မြန်မာကာတွန်းဆရာတစ်ဦးဖြစ်သူ ကာတွန်းဦးသန့်စင်ကို (၁၉၅၃)ခုနှစ်၊ မေလ(၄)ရက်တွင် မွေးဖွား ခဲ့သည်။ အဖ ဦးပေါ်ကြင်၊ အမိ ဒေါ်ချိုယဉ်တို့၏ သားဖြစ်သည်။ ကာတွန်းပညာကို အစ်ကိုရင်းဖြစ်သူ ကာတွန်းမောင်မောင်ထံမှ သင်ကြားဆည်းပူးခဲ့သည်။ (၁၉၇၁)ခုနှစ်၊ လုပ်သားသတင်းစာတွင် ကာတွန်းစတင်ရေးဆွဲသည်။ ဘဲဥဇာတ်ကောင်အမည်ဖြင့် ရေးဆွဲသော စာမဲ့ကာတွန်း စာအုပ်များ အောင်မြင်ခဲ့သည်။ စာနယ်ဇင်းများတွင် ကာတွန်းများ ရေးဆွဲခဲ့သည်။[၁] ၂၀၂၂ ခုနှစ် ဧပြီ ၁၂ ရက်နေ့တွင် ကွယ်လွန်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ကာတွန်းဝင်းအောင်၏ မြန်မာကာတွန်းပေါင်းချုပ်