ဝေဒ[]သည်— မန္တဝေဒ, ဗြဟ္မဝေဒ, ကပ္ပဝေဒတို့၏ အစွမ်းအားဖြင့် ၃-ပါး အပြား ရှိ၏။

ထိုတွင် ဣရု, ယဇု, သာမ ဟုဆိုအပ်သော ဝေဒ ၃-ကျမ်းတို့သည် မန္တဝေဒမည်၏။

ဗြဟ္မဝေဒ

ပြင်ဆင်ရန်

ထိုမန္တဝေဒ၏ အဖွင့်ဖြစ်သော ဝေဒကျမ်းသည် ဗြဟ္မဝေဒမည်၏။

ထိုမန္တဝေဒ၌ ဆိုအပ်ပြီးသောနည်းဖြင့် ယဇ်ပူဇော်မှု အစီအရင်ကို ပြသော ဝေဒသည် ကပ္ပဝေဒမည်၏။ []

ဝေဒဟု ခေါ်ကြောင်း

ပြင်ဆင်ရန်

ထိုဣရု, ယဇု, သာမ ဟုဆိုအပ်သော ၃-ကျမ်းတို့ကိုပင်

  • “ဝိဒန္တိ ဓမ္မမေတေဟီတိ ဝေဒါ ဟူသော ဓာန်၊ဋီ၊၁၀၈-နှင့် အညီ တရားသိကြောင်း ဖြစ်သောကြောင့် လည်းကောင်း,
  • “ဝေဒံ ဝုစ္စတိ ဉာဏံ၊ ဝေဒေန ဝေဒိတဗ္ဗာ ဗုဇ္ဇိတဗ္ဗာတိ ဝေဒါ” ဟူသော အပ၊ဋ္ဌ၊၂၊၁၄၃-နှင့်အညီ ဉာဏ်ဖြင့်သိအပ်သောကြောင့်လည်းကောင်း,
  • “ဝိဒန္တိ ဓမ္မံ, ကမ္မံ ဝါ ဧတေဟီတိ ဝေဒါ” ဟူသော သီ၊ဋီ၊သစ်၊၂၊၂၂၁-နှင့်အညီ တရားကို (တစ်နည်း) ကံကို သိကြောင်းဖြစ်သောကြောင့်လည်းကောင်း, “ဝေဒ” ဟူ၍လည်းကောင်း၊

မန္တဟု ခေါ်ကြောင်း

ပြင်ဆင်ရန်
  • “မုနာတိ ဇာနာတိ ဓမ္မံ အနေနာတိ မန္တော” ဟူသော ဓာန်၊ဋီ၊၁၀၈-နှင့်အညီ တရားကိုသိကြောင်း ဖြစ်သောကြောင့်လည်းကောင်း,
  • “ဣရုဝေဒါဒယော ဟိ ဂုတ္တဘာသိတဗ္ဗတာယ ‘မန္တာ’ တိ ဝုစ္စန္တိ” ဟူသော ဝိမတိ၊၁၊၄၂-နှင့်အညီ လုံခြုံစွာဆိုအပ်သောကြောင့်လည်းကောင်း,
  • ဧဝ မန္တာ “သုဂတိယောပိ မုနန္တိ သုယျန္တိ စ ဧတေဟီ” တိ ကတွာ-ဟူသော သီ၊ဋီ၊သစ်၊၂၊၂၂၁-နှင့်အညီ သုဂတိဘဝ, ဒုဂ္ဂတိဘဝတို့ကို သိကြောင်း, ကြားနာအပ်ကြောင်း ဖြစ်သောကြောင့်လည်းကောင်း “မန္တ” ဟူ၍လည်းကောင်း၊

သုတိ, သိက္ခာ, ဝိဇ္ဇာဟု ခေါ်ကြောင်း

ပြင်ဆင်ရန်

“သုယျတေ ဓမ္မံ ဧတာယာတိ သုတိ” ဟူသော ဓာန်၊ဋီ၊၁၀၈-နှင့်အညီ တရားကို ကြားနာအပ် ကြောင်းဖြစ်သောကြောင့် “သုတိ”ဟူ၍ လည်းကောင်း၊

