ဝေဿဘူဘုရား
သိခီမြတ်စွာဘုရားပရိနိဗ္ဗာန်ဝင်စံတော်မူပြီး၍ သာသနာကွယ်ပပြီးနောက် ဤမဏ္ဍကပ်ကမ္ဘာ၌ပင်လျှင် လူတို့၏သက်တမ်း (၇၀, ဝဝဝ) ခုနှစ်သောင်းတမ်းမှ (၁၀) နှစ်အထိ ဆုတ်ယုတ် လာသည်။ ထို(၁၀) နှစ်တမ်းမှ အသင်္ချေယျတမ်းထိ တရွေ့ရွေ့တက်သွားပြန်သည်။ ထိုအသင်္ချေယျတမ်း မှ တရွေ့ရွေ့ဆုတ်ယုတ်လာပြန်ရာ အနှစ်(၆၀, ဝဝဝ) ခြောက်သောင်းတမ်းသို့ရောက်သောအခါ ဝေဿဘူဘုရားအလောင်းတော်သည် ပါရမီတရား ကျင့်ပွားပြီးမြောက်၍ တုသိတာနတ်ပြည်မှ လူ့ပြည်သို့ ဘုရားဖြစ်ရန် ဆင်းသက်ခဲ့သည်။
ဖြစ်တော်စဉ်
ပြင်ဆင်ရန်အနောမမြို့တော် သုပ္ပတီတ မင်းကြီး၏ အကျင့်သီလ နှင့်ပြည့်စုံ သော ယသဒေဝီ မိဖုရားကြီး၏ ဝမ်းကြာတိုက်၌ သန္ဓေစွဲ၍ အနူပမဥယျာဉ်တော် တွင်း၌ ဖွားမြင်တော်မူသည်။
အလောင်းတော်ဖွားမြင်စအခါတွင် “အဂ္ဂေါဟသ္မိ လောကဿ”စသော စကားကြီး သုံးခွန်းကိုဆိုတော်မူခြင်းကို အကြောင်းပြုကာ ဝေဿဘူမင်းသားဟု ဆွေမျိုးများက မှည့်ခေါ်ကြသည်။ အလောင်းတော်မင်းသား အရွယ်ရောက်သောအခါ သုစိတ္တာဒေဝီ အမှူးပြုသော မောင်းမမိဿံများ ခြံရံလျှက် ရုစိ၊ သုရုစိ၊ ရတိဝဍ္ဎန နန်းမသုံးဆောင်တို့၌ ဆောင်း၊ နွေ၊ မိုး ဥတုသုံးလီမျှစွာစံကာ သားတော်သုပ္ပဗုဒ္ဓ မင်းသားဖွားမြင်သည့် တိုင်အောင် အနှစ်(၆၀၀၀)ခြောက်ထောင် ကာလပတ်လုံး ရွှေနန်းစည်းစိမ်ချမ်းသာကို ခံစားစံစားတော်မူသည်။ ထိုသို့ခံစားစံစားနေတော်မူစဉ် ဥယျာဉ်ကစား ထွက်တော်မူရာမှ နိမိတ်ကြီးလေးပါးကို ရှု့မြင်ရလျှင် ထိတ်လန့်မှု သံဝေဂထင်ကာ ရွှေထမ်းစဉ်(ဝေါယဉ်) စီးကာ တောထွက်လာပြီး ဒုက္ကရစရိယာ အကျင့်ကို (၆) လကြာကျင့်ပွား၍ သာလရုက္ခဗောဓိ-အင်ကြင်းပင်ဗောဓိ၌ အမှီပြုကာ သဗ္ဗညုတဉာဏ်တော်ကို ရလျှင် သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ်ဖြစ်တော်မူသည်။
ဂေါတမဘုရားအလောင်းတော်
ပြင်ဆင်ရန်ဝေဿဘူမြတ်စွာဘုရား လက်ထက်တော်အခါ၌ ဂေါတမဗုဒ္ဓလောင်းလျာသည် သုဒဿနမည်သော မင်းဖြစ်၍ အလှူကြီးပေးလှူပြီးနောက် ဘုရားရှင်သာသနာတော်၌ ရဟန်းပြုတော်မူသည် အနုမောဒနာပြုစဉ် မြတ်ဘုရားက ဤရဟန်းသည်နောက်(၃၁)ကမ္ဘာထက်၌ ဂေါတမဗုဒ္ဓ ဘုရားဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ် မိန့်ကြားတော်မူသည်။
တပည့်သာဝကများ
ပြင်ဆင်ရန်- အဂ္ဂသာဝကကြီး ယာ+ဝဲ (၂)ပါး-အရှင်သောဏထေရ်၊ အရှင်ဥတ္တရထေရ်တို့တည်း။
- အနီးနေ ပြုစု လုပ်ကျွေးသောရဟန်းကား-အရှင်ဥပသန္တ ထေရ်တည်း။
- အဂ္ဂသာဝိကာမကြီး ယာ+ဝဲ (၂)ပါး-အရှင်မ ရာမာထေရီ၊ အရှင်မ သမာလာထေရီတို့တည်း။
- အဂ္ဂဒါယကာကြီး (၂) ဦး-သောတ္ထိကသူဋ္ဌေး၊ ရမ္ဘသူဋ္ဌေတို့တည်း။
- အဂ္ဂဒါယိကာမကြီး (၂) ဦး-ဂေါတမီဥပါသိကာမ၊ သိရီမာဥပါသိကာတို့တည်း။
ဝေဿဘူဘုရားရှင်၏အရပ်တော်(ဉာဏ်တော်)မှာ အတောင်(၆၀)ရှိ၍၊ ကိုယ်တော်မှထွက်သော ရောင်ခြည်တော်ကား-သုံးယူဇနာပျံ့နှံ့ကွန့်မြူး၏။ ဤသို့လျှင်-ဝေဿဘူ ဘုရားရှင်သည် ဗုဒ္ဓကိစ္စငါးပါးတို့ကို ကျင့်ပွားဆောင်ရွက်ပြီးနောက် သက်တော် (၄၈, ဝဝဝ)လေးသောင်းရှစ်ထောင်သို့ ရောက်သောအခါ ဥသဘဝတီမြို့တော်အနီး ခေမဥယျာဉ်တော်ကြီးအတွင်း၌ ပရိနိဗ္ဗာန်ဝင်စံ ဇာတ်သိမ်းတော်မူပါသတည်း။ . . . .
၂၄။ ဝေဿဘူ-ဘုရားရှိခိုး+ဆုတောင်းဂါထာ
ပြင်ဆင်ရန်- ဝေဖုလ္လ မဟတ္တံ ပတ္တံ၊ ဝေရဘဂ္ဂ ပဘင်္ကရံ။
- ဝေဿဘုံ သယမ္ဘုံ ဝန္ဒေ၊ သော မေ ဒေတု ဇိနော ဇယံ။ [၁]
- ဝေဿဘူဗုဒ္ဓဝင်ကို ကြည့်ပါ။
- ဝေဿဘူဘုရားရှင်ကို ကြည့်ပါ။