သင်းခွေချပ်

နို့တိုက်သတ္တဝါ မျိုးစဉ်
သင်းခွေချပ်
(အင်္ဂလိပ်: Pangolin)
Temporal range: 64.15–0 Ma
Early Paleocene – present[၁]
Pholidota.jpg
pangolins from families Manidae, Patriomanidae, Eomanidae and Eurotamanduidae
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
Mirordo-mb: Ferae
Clade: Pholidotamorpha
မျိုးစဉ်: Pholidota
Weber, 1904
အုပ်စုခွဲများ
[see classification]
Minus ranges.png
Ranges of living species
Synonyms

သင်းခွေချပ်(Pangolin)သည် အကြေးခွံပါသော သတ္တဝါတစ်မျိုးဖြစ်သည်။ များသောအားဖြင့် သင်းခွေချပ်များ၏ ခန္ဓာကိုယ်ကို မာကျောသောအကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ထိုအကြေးခွံများသည် တစ်ခုနှင့်တစ်ခု ထိစပ်နေပြီး ခန္ဓာကိုယ်ကို အခြားပြင်ပအန္တရာယ်များမှ ကာကွယ်နိုင်ရန် သံချပ်ကာဝတ်စုံသဖွယ် ဖန်တီးပေးထားသည်။ အန္တရာယ်နှင့်ကြုံလာသောအခါ သင်းခွေချပ်များသည် ဘောလုံးသဖွယ် ကိုယ်ကိုလုံးလိုက်ခြင်းအားဖြင့် မာကျောသော အလုံးကြီးဖြစ်သွားသည်။

Pangolin bw.gif

သင်းခွေချပ်တို့သည် ဤနည်းအားဖြင့် အသက်ရှင်ရပ်တည်နေကြသည်။ အချို့သော သင်းခွေချပ်များသည် သစ်ပင်တက်တတ်သော်လည်း အများစုမှာ မတက်တတ်ကြပေ။ သင်းခွေချပ်သည် နှုတ်သီးရှည်၍ ပုရွက်ဆိတ်စားကောင် (Anteater)နှင့် သဏ္ဌာန်တူသည်။ ပုရွက်ဆိတ်စားကောင် (Anteater)သည် အကြေးခွံမပါပဲ အမွှေးများပါရှိသည်။[၅]

အင်္ဂလန်ဘုရင် ဂျော်ဂျီ(၃)၏ သင်းခွေချပ် သံချပ်ကာဝတ်စုံ၊ ၁၈၂၀-ခု

သင်းခွေချပ်ပြင်ဆင်

သင်းခွေချပ်သည် အမေရိကတိုက်တွင်တွေ့ရသော မျောက်ပျင်းပုရွက်ဆိတ်စားကောင်နှင့်အာမာဒီလိုကောင်တို့နှင့်အတူ ဖော်လီဒိုးတားမျိုးစဉ်ဝင် သွားမရှိသည့် နို့တိုက်သတ္တဝါ ချင်းတူသော်လည်း မျိုးရင်းကားမတူချေ။ သင်းခွေချပ်သည် မင်နီဒီး မျိုးရင်းတွင်ပါဝင်၍ ပါဏဗေဒအလိုအရ မေနစ်ကရပ်စီကော်ဒေးတား ဟုခေါ်သည်။[မွမ်းမံရန် လိုအပ်?]