တယော ခေါ တာတ နာဂသေန ဝေဒါ သိက္ခာနိ နာမ” ဟူသော မိလိန္ဒ၊၉။ သိက္ခနံ သိဒ္ဓိယတီတိ ဝါ သိက္ခာ” ဟူသော နီတိ၊ သုတ္တ၊ ၁၁၄၀-တို့နှင့် အညီ သင်ကြားအပ်သော အတတ်ဖြစ်သောကြောင့် “သိက္ခာ” ဟူ၍လည်းကောင်း၊

ဝိဇ္ဇာတိ တယော ဝေဒါတိ ဝဒန္တိ တာယ ဣဓလောကတ္ထံ ပရလောကတ္ထံ ဉာယန္တိ” တိ ကတွာ-ဟူသော သံ၊ဋီ၊၁၊၂၅၈-နှင့်အညီ ပစ္စုပ္ပန်, တမလွန် နှစ်တန်သော အကျိုးကို သိကြောင်းဖြစ်သောကြောင့် “ဝိဇ္ဇာ” ဟူ၍ လည်းကောင်း ပရိယာယ်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြသည်။

ကျမ်းပြုကြသူများ

ပြင်ဆင်ရန်

ဣရု, ယဇု သာမဟူသောဝေဒ ၃-ကျမ်းတို့ကို အဋ္ဌက, ဝါမက, ဝါမဒေဝ, ဝေဿာမိတ္တ, ယမဒဂ္ဂိ, အင်္ဂီရသ, ဘာရဒွါဇ ဝါသေဋ္ဌ, ကဿပ, ဘဂု ဟူသော ရသေ့ (၁၀)ယောက်တို့သည် ဒိဗ္ဗစက္ခုအဘိညာဉ်၏ အခြံအရံဖြစ်သော ယထာကမ္မူပဂဉာဏ်ဖြင့် သတ္တဝါတို့၏ ကံသာလျှင် မိမိဥစ္စာရှိသည်၏ အဖြစ် စသည်ကိုလည်းကောင်း, မျက်မှောက်အားဖြင့် မြင်တတ်သည်၏ အဖြစ်ကြောင့် ဒိဗ္ဗစက္ခုအဘိညာဉ်နှင့်တူသော ပုဗ္ဗေနိဝါသဉာဏ်ဖြင့် လွန်လေပြီးသောကမ္ဘာ၌ ပုဏ္ဏားတို့၏ ဝေဒကျမ်းကို သရဇ္ဈာယ်ခြင်း အစီအရင်ကိုလည်းကောင်း ကြည့်ပြီး သူတစ်ပါးတို့အား သတ်ဖြတ်ညှဉ်းဆဲခြင်းကို မပြုကုန်မူ၍ ကဿပဘုရားရှင်၏ပါဠိတော်နှင့် တိုက်ဆိုင် နှီးနှောကုန်လျက် ဝေဒကျမ်းတို့ကို ရေးသား စီကုံးကြသည်။ နောက်ကာလ ပုဏ္ဏားတို့က ပါဏာတိပါတ စသည်တို့ကို ထည့်သွင်းပြီး ဝေဒ-၃ကျမ်းတို့ကို ဖျက်ဆီး၍ ဘုရားစကားတော်နှင့်ဆန့်ကျင်အောင် ပြုကြကုန်သည်။

