မင်းဘူးမြို့

မြန်မာနိုင်ငံ၊မကွေးတိုင်းဒေသကြီးရှိမြို့
(မင်းဘူး မှ ပြန်ညွှန်းထားသည်)

မင်းဘူးမြို့ သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး မင်းဘူးနှင့် ဓားလွယ်ခုတ် မြစ်ကမ်းပါး စောက်ပေါ်တွင် မကွေးမြို့တည်ရှိပေသည်။ မြန်မာနိူင်ငံတွင် ရွှံ့မီးတောင်များ ရှိရာ အရပ်လည်းဖြစ်သည်။မင်းဘူးမြို့နယ်တွင် မင်းဘူးမြို့နှင့်စကုမြို့တို့ပါဝင်သဖြင့် မင်းဘူး(စကု)မြို့နယ်ဟူ၍ ခေါ်ဆိုကြသည်။မိုးအလွန်နည်း‌သောဒေသတွင် တည်ရှိ၍ ဆည်ရေကို အားထားရသည်။မင်းဘူး မြို့သည်ကုန်းဘောင်ခေတ်]]လောက်အထိ မင်းဘူးသည် ရွာကြီးတစ်ရွာ အဖြစ်တည်ရှိခဲ့ဟန် တူသည်။ ဇာတ်ကြီးဆယ်ဘွဲ့ မှ ၈-ဘွဲ့ကို စကားပြေဖြင့် ရေးသားသော မင်းဘူး ဦးဩဘာသ‎၏ ဇာတိလည်း ဖြစ်သည်။မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးနှင့်နဂါးပွတ်တောင်တော်တို့မှာ အထူးထင်ရှားသည့်မြို့ကျက်သရေဆောင်ဖြစ်ပေသည်။

မင်းဘူးမြို့
မြန်မာနိုင်ငံရှိ မြို့များ
မင်းဘူးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မင်းဘူးမြို့
မင်းဘူးမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 20°10′N 94°52′E / 20.167°N 94.867°E / 20.167; 94.867
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီးမကွေး
ခရိုင်မင်းဘူး
လတ္တီကျု(၂၀)ဒီဂရီ၊ (၁၀)မိနစ်
လောင်ဂျီကျု(၉၄)ဒီဂရီ၊ (၅၂)မိနစ်
မြို့နယ်ရုံးစိုက်ရာမြို့မင်းဘူးမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၁၈၈,၆၈၈[၁]
အချိန်ဇုန်မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ခေါ်တွင်ပုံ ပြင်ဆင်ရန်

  • မင်္ဂလာပူရ ခေါ် မင်းဘူးသည် မန်းချောင်းနှင့် ဧရာဝတီမြစ်တို့ ပူးဆုံရာဖြစ်၍ မန်းပူး ခေါ်ဆိုရာမှ မင်းပူးဟု တွင်လာသည်။
  • မိုးညှင်းမင်းတရားနှင့် ရှင်ဘို့မယ်တို့ တွေ့ဆုံရာအရပ် ဖြစ်သည်ကို အစွဲပြု၍ ခေါ်သော မင်းပူးဟု တွင်လာသည်။ [၂]

စီးပွားရေး ပြင်ဆင်ရန်

တောင်ယာလုပ်ကိုင်ခြင်း၊ပဲအမျိုးမျိုး၊နှမ်းနှင့်စပါးစိုက်ပျိုးခြင်းအားအဓိကထားလုပ်ကိုင်ကြသည်။ရေနံတူးဖော်ရေးလုပ်ငန်းနှင့် အစိုးရမဟုတ်သော လက်ရပ်တွင်းတူးဖော်ရေးလည်း အနည်းငယ်လုပ်ကိုင်သည်။

ထင်ရှားသည့်နေရာများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးJanuary 21, 2015 တွင် ပြန်စစ်ပြီး
  2. ဦးဖေမောင်တင်၏ မြန်မာစာပေ သမိုင်း