သင်းခွေချပ်များကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ၊ အရှေ့အိန္ဒိယကျွန်းစုနှင့် အာဖရိကတိုက်ရှိ ဆဟားရားသဲကန္တာရ တောင်ပိုင်းဒေသများတွင် တွေ့ရသည်။ သင်းခွေချပ်သည် ဦးခေါင်းမှကိုယ်ထည်အထိ အမြီးမပါဘဲ နှစ်ပေမှနှစ်ပေခွဲ အထိရှည်၍ အမြီးသပ်သပ်သည် တစ်ပေခွဲရှည်သည်။

သင်းခွေချပ်အမျိုးမျိုးရှိရာ အမြီးသည် အချို့အမျိုးတွင် ကိုယ်ထည်တစ်ခုလုံးထက်တို၍ အချို့အမျိုးတွင်နှစ်ဆမျှ ရှည်သည်လည်းရှိတတ်သည်။ သင်းခွေချပ်၏ ဝမ်းပိုက်ပိုင်းမှတစ်ပါး အခြားကိုယ်ထည်တစ်ခုလုံးသည် အိမ်အမိုးတွင်အုတ်ကြွပ်ပြားများ မိုးထားသကဲ့သို့ မာကျောသောအကြေးခွံကြီးများဖြင့် တစ်ခုနှင့်တစ်ခု အနားချင်းထပ်ကာ ဖုံးအုပ်လျက်ရှိနေလေသည်။ အရောင်မှာ အညိုရင့်ရောင်ဖြစ်သည်။ နှာတံရှည်၍ချွန်သည်။ အပြင်သို့ထုတ်နိုင်သောရှည်၍ စေးကပ်သည့်လျှာလည်း ရှိသည်။ ခြေလက်တိုသည်။ သင်းခွေချပ်သည် မိမိကိုယ်ကိုမိမိခုခံကာကွယ်သည့်အခါ တစ်ကိုယ်လုံးကို ဘောလုံးကဲ့သို့လုံးနေ အောင်ကွေးလိုက်ရာ တော်ရုံတန်ရုံအားဖြင့်ပြန်၍ မဆန့်နိုင်ချေ။ အကြေးခွံများသည် အကာအကွယ်လက်နက် သဖွယ်ကြံ့ကြံ့ခံနိုင်လေသည်။ ဝမ်းပိုက်ပိုင်းတွင် အမွှေးကြမ်းများ ကျိုးတိုးကျဲတဲပေါက်၍ အကြေးခွံများ ကြားတွင်လည်း အနည်းငယ်စီရှိကြသည်။

သင်းခွေချပ်များသည် များသောအားဖြင့် မြေတွင်းအောင်း၍ နေကြပြီးလျှင် ခြနှင့်ပရွက်ဆိပ် တောင်ပို့များကိုတူးကာ ခြ၊ ပရွက်ဆိပ်နှင့်ယင်းတို့၏ဥများကိုသာ အဓိကထား၍ စားသောက်ကြသည်။ ဤသို့တောင်ပို့များကိုတူးနိုင်ရန်ရှည်၍ အနည်းငယ်ကောက်နေသော လက်သည်းခြေသည်းများရှိသည်။ မြေတူးရာ၌ရှေ့လက်နှင့်တူးသောကြောင့် ရှေ့လက်သည်းများသည် နောက်ခြေသည်းများထက် ရှည်သည်။