ဘုရားပွင့်ရာကာလ၌ ဘုရားအဖြစ်ကို တန်ခိုးကြီးသော သတ္တဝါများသိကြစေရန်အတွက် ဘုရားမပွင့်မီကာလကပင် ကြိုတင်၍ ဘုရားရှင်၏လက္ခဏာကို ပြတတ်သော ဝေဒပုဒ်များကို သုဒ္ဓါဝါသဗြဟ္မာကြီးများက ဝေဒကျမ်းတို့၌ ထည့်သွင်းထားကြသည်။ ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံသောအခါမှ ဘုရားရှင်၏လက္ခဏာကို ပြတတ်သော ဝေဒများနှင့် တကွ ကျန်ဝေဒများ အစဉ်အတိုင်း ကွယ် ပျောက်ကြသည်။ []

သင်ယူပုံနှင့် ရနိုင်သော အကျိုးတရား

ပြင်ဆင်ရန်
  • ဝေဒကျမ်းတို့ကို သင်ယူသူတို့သည်—
  • တံ သဝိတု ဝရေဏိယံ၊
  • ဘဂ္ဂေါ ဝေဒဿ ဓီမဟိ၊
  • ဓီယော ယော နော ပစောဒယေ။ ဟူသော သာဝိတ္တီဂါထာကို ဦးစွာရွတ်ဖတ် သရဇ္ဈာယ် အပ်သည်။ []

ဝေဒကျမ်းများကို သင်ယူစဉ်ကာလ၌ (၄၈)နှစ်တို့ပတ်လုံး ဗြဟ္မစရိယခေါ် မေထုန်မှ ကြဉ်ရှောင်မှုအကျင့်ကို စောင့်ထိန်းကြရသည်။ []

ဝေဒကျမ်းကို လေ့လာပွန်းတီး တတ် မြောက်ပြီးသောအခါ၌ ကျော်စောမှု, အခြံအရံ ပေါများမှု, လာဘ်လာဘပေါများမှုဟူသော အကျိုးတို့ကို ရရှိခံစားရသည်။ []

လောကီကျိုးအနေဖြင့် ကျော်စောမှု စသောအကျိုးတို့ကို ရရှိခံစားရသော်လည်း လောကုတ္တရာအနေအားဖြင့်ကား— ဝေဒကျမ်းတို့သည် ငှက်ပျောတုံးကဲ့သို့ အပ၌သာ ပြေပြစ်ချောမော၍ အတွင်း၌ကား အနှစ်သာရ မရှိကြသောကြောင့် ဝေဒကျမ်းတို့ကို ရွတ်ဖတ် သရဇ္ဈာယ်၍ ဝေဒကျမ်းတို့၏ကမ်းတစ်ဖက်သို့ ရောက်စေကာမူ ထိုသူတို့၏ ဝေဒကျမ်းတို့ကို အားထုတ်မှုသည် အရှင်မဟာကဿပမထေရ်အား ရှိခိုးရသောကောင်းမှု၏ တစ်ဆယ့် ခြောက်ခုမြောက်သော အစိတ်ကိုမျှ မမီနိုင်ပေ။ []

ကျမ်း အရေအတွက်

ပြင်ဆင်ရန်

ဝေဒကျမ်းအရေအတွက်မှာ-ဣရု, ယဇု သာမဟူ၍ ၃-ကျမ်းဖြစ်သည်။ (တစ်နည်း)

ထို၌ အာထဗ္ဗဏကိုထည့်၍ ၄-ကျမ်းဖြစ်သည်။ (တစ်နည်း) ထို၌ ဣတိဟာသကိုထည့်၍ ၅-ကျမ်းဖြစ်သည်။

