ဝေယံအောင် (၁၉၉၁ ခုနှစ်ဇူလိုင်လ ၂၂ ရက်ဖွား) သည်မြန်မာနိုင်ငံအလှမယ်ပြိုင်ပွဲလုပ်ငန်းရှင်နှင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူဖြစ်သည်။ သူသည် ဟန်ဇော်လတ် နှင့် တွဲဖက်၍ ရွှေမြေမြန်မာအလှမယ် ကို တည်ထောင်သူလည်းဖြစ်သည်။[၁]

ဝေယံအောင်
မွေးဖွား၂၂.၇.၁၉၉၁
မင်းဘူး, မြန်မာ
နိုင်ငံလူမျိုးမြန်မာ
အခြား အမည်များသီဟသူ
အလုပ်အကိုင်အလှမယ်ပြိုင်ပွဲ အမျိုးသားဒါရိုက်တာ
ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ
အဖွဲ့အစည်းရွှေမြေမြန်မာအလှမယ် တည်ထောင်သူ
မစ္စတာမြန်မာ တည်ထောင်သူ
ဝက်ဘ်ဆိုဒ်Wai Yan Aung

နိုင်ငံရေးလှုပ်ရှားမှုများ ပြင်ဆင်ရန်

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအာဏာသိမ်းပွဲအပြီးတွင် သူသည်လူထုစုဝေးပွဲများနှင့်လူမှုကွန်ရက်များမှတဆင့် လူကိုယ်တိုင် အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။ သူသည် စစ်တပ်အာဏာသိမ်းမှုကိုရှုတ်ချခဲ့ပြီး ဖေဖော်ဝါရီလမှစတင်ကာဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည်။ သူသည် "We Want Justice" လက်သုံးချောင်းဖြင့်အလေးပြုသည့်လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။ ထိုလှုပ်ရှားမှုအားဆိုရှယ်မီဒီယာတွင်စတင်ခဲ့ပြီး နာမည်ကြီးများစွာပါဝင်သည်။

စစ်တပ်ကအာဏာသိမ်းမှုကိုဆန့်ကျင်တယ်ဆိုပြီးနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရသူ့ကိုဖမ်းဖို့ဝရမ်းထုတ်ထားတယ်။ အခြားနာမည်ကြီးများစွာနှင့်အတူသူသည် Civil Disobedience Movement (CDM) တွင်ပါ ဝင်ရန်တောင်းဆိုခြင်းနှင့်ပြည်နယ်အုပ်ချုပ်မှုစွမ်းရည်ကိုပျက်စီးစေခြင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အားထောက်ခံခြင်းနှင့်တည်ငြိမ်အေးချမ်းမှုကိုအနှောင့်အယှက်ပေးခြင်းတို့ဖြင့်ပြည်သူများအားလှုံ့ဆော်မှုဖြင့်တရားစွဲဆိုခံခဲ့ရသည်။

စစ်ကောင်စီရဲ့ နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ Gen Z Burma အဖွဲ့ဝင် ဝေယံအောင်၊ ဟန်ဇော်လတ်နဲ့ Alvin တို့ အဖွဲ့ဟာ ရန်ကုန် မှာ ဆက်လက် နေထိုင်ရန်အတွက် အခက်အခဲ ရှိလာတာကြောင့် Free Burma Rangers အဖွဲ့ရဲ့ အကူအညီဖြင့် လွတ်မြောက်နယ်မြေနယ်စပ်တနေရာကို ရောက်ရှိနေကြသည်။ ထို လွတ်မြောက် တဲ့ ဒေသမှာလည်း တော်လှန်ရေးအတွက် ပြင်ဆင် ကြိုးစားနေကြဆဲဖြစ်သည်။[၂]

အစောပိုင်းဘဝနှင့် လုပ်ဆောင်မှုများ ပြင်ဆင်ရန်

ဝေယံအောင်ကို မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ မွေးဖွားခဲ့သည်။ သူသည် ရွှေမြေမြန်မာအလှမယ် ကို ၂၀၁၃ တွင်သူ၏သူငယ်ချင်း ဖြစ်သူ ဟန်ဇော်လတ်နှင့်အတူ တည်ထောင်ခဲ့ကြသည်။ ထိုအချိန်ကအသက် ၁၈ နှစ် အရွယ်ဟန်ဇော်သည် ကမ္ဘာ့အသက်အငယ်ဆုံး National Director ဖြစ်လာခဲ့သည်။[၃][ကိုးကားချက်လိုသည်]

ကိုးကား ပြင်ဆင်ရန်