ခြတောင်ပို့တစ်ခုကိုတွေ့သည့်အခါ ရှေ့လက်ရှိသန်မာသော လက်သည်းများနှင့်ပြိုအောင်ဖြိုပြီးလျှင် ခြအုံ ရှိရာတွင်းထဲသို့ ချွန်နေသောနှာတံကိုထိုးသွင်း၍ စေးကပ်လျက်ရှိသော လျှာရှည်ဖြင့် လျက်ကာလျက်ကာ ခြများကိုမျိုသွင်းလေသည်။ လမ်းလျှောက်သည့်အခါသင်းခွေချပ်သည် ခါးကို အနည်းငယ် ကုံးထားပြီးလျှင်အမြီးကိုထောင် ထားတတ်သည်။ နောက်ခြေများဖြင့် ပတပ်ရပ်၍ အဘက်ဘက်သို့ကြည့်နိုင်သည်။ သင်းခွေချပ်သည် မြေကြီးပေါ်၌ကျက်စားလေ့ရှိသော်လည်း သစ်ပင်ပေါ်သို့လည်း အလွယ်တကူတက်နိုင်သည်။ သစ်ပင်ပေါ်၌လည်း ပုရွက်ဆိတ်များကို လိုက်လံစားသည်။ သစ်ပင်တက်ရာ၌ ဝက်ဝံကဲ့သို့ ရှေ့လက်သည်းများနှင့်ကုပ်တွယ်၍ ဖက်တက်သည့်အပြင် အမြီးဖြင့်လည်း သစ်ကိုင်းတွင်လိမ်ထားသေးသည်။ သင်းခွေချပ်၏မျက်စိ များသည်ငယ်၍ နားရွက်မှာမရှိသလောက်ဖြစ်သဖြင့် အမြင်မသန်သည့်အပြင် ကောင်းကောင်းလည်း မကြားချေ။ အရှေ့တောင်အာရှတိုင်းပြည်များတွင် တွေ့ရသော သင်းခွေချပ်များသည် ညဉ့်အခါမှသာတွင်းမှ ထွက်၍သွားလာ ကျက်စားတတ်သောကြောင့် နေ့တွင်တွေ့ရခဲသည်။ နေ့အချိန်၌ကား မြေတွင်းထဲ၌ဖြစ်စေ၊ ကျောက်တုံးကျောက်ဆောင်များကြားတွင်ဖြစ်စေ ကွေး၍နေတတ်ကြသည်။

အိပ်သည့်အခါ ဦးခေါင်းကိုလုံးနေအောင် ကွေးထားသည့်ရှေ့ခြေနှင့်အမြီးကြားတွင်ထား၍အိပ်သည်။ မွေးခါစသင်းခွေချပ်ကလေးများသည်အကြီးမြန်၍ အကြေးခွံကလေးများမှာ ပျော့နေသည်။ ၁၈ လက်မခန့် ရှည်သောသင်းခွေချပ်သားငယ်ကလေးသည် အမိနို့ရည်ကိုစို့ရင်း လေးလအတွင်း အလေးချိန်နှစ်ဆအထိ တိုးလာလေသည်။ မိခင်သင်းခွေချပ်သည် သားကလေးအား အမြီးပေါ်တင်၍ သွားရာသို့သယ်ဆောင်သွားလေ့ရှိသည်။ သားငယ်ကလည်းမိခင်၏ အမြီးတွင်ကန့်လန့်ဖြတ်ထိုင်၍ လက်သည်းများဖြင့်ကုပ်တွယ်ထားသည်။ အကြောင်းတစ်ခုခုကြောင့် ထိတ်ထိတ်လန့်လန့် ဖြစ်ခဲ့သော် မိခင်သည်လုံးနေအောင် ကွေးလိုက်ပြီးလျှင်သားငယ်ကို ရင်ခွင်တွင်ထား၍ ကာကွယ်စောင့်ရှောက်တတ်သည်။ သင်းခွေချပ်အသားသည် အလွန်ကောင်းသည်ဆိုကာ အချို့လူများကြိုက်နှစ်သက်ကြသည်။[၆]

ကိုးကားပြင်ဆင်

  1. "Odontogenic ameloblast-associated (ODAM) is inactivated in toothless/enamelless placental mammals and toothed whales" (December 2019). BMC Evolutionary Biology 19 (1): 31. doi:10.1186/s12862-019-1359-6. PMID 30674270. 
  2. Zagorodniuk, I. (2008.) "Scientific names of mammal orders: from descriptive to uniform" Visnyk of Lviv University, Biology series, Is. 48. P. 33-43
  3. E. D. Cope. (1889.) "The Edentata of North America." American Naturalist 23(272):657–664
  4. Arthur Sperry Pearse, (1936.) "Zoological names. A list of phyla, classes, and orders, prepared for section F, American Association for the Advancement of Science" Duke University Press
  5. The Best Ever Book of Questions & Answers.
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)