ဝီဇယ် (ဝါ) မြွေပါမြီးတိုမျိုးရင်း
(Mustelidae)
Temporal range: 15–0 Ma
Miocene – Recent
မြွေပါမြီးတို (ဝါ) ဝီဇယ်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Superfamily: Musteloidea
မျိုးရင်း: Mustelidae
G. Fischer de Waldheim, 1817
အမျိုးအစား မျိုးစု
Mustela (မြွေပါမြီးတို)
မျိုးရင်းခွဲများ

Lutrinae (ဖျံများ)
Melinae (ခွေးတူဝက်တူများ)
Taxidiinae (American badgers)
Mustelinae (မြွေပါမြီးတိုများ ၊ tayra ၊ wolverines ၊ ဆတ်ခလောက်များ ၊ polecats)

ဥရောပ ဖျံ

ဝီဇယ် (ဝါ) မြွေပါမြီးတိုမျိုးရင်း (Mustelidae[၁]) ဆိုသည်မှာ ဝီဇယ် (ဝါ) မြွေပါမြီးတိုများနှင့် ၎င်း၏မျိုးနွယ်တူများဖြစ်ကြသည့် ဖျံများဆတ်ခလောက်များကြောင်ပျံများ ပါဝင်သော ဇီဝမျိုးတူတိရစ္ဆာန်များအုပ်စု တစ်စုဖြစ်သည်။ ယင်းအုပ်စုသည် အသားစားနို့တိုက်သတ္တဝါများ မျိုးစဉ်(Canivora) ထဲတွင်ပါဝင်ပြီး ခွေးအသွင်ရှိ တိရစ္ဆာန်များ မျိုးစဉ်ခွဲအောက်တွင်ပါဝင်သော မျိုးရင်းအဆင့် အုပ်စုဖြစ်ပြီး ၎င်းအား ပါဏဗေဒအလိုအရ မက်စတယ်လီဒီ(Mustelidae) ဟုခေါ်သည်။[၂]

ဝီဇယ် (သို့) မြွေပါမြီးတို မျိုးရင်းသည် နို့တိုက်သတ္တဝါ မျိုးပေါင်းတွင် ပါဝင်သော မျိုးကွဲအများဆုံးနှင့် အုပ်စုအကြီးဆုံး မျိုးရင်းလည်းဖြစ်သည်။ ယင်းမျိုးရင်းဝင်တိရစ္ဆာန်များ၏ အရွယ်အစားသည်လည်း ကြွက်ကို အမဲလိုက်သော မြွေပါမြီးတိုအရွယ်မှ ၎င်းတို့ခန္ဓာကိုယ်ထက် အဆများစွာပိုကြီးသည့် သားကောင်ကို အမဲလိုက်သော မြွေပါခွေးဝံ (Wolverines) အရွယ်အထိ အမျိုးမျိုးရှိကြသည်။ ဝီဇယ်မျိုးနွယ်များသည် နေရာဒေမျိုးစုံ၌ နေထိုင်ကျက်စားကြသည်ကိုလည်း တွေ့နိုင်သည်။ ဥပမာ- ဖျံများသည် ရေထဲတွင် အများစုနေထိုင်ကျက်စားကြသော်လည်း၊ မြွေပါမြီးတိုမျိုးစိတ်တစ်ခုမှာ အာတိတ်ဒေသတွင် ကျက်စားသည်ကို တွေ့ရသည်။

လူသိများသော မျိုးရင်းဝင်တိရစ္ဆာန်များ ပြင်ဆင်ရန်

အောက်ပါတိရစ္ဆာန်များသည် လူသိများသော ဝီဇယ်မျိုးနွယ်ဝင် တိရစ္ဆာန်များဖြစ်သည် -

၎င်းမျိုးရင်းတွင် မျိုးရင်းခွဲ နှစ်ခုဖြစ်သည့် ဖျံ (Lutrinae) နှင့် ကျန်မျိုးရင်းဝင်များ (Mustelinae) ဟု အုပ်စုနှစ်ခု ထပ်မံခွဲခြားထားသည်။

ကိုးကား ပြင်ဆင်ရန်

  1. mustelidDictionary.com UnabridgedRandom House
  2. "Lineage Diversity and Size Disparity in Musteloidea: Testing Patterns of Adaptive Radiation Using Molecular and Fossil-Based Methods" (2018-01-01). Systematic Biology 67 (1): 127–144. doi:10.1093/sysbio/syx047. PMID 28472434.