သင်္ဃန်းကျွန်းမြို့နယ်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ မြို့နယ်

သင်္ဃန်းကျွန်းမြို့နယ် (မွန်: ကအ်သၚ် (ဝါ) ကံသၚ်) သည် ရန်ကုန်မြို့၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ သင်္ဃန်းကျွန်းမြို့နယ်၏ မြောက်ဘက်တွင် တောင်ဥက္ကလာပမြို့နယ်၊ အရှေ့ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနောက်ဘက်တွင် ရန်ကင်းမြို့နယ်နှင့် တာမွေမြို့နယ်၊ တောင်ဘက်တွင် သာကေတမြို့နယ်တို့ တည်ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်
Skyline of သင်္ဃန်းကျွန်းမြို့နယ်
သင်္ဃန်းကျွန်းခရိုင်အတွင်း တည်နေရာ
သင်္ဃန်းကျွန်းခရိုင်အတွင်း တည်နေရာ
သင်္ဃန်းကျွန်းမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သင်္ဃန်းကျွန်းမြို့နယ်
သင်္ဃန်းကျွန်းမြို့နယ်
သင်္ဃန်းကျွန်းမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°49′41″N 96°11′3″E / 16.82806°N 96.18417°E / 16.82806; 96.18417ကိုဩဒိနိတ်: 16°49′41″N 96°11′3″E / 16.82806°N 96.18417°E / 16.82806; 96.18417
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ရန်ကုန်
ခရိုင်သင်္ဃန်းကျွန်း
စာပို့သင်္ကေတ၁၁၀၇၁၊ ၁၁၀၇၂

ခေါ်တွင်ပုံ

ပြင်ဆင်ရန်

မွန်ဘာသာအရ သံဃာကျွန်းဟု အဓိပ္ပာယ်ရသည်။[] သင်္ဃန်းကျွန်းသည် ကံသင်၊ ကအ်သင်-ဆိုသော မွန်ဝေါဟာရမှ ဆင်းသက်လာပြီး ကံ၊ ကအ်-က ကျွန်း၊ သင်-က သင်္ဃာ၊ သင်္ဃာတော်တွေ စုဝေးနေထိုင်ရာဖြစ်၍ သင်္ဃန်းကျွန်း (သင်္ဃာကျွန်း) ခေါ်သည် ဟု အဆိုအမိန့်တွေရှိသည်။ [] သင်္ဃန်းကျွန်းသည် "သင်္ဃန်းပင်ကျွန်း"မှ ရွှေ့လျားလာသော အမည်။ [] သင်္ဃန်းကျွန်းမြို့နယ်ကို ရပ်ကွက်ပေါင်း (၃၈)ခုဖြင့် ဖွဲ့စည်းထားသည်။ အစိုးရ မူလတန်းကျောင်း (၄၀) ကျောင်း၊ အလယ်တန်းကျောင်း (၄) ကျောင်း၊ အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။


ထင်ရှားသော အဆောက်အဦးများ

ပြင်ဆင်ရန်

သင်္ဃန်းကျွန်းမြို့နယ်တွင် ကျိုက္ကဆံ ဆံတော်ရှင်စေတီ‌တော်ကျိုက်ဒေးယျုံစေတီတော်ရွှေနားပန်ဘုရားသံယုတ်ဘုန်းကြီးကျောင်းစိန့်ဂျိုးဇက်ခရစ်ယာန်ဘုရားကျောင်း သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်သွားဘက်‌ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)သုဝဏ္ဏအမျိုးသားအားကစားရုံသုဝဏ္ဏအမျိုးသားဘောလုံးကွင်းသုဝဏ္ဏဘူမိအခမ်းအနားပြင်ဆင်ကျင်းပကွင်းThe One Entertainment အခမ်းအနားပြင်ဆင်ကျင်းပကွင်းစံပြဆေးရုံအောင်ရတနာပုဂ္ဂလိကအထူးကုဆေးရုံသင်္ဃန်းကျွန်းဈေးစံပြဈေးAKK ဈေးဝယ်စင်တာCity Mart SupermarketOrange Shopping Center တို့ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အအုံများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။

အမည် အမျိုးအစား လိပ်စာ မှတ်ချက်
ကျိုက္ကဆံ ဆံတော်ရှင်စေတီတော် ဘုရား ကျိုက္ကဆံဘုရားလမ်း
စိန့်ဂျိုးဇက် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၁-၃၊ သီရိမာရီယာလမ်း
သံယုတ်ဘုန်းကြီးကျောင်း ဘုန်းကြီးကျောင်း ကျောက်စာတိုင်လမ်း
ကျိုက်ဒေးယျုံစေတီ (သို့) အာနန္ဒာစေတီ ဘုရား ဆ/ခ ရပ်ကွက်
  1. ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း
  2. မောင်ခင်မင် (ဓနုဖြူ) (မင်္ဂလာမောင်မယ် ၂၀၁၀-ပြည့် ဇူလိုင်လ)
  3. မောင်မြတ်မွန်(ဆူးလေ)၏ မြို့ရိုး/ခံတပ်ကြောင့် သမိုင်းတွင်ခဲ့တဲ့မြို့နယ်