ဣတိဟာသကျမ်းကို ဝေဒကျမ်းတို့၌ ထည့်သွင်းရေတွက်သည်ကို “ပဉ္စဝေဒါ နာမ ဣရုဝေဒေါ, ယဇုဝေဒေါ, သာမဝေဒေါ, အာထဗ္ဗဏဝေဒေါ, ဣတိဟောသော စာတိ ဧဝံ ဣတိဟာသပဉ္စမာနံ ဝေဒါနံ” ဟူသော သံ၊ဋီ၊၁၊၁၁၆။ စကားအရ သိသာထင်ရှားလှပေသည်။ အာထဗ္ဗဏဝေဒသည် သူတစ်ပါးတို့ကို ညှဉ်းဆဲနှိပ်စက်ခြင်းကို ပြုတတ်သည်ဖြစ်၍ သူတော်ကောင်းတို့ မသုံးဆောင်ထိုက်သောကြောင့် ပါဠိတော်တို့၌ “တိဏ္ဏံ ဝေဒါနံ ပါရဂူ” စသည်ဖြင့် အာထဗ္ဗဏဝေဒကို ချန်လှပ်ထားခဲ့ခြင်းဖြစ်သည်။ [] []

ဝေဒသုံးပုံ

ပြင်ဆင်ရန်

ဟူ၍ ဖြစ်သည်၊ ထိုတွင် ရိဂ်ဝေဒသာ ပဓာနအကျဆုံး ဖြစ်သည်၊ ယင်းရိဂ်ဝေဒတွင် မီး, နေ, ဣန္ဒ, သောမ, ဝရုဏ, ပူရှန် စသော နတ်ဘုရားများ၏ တန်ခိုးအရှိန်အဝါကို ဖော်ပြချီးကျူးခြင်း ဆုတောင်းခြင်းမျှသာ ပါရှိသည်၊ ဆာမာန်ဝေဒ ဟူသည် ထိုရိဂ်ဝေဒထဲမှ ကောက်နုတ်ရွေးထုတ်၍ မီးပူဇော်ရာအခါ၌ ရွတ်ဆိုရမည့် ဂါထာ မန္တန်များ ပေါင်းထည့် စီစဉ်ထားသောကျမ်း ဖြစ်သည်၊ ယဂျုရ်ဝေဒ ဟူသည်မှာ ယဇ်ပူဇော်မှုနှင့် စပ်သော အစီအစဉ်, ယဇ်ပူဇော်ရမည့် ယဇ်ပုရောဟိတ်၏ ဂုဏ်အင်္ဂါ လက္ခဏာ စသည်များကို အထူးဖော်ပြသောကျမ်း ဖြစ်သည်၊ နောက်တိုးဖြစ်သော အာထရ်ဗဝေဒဟူသည်မှာ ရောဂါဝေဒနာလက္ခဏာများ ဖော်ပြခြင်း, ဆေးဝါးကုသခြင်း, အဆောင်အဖွဲ့များ စီရင်ခြင်းစသော အတတ်ပညာများ ထပ်မံဖြည့်စွက်လျက် အထက်ပါ ဝေဒသုံးပုံမှ ထိုက်သည့်အလျောက် ယူငင်သုံးစွဲလျက် စုစည်းစီစဉ်ထားသော ကျမ်းမျှသာ ဖြစ်သည်၊ ထို့ကြောင့် ထိုဝေဒသုံးပုံ(ဝါ)လေးပုံမှာ ဗုဒ္ဓဝါဒထဲသို့ အနည်းငယ်မျှပင် ပါဝင်လာစရာ မရှိပေ၊ အကြောင်းမူကား ဗုဒ္ဓရှင်တော်မြတ်သည် ဝေဒကို အလျဉ်းသင့်တိုင်း အနှစ်သာရမရှိကြောင်း အကြိမ်ကြိမ် ဟောတော်မူခဲ့သောကြောင့်တည်း။[၁၀]

