ဝီကီပီးဒီးယား ဆွေးနွေးချက်:Five pillars
သတ်ပုံ
ပြင်ဆင်ရန်အနာဂါတ်မျိုးဆက်များ သတ်ပုံသည် တည်ဆဲပြဋ္ဌာန်းချက် အနာဂတ် နှင့် ကွဲလွဲသည်ဟုထင်ပါသည်ခင်ဗျာ။ Sanwanovsky (ဆွေးနွေး) ၁၇:၅၃၊ ၁၇ စက်တင်ဘာ ၂၀၁၉ (UTC)
- ပါဠိ - အနာဂတ မှလာ။ အနာဂတ် အမှန်။ Htoo Ra Aung (ဆွေးနွေး) ၀၁:၄၁၊ ၁၈ စက်တင်ဘာ ၂၀၁၉ (UTC)
ပါဠိ လို အနာဂတ ။ အနာဂတ ရဲ့ အဓိပ္ပာယ်က ရောက်ပြီး,-ရောက်ဆဲ-ဖြစ်ပြီး,-ဖြစ်ဆဲ-မဟုတ်သော ကာလကို အနာဂတ် ဟုခေါ်ပါသည်။
တိပိ၊၁၊၇၀၁ ဦးဟုတ်စိန် ပါဠိ-မြန်မာအဘိဓာန်
အနာဂတ (တိ) မလာရောက်သေးသော။ လာလတ္တံ့သော။
(adj.) ṅot come yet, (m,),the future.Not come, not arrived; future
မြန်မာလို အနာဂတ်(နာမ်ပုဒ်) အနာဂတ် ဟူသော စာလုံးသည် အနာဂတ ဟူသော ပါဠိပုဒ်ကို မြန်မာမူ ပြုထားသော ပါဠိပျက် (ပါဌ်ပျက်) စကားလုံး ဖြစ်ပါသည် ။ Chanmyaenwe (ဆွေးနွေး) ၀၆:၃၈၊ ၁၀ ဧပြီ ၂၀၂၀ (UTC)
မြန်မာအမည်၏ လေးစားမှုပြ ရှေ့စာလုံးများ (honorifics or titles) ကိစ္စ
ပြင်ဆင်ရန်မြန်မာအမည်များတွင် အသက်အရွယ်၊ ကျားမအလိုက် ဦး၊ ဒေါ်၊ ကို၊ မောင်၊ မ စသည်ဖြင့် လေးစားမှုပြစာလုံးများရှိသည်။ အင်္ဂလိပ်ဘာသာစကားရှိ Mr, Mrs, Ms, Miss စသည်တို့နှင့်ဆင်တူသော်လည်း သုံးစွဲမှုမတူပါ။ မြန်မာစာတွင်၄င်း၊ မြန်မာစကားသုံး လူမှုဆက်ဆံရေးတွင်၄င်း ယင်းစာလုံးများသည် လွန်စွာအရေးကြီးပါသည်။ ရှေးယခင်က မြန်မာညာသာစကား သို့မဟုတ် အခြားဘာသာစကားတို့ဖြင့် အက္ခရာစဉ်၍ အညွှန်းပြုစုရာ၊ စာရင်းစုဆောင်းစုရာ၊ စွယ်စုံကျမ်းပြုစုရာတို့တွင်လွယ်ကူအဆင်ပြေစေရန် ထိုစာလုံးများကို အမည်၏နောက်တွင် ထည့်သွင်းသုံးစွဲသောစံနစ်ရှိခဲ့ပါသည်။
ဥပမာ။ ။ ဘခင်၊ ဦး။ မြစိန်၊ ဒေါ်။
မြန်မာ့စွယ်စုံကျမ်းသည် အကောင်းဆုံးဥပမာတခုဖြစ်ပါသည်။ ယခုအခါ ထိန်းသိမ်းနိုင်စွမ်းအားနည်းမှုကြောင့်ရော အင်္ဂလိပ်ဘာသာအခြေပြုစံနစ်များ၏ လွှမ်းမိုးမှုကြောင့်ပါ ယခင်စံနစ်မှာ ပျောက်ကွယ်သလောက်ဖြစ်နေပြီး အချို့အစိုးရဌာနဆိုင်ရာလုပ်ငန်းများတွင်ပါ မြန်မာ့လူမှုဆက်ဆံရေးအတွက် မပါမဖြစ်သည့် လေးစားမှုပြ အမည်ရှေ့စာလုံးများမပါဝင်အထိ တွေ့လာရပါသည်။ တချိန်တွင် အမျိုးသားအဆင့် ပြင်ဆင်ရမည့်ကိစ္စတခု ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် စံနစ်ကျနသော အများသုံးစွယ်စုံကျမ်းတခုဖြစ်သည့် မြန်မာဝီကီပီးဒီးယားနှင့်ပံ့ပိုးသူများသည် ဤ အျရးကြီးသောအချက်ကိုအလေးထားစဉ်းစား၍ ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်သင့်ပါသည်။ Mkarakan (ဆွေးနွေး) ၀၇:၃၇၊ ၁၃ နိုဝင်ဘာ ၂၀၂၄ (UTC)
- @Mkarakan. Thanks for the raise. Please also see the old archived discussion. Ninja✮Strikers «☎» ၀၅:၀၆၊ ၁၅ နိုဝင်ဘာ ၂၀၂၄ (UTC)