဖည်နေခြင်း၊
  2. မူပိုင်ခွင့်ချိုးဖောက်ခြင်း၊
  3. {{cleanup}}၊ {{POV}}၊ {{unreferenced}}၊ {{citation needed}}၊ {{clarify}} ကဲ့သို့ ရှင်းလင်းရေးလုပ်ရန် အသိပေးချက် (cleanup banner) များ ပါဝင်နေခြင်း၊ ({{QF}} လည်းရှု။)
  4. တည်းဖြတ်မှုတိုက်ပွဲ (edit war) ဖြစ်နေခြင်း၊
  5. ယခင်အမည်စာရင်းတင်သွင်းစဉ်က ပြဿနာများ မပြေလည်သေးခြင်း။

အထက်ပါတို့မှအပ အခြားကိစ္စများတွင် Reviewer အနေဖြင့် အကျပေးလိုပါက သတ်မှတ်ချက်များအတိုင်း လိုအပ်သော မှတ်ချက်များပေးရမည်ဖြစ်သည်။

ဆောင်းပါးကောင်းအင်္ဂါရပ်ခြောက်ချက်

ဆောင်းပါးကောင်းတစ်ပုဒ်သည်

  1. ကောင်းမွန်စွာရေးသားထားရမည်။
    1. ရှင်းလင်းတိကျ၍ အများနားလည်လွယ်သော စကားပြေဖြင့် ရေးသားထားရမည်။ စာလုံးပေါင်းနှင့် သဒ္ဒါများ မှန်ကန်ရမည်။
    2. နိဒါန်းစာပိုဒ်ဆောင်းပါးအပြင်အဆင်သတိထားသုံးရမည့် စကားလုံးများစိတ်ကူးယဉ်ဇာတ်လမ်းများစာရင်းဇယားများနှင့် ပတ်သက်၍ ရေးသားနည်းလမ်းညွှန်ချက်များအတိုင်း လိုက်နာရေးသားထားရမည်။
  2. ကိုယ်တိုင်ထုတ်ဖော်ထားသည့် အချက်အလက်များ မပါဝင်ဘဲ စိစစ်အတည်ပြုခံနိုင်ရမည်။
    1. သတ်မှတ်နည်းစနစ်နှင့်အညီ ပြုစုထားသည့် ရည်ညွှန်းကိုးကားစာရင်း ပါရှိရမည်။
    2. တိုက်ရိုက်ကိုးကားသော စာကိုးစာရင်း၊ စာရင်းအင်းအချက်အလက်များ၊ အများသို့ဖြန့်ဖြူးထားပြီးသည့် ထင်မြင်ယူဆချက်များ၊ အလိုအလျောက်မသိနိုင်သော အချက်အလက်များ၊ စောဒကတက်စရာ အငြင်းပွားဖွယ်အချက်အလက်များ၊ သက်ရှိထင်ရှားပုဂ္ဂိုလ်၏ ပြောင်းလဲနေသော အချက်များ အပါအဝင် ပိုဒ်တွင်းကိုးကားချက်အားလုံးသည် ယုံကြည်ရသောရင်းမြစ်များမှ ကိုးကားချက်များ ဖြစ်ရမည်။ သိပ္ပံဆိုင်ရာ ဆောင်းပါးများသည် ၎င်းနှင့်သက်ဆိုင်သည့် ကိုးကားလမ်းညွှန်ချက်များကို လိုက်နာရမည်။
    3. ကိုယ်တိုင်ထုတ်ဖော်ထားသည့် အချက်အလက်များ မပါစေရ[၁]
    4. မူပိုင်ခွင့်ချိုးဖောက်ခြင်း သို့မဟုတ် စာကူးချခြင်း (plagiarism) မျိုး မရှိစေရ။
  3. အထိုက်အလျောက် ကျယ်ပြန့်ရမည်။
    1. ခေါင်းစဉ်နှင့် ဆက်စပ်သည့် အဓိကအကြောင်းအရာကို ခြုံငုံမိရမည်။
    2. ခေါင်းစဉ်နှင့်ဆက်စပ်ရာကိုသာ အာရုံထားရမည်ဖြစ်ပြီး၊ မလိုအပ်သော အသေးစိတ်အချက်အလက်များသို့ သွေဖည်သွားခြင်းမရှိရပါ။ (အနှစ်ချုပ်ရေးနည်းလည်းရှု။)
  4. ဘက်မလိုက်ရ။
    1. တစ်ဖက်ဖက်သို့ ယိမ်းသွားခြင်းမျိုးမရှိဘဲ ရှုထောင့်ပေါင်းစုံက မျှတစွာ ရေးသားထားရမည်။
  5. တည်ငြိမ်ရမည်။
    1. သဘောထားမတိုက်ဆိုင်မှုများကြောင့် ဖြစ်ပေါ်လာသည့် တည်းဖြတ်မှုတိုက်ပွဲများကြောင့် တစ်နေ့ပြီးတစ်နေ့ ထူးထူးခြားခြား ပြောင်းလဲနေရခြင်းမျိုး မရှိစေရ။[၂]
  6. ရုပ်ပုံများဗီဒီယိုများအသံဖိုင်များ စသည့် မီဒီယာများဖြင့် ဝေဝေဆာဆာဖော်ပြထားရမည်။
    1. မီဒီယာများသည် သက်ဆိုင်ရာ မူပိုင်ခွင့်များကို ဖော်ပြထားရမည်။ အခမဲ့မဟုတ်သောအကြောင်းအရာ ဖြစ်ပါက မျှတစွာသုံးစွဲခွင့်ကို ခိုင်လုံစွာ ဖော်ပြထားရမည်။
    2. ခေါင်းစဉ်နှင့် ဆီလျော်သော မီဒီယာများကို အသုံးပြုပြီး၊ သင့်လျော်သော ပုံစာများ ပါရှိရမည်။

ဆောင်းပါးကောင်းမဖြစ်နိုင်သည်များ

ဆက်စပ်အကြောင်းအရာများ

မှတ်ချက်

  1. ကိုးကားမည့် အချက်အလက်အားလုံးသည် ယုံကြည်ရသည့် ရင်းမြစ်များမှ အများပြည်သူသို့ ဖြန့်ချိထားပြီးသည်များ ဖြစ်ရမည်။
  2. လျှောက်ရေးသွားသည်ကို နောက်ပြန်ပြင်ခြင်း၊ အကြောင်းအရာ ပေါင်းခြင်း၊ ချဲ့ခြင်းဆိုင်ရာ အဆိုပြုမှုများ၊ (အရ​ေးအသား ပြုပြင်ခြင်း ကဲ့သို့) ပိုမိုကောင်းမွန်စေရန် စေတနာဖြင့် လာရောက်တည်းဖြတ်ခြင်း၊ reviewer ၏ မှတ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲခြင်းများသည် သဘောထားမတိုက်ဆိုင်ဟူသော ခေါင်းစဉ်အောက်၌ အကျုံးမဝင်ပါ။