  1. ဝေဒကျမ်း၊ ၃-ကျမ်း၊ ၄-ကျမ်း၊ ၅-ကျမ်း။ အဇ္ဈာယကော မန္တဓရော တိဏ္ဏံ ဝေဒါနံ ပါရဂူ --- ဣတိဟာသပဉ္စမာနံ။ ဒီ၊၁၊၈၂။ အံ၊၁၊၁၆၃။ အံ၊၂၊၁၉၇။ သုတ္တနိ၊၃၆၅။ အပ၊၁၊၃၉။ တိဏ္ဏံ ဝေဒါနန္တိ ဣရုဝေဒယဇုဝေဒသာမဝေဒါနံ။ --- ဣတိဟာသပဉ္စမာနန္တိ အာထဗ္ဗဏဝေဒံ စတုတ္ထံ ကတွာ “ဣတိဟ အသ, ဣတိဟ အသာ” တိ ဤဒိသဝစနပဋိသံယုတ္တော ပုရာဏကထာသင်္ခါတော ဣတိဟာသော ပဉ္စမော ဧတေသန္တိ ဣတိဟာသပဉ္စမာ၊ တေသံ ဣတိဟာသပဉ္စမာနံ ဝေဒါနံ။ ဒီ၊ဋ္ဌ၊၁၊၂၂၀။ အံ၊ဋ္ဌ၊၂၊၁၄၅-၆။ သုတ္တနိ၊ဋ္ဌ၊၂၊၁၆၉။ စူဠနိ၊ဋ္ဌ၊၁၃။ (သုတ္တနိ၊၃၆၀၊ ၄၃၂။ အပ၊၁၊၂၆။ စူဠနိ၊၅၆။ ဇာ၊၂၊၂၃၇။ မ၊ဋ္ဌ၊၁၊၁၇၈။ အဘိ၊ဋ္ဌ၊၁၊၆၆။ ဓမ္မ၊ဋ္ဌ၊၁၊၁၂၉။ ဓမ္မ၊ဋ္ဌ၊၂၊၂၃၀။ သုတ္တနိ၊ဋ္ဌ၊၂၊၁၅၄-၅။ အပ၊ဋ္ဌ၊၁၊၃၀၇)။
  2. (ဒီ၊ဋ္ဌ၊၁၊၂၂၁-၂။ ဝိမတိ၊၁၊၄၂။ သီ၊ဋီ၊သစ်၊၂၊၂၂၇)။
  3. အံ၊၂၊၁၉၇။ ဒီ၊ဋ္ဌ၊၁၊၂၂၁။ မ၊ဋ္ဌ၊၃၊၂၅၀။ အံ၊ဋ္ဌ၊၃၊၆၅-၆။ ဒီ၊ဋီ၊၁၊၂၉၂။ သီ၊ဋီ၊သစ်၊၂၊၂၂၈။ မ၊ဋီ၊၃၊၁၆၇။ အံ၊ဋီ၊၃၊၅၇။
  4. မ၊ဋ္ဌ၊၃၊၂၇၈။ ကျမ်းညွှန်း အ-ဝဂ် အပိုင်း (၄)၊ သာဝိတ္တီပုဒ်။
  5. အံ၊ဋ္ဌ၊၃၊၁၆၇။
  6. ဇာ၊ဋ္ဌ၊၃၊၂၂၃။
  7. ထေရ၊၃၆၄။ အံ၊ဋ္ဌ၊၁၊၁၅၆။ ထေရ၊ မြန်။ ၁၆၈။
  8. သံ၊၁၊၂၇။ ဒီ၊ဋ္ဌ၊၁၊၂၂၀။ မ၊ဋ္ဌ၊၁၊၁၇၈။ မ၊ဋ္ဌ၊၃၊၂၄၉။ သံ၊ဋ္ဌ၊၁၊၇၆။ အံ၊ဋ္ဌ၊၂၊၁၄၅-၆။ အပ၊ဋ္ဌ၊၁၊၃၀၇၊ ၃၀၉။ အပ၊ဋ္ဌ၊၂၊၉၀၊ ၁၄၃။ စူဠနိ၊ဋ္ဌ၊၁၃။ ဇာ၊ဋ္ဌ၊၅၊၄၈၈။ သီ၊ဋီ၊သစ်၊၂၊၂၂၀၊ ၂၂၃။ သံ၊ဋီ၊၁၊၁၁၆။
  9. တိပိဋကအဘိဓာန် အတွဲ-၂၀
  10. လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